ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ဆောင်ရွက် ရာ တွင် ဘူတာ ၃၇ ခုနှင့် လူကူးခုံးကျော် တံတားလေးစင်း အဆင့်မြှင့်တင် ရန် ပြည်ထောင်စုဘတ်ဂျက် ကျပ် ၅၇ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ မြို့ပြစီမံကိန်း အင်ဂျင်နီယာဌာနထံမှ သိရသည်။
“မြို့ပတ်ဘူတာက ၃၈ ခုရှိတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တုန်း က ပြည် လမ်းဘူတာ တစ်ခုက ပြီးခဲ့တယ်။ အခု ကျန်တာ ဆက်လုပ်မှာပါ။ လူကူး ခုံးေ ကျာ်တံတားက နိမ့်နေတာကို မြှင့်မှာပါ” ဟု မြို့ပြစီမံကိန်း အင်ဂျင်နီယာဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မြင့်က ဆိုသည်။
ဘူတာများ အဆင့်မြှင့်တင်ရာတွင် ပထမဦးစွာ ရန်ကုန်၊ ကြည့်မြင်တိုင်၊ အင်း စိန်၊ တညင်းကုန်း ဘူတာများကို အဆင့်မြှင့်မည်ဖြစ်ပြီး ထပ်မံ၍ ရန်ကုန်၊ တာမွေ၊ မင်္ဂလာဒုံ၊ မင်္ဂလာဒုံဈေး၊ တညင်းကုန်း ဘူတာကို ပြင်ဆင်မည် ဖြစ်ေ ကြာင်း၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံ၊ လှည်းတန်း လူကူးခုံးကျော် တံတားများ ကို ပြန်လည်မြှင့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အဆင့်မြှင့်တင်တဲ့အထဲမှာ ပလက်ဖောင်းတွေ၊ ခြံစည်းရိုးတွေ၊ ရေမြောင်းေ တွကိုပါ ထည့်သွင်းဆောင်ရွက်မှာ ဖြစ်တယ်။ ဒီအတွက် တင်ဒါခေါ်ယူ ထား တယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ အဆင့်မြှင့်တင်ရာတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ် ယူ ထားရာ ဇွန်လကုန် တင်ဒါပိတ်မည်ဖြစ်ပြီး ဇူလိုင်လတွင် ရွေးချယ် မည်ဖြစ် ကာ အောက်တိုဘာလတွင် စတင်နိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြစီမံကိန်း အင်ဂျင်နီယာ ဌာနထံမှ သိရသည်။
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင်တင်ခြင်း စီမံကိန်းအတွက် ဧပြီလ ၃ ရက်က စတင်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါ လျှောက်လွှာဝယ်ယူသည့် ကုမ္ပဏီ ၁၂ ခုကျော် ရှိကြောင်း မြန်မာ့မီးရထား (ထောက်ပံ့ဌာန) ဒုတိယအထွေထွေ မန်နေဂျာ ဦးကျော်မိုးဇော်က ပြောကြားသည်။
Credit: The Voice