ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်ပေပတ်လည် အိမ်ခြံမြေဈေးနှုန်းတွေ ကို ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က စက်တင်ဘာနှောင်းပိုင်းက တည်းက သတ်မှတ်ထားပေမဲ့ အိမ်ခြံမြေဈေးကွက်မှာ ကြိုက်ရောင်းကြိုက် ၀ယ်ဈေးနဲ့သာ အရောင်းအ၀ယ်ပြုလုပ်နေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးေ ဆာင်တွေဆီက သိရပါတယ်။
အိမ်ခြံမြေအကျိုးဆောင် ကိုဟိန်းမိုးမြင့်လွင်က 'တစ်ပေပတ်လည် မြေဈေးနှု န်းတွေကို ကာလပေါက်ဈေးနဲ့ သတ်မှတ်ထားပေမဲ့ အဲဒီသတ်မှတ်ချက်အတိုင်း အရောင်းအ၀ယ်ပြုလုပ်သူတွေမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အေ ရာင်းအ၀ယ်ပြုလုပ်နေကြပါတယ်။ အဲဒီလိုသတ်မှတ်ပြီးနောက်ပိုင်းမှာ အိမ်ြ ခံမြေဈေးကွက်အတွင်းမှာ အရောင်းအ၀ယ်ကလဲအေးလာတယ်။ အရောင်း အ၀ယ်လုပ်တဲ့အခါ ဈေးနှုန်းသတ်မှတ်ပေးပေမဲ့လဲ အရင်တုန်းကအတိုင်း ပဲ ရောင်းကြတယ်။ ရောင်းတဲ့သူကကြိုက်ဈေးခေါ်ပြီး ၀ယ်တဲ့သူကလဲ ကြိုက် ရင် ၀ယ်ကြတယ်' လို့ပြောပါတယ်။
လက်ရှိသတ်မှတ်ထားတဲ့ အိမ်ခြံမြေအရောင်းအ၀ယ်တွေအတွက် အခွန်နှုန်း ထားတွေက မြင့်နေတာကြောင့် ၀ယ်ယူသူတွေက အခွန်အတိအကျ ပေးေ ဆာင်ရမှာစိုးတာကြောင့် အမည်မပြောင်းဘဲနားလည်မှုနဲ့ အရောင်းအ၀ယ်ြ ပုလုပ်နေတာဖြစ်ပါတယ်။
အဲသည်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးတော့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က 'နိုင်ငံတော်အစိုးရကို အခွန်ပေးေ ဆာင်ရတာ ပြည်သူတွေအနေနဲ့ နားလည်သင့်ပါတယ်။ မြင်မာနိုင်ငံရဲ့ အခွ န်ပေးဆောင်မှုဟာ ၀င်ငွေနဲ့ အခွန်ယှဉ်လိုက်မယ်ဆိုရင် အနိမ့်ဆုံးဖြစ်တယ် လို့ ထင်ပါတယ်။ အဲဒီကရတဲ့ အခွန်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမူေ ရး၊ ပညာရေး တွေကို လုပ်ဆောင်ပေးတယ်။ အခွန်နဲ့ပတ်သက်ပြီးတော့ အစိုး ရအနေနဲ့ ၀င်ငွေများတဲ့သူတွေကို များသလောက်ကောက်ပြီး နည်းတဲ့သူတွေ ကို အခွန်နည်းနည်း ကောက်သင့်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အခွန်များ လို့ အလုပ်မလုပ်ချင်တာတွေတောင်ရှိတယ်။ ဒါပေမဲ့ မြန်မာမှာက အဲဒီလိုမ ဟုတ်ဘူး' လို့ပြောခဲ့ပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်ဟာ အရောင်းအ၀ယ်ရော အငှားဈေးကွက် ပါ ပြန် ပြီး လှုပ်ခတ်လာပြီးသည်နှစ်နျောင်းပိုင်းမှာ အရောင်းအ၀ယ် ပိုကောင်းလာနိုင် ပါတယ်။ ဒါ့အပြင်တချို့နေရာတွေမှာ အမည်ပေါက်နဲ့ ၀ယ်ယူထားပြီး အသုံး မပြုတဲ့ မြေကွက်တွေ ရှိနေတယ်လို့ သိရပါတယ်
Credit: The Modern