ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့ ဥပဒေဒဆိုင်ရာတို့
အတွက်၆ ကြိမ်မြောက် စင်ကာပူ-မြန်မာ ပူးတွဲ ၀န်ကြီး အဆင့် လုပ်ငန်း
ကော်မတီ အစည်းအဝေးကို နှစ်နိုင်ငံ သဘောတူညီချက်
များချမှတ်နိုင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မရသိရပါတယ်။
မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
ဥက္ကဌ ဦးကျော်ဝင်းဦးဆောင်ပါဝင်ခဲ့ပြီး အဆိုပါ
အစည်းအဝေးမှာ မြန်မာ-စင်ကာပူ စီးပွားရေး ဆက်ဆံရေး
အတွက် အုတ်မြစ်တစ်ခုဖြစ်ပါတယ်။
ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့ ဥပဒေဆိုင်ရာ
တို့အတွက် အဓိက ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့ပြဆိုင်ရာ
ပြဿနာ ဖြေရှင်းချက်များ၊ သယ်ယူပို့ဆောင်ရေးနဲ့
ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနဲ့
ဥပဒေဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းကဏ္ဍ ၅ ရပ်အတွက်
လည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးအတွက်
ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ်အတွင်း
ကြေညာခဲ့တဲ့ ကြေညာချက်အရ ရင်းနှီးမြှုပ်နှံသူတွေ
အတွက် ပိုမို လွယ်ကူတဲ့ ၀န်းကျင်တစ်ခုဖန်တီးပေးရေးနဲ့
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးမှု
မြှင့်တင်ရေးတို့ ဆောင်ရွက်ရန် ပါဝင်ပါတယ်။
ယခုအစည်းအဝေးမှာ နှစ်နိုင်ငံလုံးက ရင်းနှီးမြှုပ်နှံမှု
သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုများကို ယခုနှစ်ကုန်ပိုင်းမှာ
အပြီးသတ် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။
မြန်မာ-စင်ကာပူအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု
မြှင့်တင်ရေးဆိုင်ရာ သဘောတူစာချုပ်၊ နိုင်ငံတကာ
စံချိန်စံညွှန်းများအပေါ် အခြေခံသော အသိအမှတ်ပြု
အဖွဲ့အစည်းများရဲ့ အတည်ပြု စစ်ဆေးခြင်းများအတွက်
ကျွမ်းကျင်မှု ဖလှယ်ရေး သဘောတူစာချုပ်တို့ကို နှစ်နိုင်ငံ
ချုပ်ဆိုခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာ-စင်ကာပူအကြား ကုန်သွယ်မှုမှာ
အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံ အထိ ရှိခဲ့ပြီး
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံ
အတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ခဲ့တဲ့ နိုင်ငံ လည်း
ဖြစ်ပါတယ်။
Credit: SFJ Strategy First