လယ်ယာမြေများ အရောင်းအဝယ် ပြုလုပ်နိုင်သည့် ဥပဒေ ပေါ်ထွက်လြာ ပီး နောက်ပိုင်းတွင် အိမ်ခြံမြေများနည်းတူ၊ လယ်ယာမြေများမှာလည်း အဝယ် လိုက်လာသည်ကို တွေ့ရသည်။ စာဖတ်သူများကိုယ်တိုင် အထက်မြန်မာပြည် သို့ ဘုရားဖူးထွက်ခြင်းနှင့် မြန်မာပြည် အောက်ပိုင်းသို့ အပမ်းဖြေခရီး ထွက် သည့်အခါ မြို့တိုင်း နယ်တိုင်း မြို့ပြင် ရွာပြင် ကားလမ်းဘေးတစ်လျှောက်တွင် လယ်မြေများအတွင်း၌ ကျောက်တိုင်များ စိုက်၍ ပိုင်ဆိုင်မှု အမှတ်အသားပြ သင်္ကေတများကို တွေ့မြင်ရပါလိမ့်မယ်။
အထွက်တိုး စပါးစိုက်ရန် ဝယ်ယူထားခြင်း မဖြစ်တန်ရာ
ယင်းသို့ ရွာပြင်၊ မြို့ပြင် ကားလမ်းဘေးတစ်လျှောက်၌ ကျောက်တိုင်များ စိုက် ထူထားသည့် လယ်မြေများမှာ မူလ လယ်သမာများထံမှ၊ စီးပွားရေး လုပ်ငန်း ရှင်များကတစ်ဆင့် ဝယ်ယူပြီး မည်သူမျှ မကျူးကျော်စေရန် ဟန့်တား စိုက်ထူ ၍ နယ်နိမိတ်ပိုင်း ခြားထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ဝယ်ယူထားသူများကို "အထွက်တိုး စပါးစိုက်ဖို့ ဝယ်ယူထားတာလား" ဟု မေးကြည့်လျှင်၊ "ဒီလြူ ကီး တော်တော်တုံးတာပ" ဟု ပြန်လည် ပြက်ရယ်ပြုခြင်း ခံရပါလိမ့်မည် ဖြစ် သည်။
လယ်ယာမြေ ဝယ်ယူခြင်း၏ အဓိက အချက် ဂရန် မြေ ရဖို့ တစ်ဆင့်တက်
လယ်မြေ ဝယ်ထားသူများ၏ ရည်ရွက်ချက်က ဤသို့ မဟုတ်ပါ။ ပထမ အ ဆင့်အနေဖြင့် နိုင်ငံတော်မှ ချထားသည့်မူအတိုင်း မဖြစ်မနေ စပါး စိုက်ပျိုးပြ မည်။ အထွက်တိုးဖို့ မလိုပါ။ ဝတ္တရား ကျေပြွန်ရုံသာ ဆောင်ရွက်ကြမည် ဖြစ် သည်။ ဒုတိယ အဆင့်အနေဖြင့် လယ်မြေများ တိမ်ကောလာအောင် ပြုလုပ်ြ ပမည်။ ယင်းသို့ တိမ်ကောပြီး စိုက်ပျိုး၍ မရပါက အခြားနည်း အဆင့်ဟု ခေါ်သော ဥယျာဉ်ခြံမြေများအဖြစ် ပြောင်းလဲလျှောက်မည်။ ထိုမှတစ်ဆင့် ပြည် သူ အကျိုးပြုလုပ်ငန်းများ ဖြစ်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ စားေ သာက်ဆိုင်များ ဓါတ်ဆီဆိုင်များအဖြစ် ပြောင်းလဲလျှောက်ယူကြရန် ရည်ရွက် ထားကြသည်ဟု သိရသည်။
ထိုသို့ လယ်ယာမြေများကို ဝယ်ယူရာတွင် မြို့နှင့် ကပ်လျက်ရှိသည့် လယ် ကွက်များပင်လျှင်၊ တစ်ဧက သိန်း(၂၀၀) ခန့်သာ ရှိသည်ဟု သိရသည်။ ထို့အတွက် ရေရှည်အတွက် မျှော်ကာ စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီြး မှုပ်နှံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
စပါးအထွက်တိုးနှုန်း နည်းတာ သူတို့ စိတ်မဝင်စား၊ အမြတ်ရဖို့ အဓိက ထား
