ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး အသစ်ပြန်လည်ရေးဆွဲတဲ့ မဟာရန် ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ မှာ စီးပွားရေးဗဟိုခွဲ (Sub- Centers) နေရာအဖြစ် ရန်ကင်း ၊ ဒဂုံမြောက် ၊ သန်လျင်တို့ကို လျာထားပါ တယ် ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ် တမ်းဖော်ပြချက်အရ သိရတာပါ ။ ရန်ကင်း ၊ ဒဂုံမြို့သစ် တောင်မြောက် လမ်း ဆုံ ၊ သန်လျင် - ကုလားဝဲ ၊ သီလဝါ အထူးစီးပွားရေးဇုန် အရှေ့ဘက်တို့ ဖြစ် ပါတယ် ။
စီးပွားရေး ဗဟိုခွဲ (Sub-Centres)နေရာတွေ အကောင်အထည်ဖော် ရတာ က မြို့လယ်ဗဟိုစီးပွားရေးဇုန် (CBD) သိပ်သည်းမှုကို လျှော့ချနိုင် ဖို့ ဖြစ်ပါ တယ် ။ ဒုတိယဗဟို စီးပွားရေးဇုန် မင်းဓမ္မနဲ့ လူနေသိပ်သည်းမှု တစ်ဧကကို ၈၀ ဦးရှိတဲ့ အများပြည်သူနေရာ ၊ စီးပွားရေးအဆောက်အအုံ ၊ ရုံးခန်းတွေ ၊ လူနေအိမ်ရာတွေပါဝင်တဲ့ စီးပွားရေးဗဟိုခွဲ (Sub-Centers) နေရာအဖြစ် ရန်ကင်း ၊ ဒဂုံမြောက် ၊ သံလျင်တို့ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ် ။
လူနေသိပ်သည်းမှု တစ်ဧကကို ၄၈ ဦးရှိတဲ့ အလယ်အလတ် အထပ်တွေနဲ့ လုံးချင်းအိမ်ရာတွေပါဝင်တဲ့ မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဒလဘက်ခြမ်းနဲ့ လေးထောင့်ကန်တစ်ဝိုက်မှာ တည်ဆောက်ဖို့ လျာထားပါ တယ် ။ သည့်အပြင် ပို့ဆောင်ရေးစနစ်အမျိုးမျိုးကို ချိတ်ဆက်ပေးမယ့် ပို့ေ ဆာင်ရေး အခြေပြု ဖွံ့ဖြိုးရေး (Transit Oriented Development-TOD) ကိုလည်း ရေးဆွဲထားပါတယ် ။
ပို့ဆောင်ရေးအခြေပြု ဖွံ့ဖြိုးရေး (TOD)မှာ မြို့ပတ်ရထားလမ်းပေါ်ရှိ ရန်ကုန် ဘူတာကြီး ၊ ကြည့်မြင်တိုင် ၊ အင်းစိန် ၊ ဒညင်းကုန်း ၊ မင်္ဂလာဒုံ ၊ ရေကူး ၊ မလွှကုန်းဘူတာတွေကို ဆောင်ရွက်မှာပါ ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲခဲ့ပါတယ် ။
အဲဒါကို နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီအောင် ဂThe Project for Up dating the Strategic Urban Development Plan of the Greater Yangon) ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကနေ ၂၀၁၆ ခုနှစ် ဒီဇင် ဘာ ၂၄ ရက်နေ့မှာ စီမံကိန်း အပြီးသတ်ရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီးကို လွှဲပြောင်းပေးခဲ့ပါတယ် ။
အသစ်ရေးဆွဲခဲ့တဲ့ မာစတာပလန်အရ အရင် ၂၀၁၃ ပခန်အဟောင်းမှာ ပါဝင်တဲ့ နေရာခုနှစ်ခုကို ပြန်လည်အခြေခံပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ် ။
Credit: The Modern