တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာမည်ဟု တရုတ်ထိပ်တန်းပညာရှင် ဟောကိန်းထုတ်

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာမည်ဟု တရုတ်ထိပ်တန်းပညာရှင် ဟောကိန်းထုတ် - Property News in Myanmar from iMyanmarHouse.com
16 Jun 2017 11:26 am တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်း
အထိ ဆက်လက်မြင့်တက်လာမည်ဟု တရုတ်ထိပ်တန်း
ပညာရှင်တစ်ဦးက ဟောကိန်းထုတ်လိုက်ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းသို့ ဟောကိန်းထုတ်လိုက်သူမှာ ပေကျင်းရှိ
ဇင်းဟွာတက္ကသိုလ်၊ ဘဏ္ဍာရေးသုတေသန အမျိုးသားအင်စတီကျုမှ လက်ထောက်ညွှန်ကြားရေးမှူး ဇူးနင်ဖြစ်သည်။

“အိမ်ခြံမြေပူဖောင်းတစ်ခုထဲမှာ ကျွန်တော်တို့ နေထိုင်နေကြရတာဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆိုရင် ဘဏ္ဍာရေးအကျပ်ဆိုက်တာမျိုး၊ ပူဖောင်းပေါက်ကွဲတာမျိုးတွေဖြစ်လာဖို့ အလားအလာအများကြီးရှိနေတယ်။ အနှေးနဲ့ အမြန်ပဲ ရှိတယ်” ဟု ဇူးနင်က ပြောကြားသည်။

အိမ်ခြံမြေဈေးကွက်ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့်စည်းမျဉ်းများကို အစိုးရက ပြန်လည်ဖြေလျှော့ပေးရန် ယင်းနောက်ပိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်ဦးမည်ဟု ဇူးနင်က ဟောကိန်းထုတ်ထားပြီး အချိန်ကာလအတိအကျ ထုတ်ဖော်ပြောကြားခြင်းကား မရှိချေ။

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေခြင်းကို ထိန်းသိမ်းရန်အတွက် လက်ငင်းပေးချေရမည့်ငွေပမာဏကို မြှင့်တင်ခြင်း၊ ဒေသခံမဟုတ်သူများ ဝယ်ယူမှုကို တင်းကျပ်ခြင်းနှင့် မိသားစုတစ်ခု ပိုင်ဆိုင်နိုင်သည့် နေအိမ်ပမာဏကို ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံရှိ မြို့ကြီး ၂၆ မြို့တွင် နေအိမ်တစ်လုံးဝယ်ယူပြီးနောက် ပြန်လည်ရောင်းချနိုင်သည့် ကာလကန့်သတ်မှုများလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သော ၁၂ လတာကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာခြင်းကို ခွင့်ပြုခဲ့သည်ကို တွေ့ရပြီး
အိမ်ခြံမြေဈေးကွက်ကို ပြန်လည်ပုံဖော်ပေးမည့် ရေရှည်ယန္တရားမျိုး မတွေ့သေးကြောင်း
ဇူးနင်က ပြောကြားသည်။

တရုတ်စီးပွားရေးကို ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအကြား ဆက်လက်ဖွံ့ဖြိုးရန် အများက လိုလားနေကြပြီး လူတို့၏စိတ်တွင် ဖွံ့ဖြိုးမှုကြီးမြင့်လေကောင်းလေဟူသည့် စိတ်အခံများရှိနေကြကြောင်း ဇူးနင်က ဆိုသည်။

လွန်ခဲ့သော ၂ နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် မည်သည့်ပြုပြင်ပြောင်းလဲမှုများလုပ်စေကာမူ ကုစားနိုင်ရန် အလွန်ခက်ခဲလှကြောင်းနှင့် လာမည့် ၃ နှစ်မှ ၅ နှစ်အထိ
ဖရိုဖရဲအခြေအနေ ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်း ဇူးနင်က ဟောကိန်းထုတ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Magical World
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service