ရင်းနှီးမြှုပ်နှံထားခြင်းအတူတူ ရည်ရွက်ချက် တူချင်မှ တူပါမည်။ အချို့ လုပ် ငန်းရှင်များမှာ ရေရှည်အတွက် မျှော်ပြီး အခြားနည်း ဂရန်ရသည်အထိ ကြိုး စားစောင့်ဆိုင်းနေသူများ ရှိသကဲ့သို့ အချို့လုပ်ငန်းရှင်များကမူ "မြေကြီး က ရွှေသီး" သည့်အချိန်အထိ မစောင့်နိုင်ကြ။ နိုင်ငံတော်မှ ခွင့်ပြုချက် မရေ သ်ာလည်း ဝယ်ထားသည်။ လယ်ဧကကွက်များကို (40'x60') မြေကွက် များ ဖော်ထုတ်ကာ ၁၊ ၂၊ ၃၊ ၄.. စသည်ဖြင့် မြေကွက်များ သတ်မှတ်၍ သိန်း ၅၀၊ သိန်း ၆၀ နှုန်းဖြင့် ရောင်းချနေသည်ကို စာဖတ်သူများ ဖတ်ဖူး၊ မြင်ဖူး၊ေ တွ့ဖူး၊ ကြုံဖူးကြပါလိမ့်မယ်။
ပုံစံ-၁၀၅ ဆိုတိုင်းလည်း အိမ်ဆောက်၍ မရသည်ကို သတိပြုပါ
ယင်းသို့သော လယ်ယာမြေကွက်များ ရောင်းချရာတွင် လယ်ယာမြေ လုပ်ပိုင် ခွင့် လက်မှတ် (ပုံစံ-၇) နှင့် မြေရာဇဝင် သက်သေခံလက်မှတ်(ပုံစံ-၁၀၅) ကို ပြပြီး ရောင်းချနေသည်ကို မကြာခဏ တွေ့ရသည်။ အမှန်တကယ် နေ ထိုင်ရန် ရည်ရွယ်ထားသူများမှာ ရောင်းသူများ ပြသသည်။ ပုံစံ-၇ နှင့် ပုံစံ -၁၀၅ ရှိသည်အတွက် ရောင်းချပိုင်ခွင့် ရှိသည်ဟု အာမခံချက်ပေးကြေ သာကြောင့် အိမ်ခြံမြေ အကြောင်း နားမည်သော ဝယ်သူအချို့မှာ ဝယ်လိုက် မိကြသူများလည်း ရှိသည်။
လယ်မြေဆိုတာ လယ်လုပ်ရမှာ၊ အိမ်ဆောက်နေခွင့် မရှိပါ
လယ်မြေကို ရောင်းချပိုင်ခွင့် ရှိသည်ဟု ပြဌာန်းထားသော်လည်း လယ်လုပ် ရန်အတွက်သာ ရောင်းချပိုင်ခွင့် ရှိပါသည်။ လယ်ယာမြေအတွင်း အိမ်ကွက် ရိုက်ခြင်း၊ အိမ်ရာ ဆောက်လုပ်နေထိုင်ခြင်း မပြုရသည်ကို အများအားဖြင့် မသိကြပေ။ ယင်းသို့ လယ်ယာမြေအတွက် အိမ်ဆောက်လုပ်နေထိုင် ပါက နိုင်ငံတော်အစိုးရ ဖယ်ရှားနိုင်သည်ကိုလည်း သိကြဟန် မတူကြပေ။
ရောင်းမှား ဝယ်မှား မဖြစ်ရလေအောင် လယ်မြေဝယ်လျှင် သတိဆောင်
စီးပွားရေးသမားများ အနေဖြင့် ယင်းသို့ 40'x60' မြေတစ်ကွက်ကို သိန်း ၅၀ သိန်း ၆၀ ရ၍ ဝယ်ယူရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် နိုင်ငံတော်မှ ပြန်လည် သိမ်းယူလျှင်လည်း ၎င်းတို့အဖို့ မဖြုန်ကြပေ။ "ဆင်ပိန်တော့ ကျွဲလောက်" ရှိနေကြသေးသည်။ သို့သော် တစ်နေ့လုပ် တစ်နေ့စား ချေးသည်များနှင့် ပင်စင်စားနှင့် ခြစ်ခြုပ်စုဆောင်းထားသည့်ငွေလေးများဖြင့် ဝယ်ထားမိသူများ အဖို့ "ဖွတ်မရ ဓါးမ ဆုံး" ကိန်း နှင့် ကြုံရတော့သည်။
ထို့ကြောင့် အိမ်ခြံမြေ ဝယ်သူများအား အကြံပြုလိုသည်မှာ လယ်ယာမြေ များကို အကွက်ရိုက်ရောင်းသူများထံမှ မြေကွက်ဝယ်တော့မည်ဆိုလျှင် ထို လယ်ယာမြေသည် အခြားနည်း အသုံးပြုခွင့် ရရှိထားသည့် မြေများဖြစ် မှ သာလျှင် ဝယ်ယူသင့်ပါကြောင်း အကြံပေးလိုက်ပါတော့သည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com