အရောင်းအဝယ်အေးသော်လည်း ပြည်တွင်းရွှေဈေးအမြင့်
ပိုင်းမှာ ဆက်လက်ရပ်တည်နေတယ်လို့ ပြည်တွင်း
ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့ဒေါ်လာငွေလဲလှယ်နှုန်းတွေ အမြင့်မှာ ရှိနေတာကြောင့် ပြည်တွင်းရွှေဈေးက ကျပ် ၉ သိန်း ၁ သောင်းဝန်းကျင်မှာ ဈေးဆက်လက်မာနေပြီး ပြန်
လည်ကျဆင်းမဲ့ အလားအလာမမြင်မိဘူးလို့ တိတ်
စိန်ရွှေ ဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်ကပြောပါတယ်။
“ပြည်တွင်းဒေါ်လာဈေးတက်နေသလို ကမ္ဘာ့ဒေါ်လာဈေး ကလည်းအတက်ဘက်မှာရှိနေတာကြောင့် ရွှေဈေးက ၉ သိန်းကျော်နေတာ၊ ဈေးကပြန်ကျဖို့တော့ မမြင်မိဘူး၊ ဒီဈေး
နဲ့ပဲ ဆက်သွားမယ့်အလားလာတော့ရှိနေတယ်” လို့ တိတ်
စိန်ရွှေဆိုင်မှ ဦးဇော်အောင်ကပြောပါတယ်။
ရွှေဈေးမြင့်တာကြောင့် ဈေးကွက်အေးနေပြီး ရွှေဈေးကတော့ ကျဆင်းလာခြင်းမရှိဘူးလို့လည်း ရွှေဘုံသာလမ်း အခြေစိုက်
ရွှေဆိုင်လုပ်ငန်းရှင်တွေထံကသိရပါတယ်။
ဇွန်လ ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၉ သိန်း ၆ ထောင်ဝန်းကျင်သာရှိပေမယ့် ကနေ့ရဲ့ အခေါက်ရွှေတစ်ကျပ်
သားကို ကျပ် ၉ သိန်း တစ်သောင်းတစ်ထောင်အထိရှိ
တာကြောင့် ဈေးကွက်ကွာဟမှုက နှစ်ပတ်အ တွင်း ကျပ် ၅၀၀၀ ကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ရွှေဈေးက ဒေါ်လာဈေးနဲ့ကမ္ဘာ့ရွှေဈေးအပေါ်မူတည်
လျက်ရှိရာ ဇွန်လ ၁ ရက်နေ့ ကမ္ဘာ့ရွှေတစ်အောင်စကို ၁၂၆၆ ဒေါ်လာအထိရှိခဲ့ပြီး ယင်းနေ့ရဲ့ငွေလဲလှယ်နှုန်း
က တစ်ဒေါ်လာကို ၁၃၅၂ ကျပ်မှာရှိခဲ့ပါတယ်။ လက်ရှိ
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၂၅၅ ဒေါ်လာမှာရှိပေမယ့်
ငွေလဲလှယ်နှုန်းက တစ်ဒေါ်လာကို ၁၃၅၆ ကျပ် ဝန်းကျင်
မှာရှိနေပါတယ်။
Credit: SFJ Strategy First