မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ အကျိုးအမြတ်အတွက် အဓိက ရည်ရွယ် အလုပ်လုပ်ကြလေ့ရှိတဲ့ အိမ်ခြံမြေ ဝယ်ရောင်းဈေးကွက် ပြန်လည် လှုပ်ခ တ်နိုင်ခြေဟာ များစွာနည်းပါးနေဆဲဖြစ်ပြီး အမှန်တကယ် လိုအပ်ချက်အတွက် ဝယ်ယူရောင်းချခြင်းများကိုသာ အများဆုံး အားထား အလုပ်လုပ်ရဖွယ် ရှိနေ တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
အခြေချနေထိုင်ဖို့အတွက် မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိရင် ပြန်ရောင်းချဖို့ စိတ်ကူးနဲ့ ဝယ်ယူကြလေ့ ရှိတဲ့ အိမ်ခြံမြေဝယ်ရောင်း ဈေးကွက်ဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် ကာလဝန်းကျ င်နဲ့ ၂ဝ၁ဝ ပြည့်နှစ် ကာလဝန်းကျင်တို့မှာ အများကြီး အလုပ်လုပ်လို့ ကောင်း မွန်ခဲ့ပြီး ခြေသွက် လက်သွက် အလုပ်လုပ်တတ်ခဲ့သူတွေ၊ ဆုံးဖြတ်ချက် မှန် မှန် ကန်ကန်နဲ့အလုပ်လုပ်ခဲ့သူတွေ အကျိုးအမြတ်ကောင်းကောင်းရပြီး ဘဝ အခြေအနေ ပြောင်းလဲသွားခဲ့တဲ့ ကာလတွေလို့လည်း ပြောလို့ရပါတယ်။
ဒါပေမဲ့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းလောက်ကစတင်ပြီး လက်ရှိအချိန်အထိ အိမ်ခြံမြေ ဈေးကွက်က အရောင်းအဝယ် ငြိမ်သက်သွားခဲ့တာမှာ အထူး သဖြင့် ၂ဝ၁၁ ခုနှစ်ဝန်းကျင်မှာဈေးနှုန်းအမြင့်တန်းနဲ့ ဝယ်ထားမိသူတွေ အေ န နဲ့ ဈေးကွက်အေးသွားတဲ့ဒဏ်ကို အများဆုံး ခံစားနေရပါတယ်။ အိမ်ခြံမြေေ ဈးကွက် အရောင်းအဝယ် ငြိမ်တာဟာအခုလို ကြာရှည်နေ ပေမဲ့ ဈေး ကွက်ပြန်သွက်လက်ဖို့ ဆိုတာကတော့ အခုအချိန်အထိ မှန်းဆဖို့ ခက်ခဲနေဆဲ
ဖြစ်တယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
ဝယ်ရောင်းဈေးကွက်ငြိမ်နေပြီး အမှန်တကယ် လိုအပ်ချက်အရ ရောင်း ဝယ်ခြင်းကိုသာ အားထားနေရတာ၊ အငှားဈေးကွက်ကိုသာ အားထားနေရ တာတွေရဲ့ အကြောင်းရင်းကတော့ တစ်ခုမကရှိနေတယ်လို့လည်း အကျိုးေ ဆာင်တွေက သုံးသပ်ကြပါတယ်။ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှာ အရောင်းအ ဝယ် ငြိမ်သက်သွားခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီကာလတုန်းက အိမ်မြေဈေးနှုန်းတွေဟာ ကာလတိုအတွင်း အဆခပ်များများထိုးတက် သွား တာက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အိမ်မြေ အရောင်းအ ဝယ်တော်ရုံနဲ့ နာလန်ပြန်မထူနိုင် ဖြစ်နေတဲ့အချိန်မှာ အခွန်နှုန်းထား အပြော င်း အလဲက လက်ရှိကာလအထိ ရိုက်ခတ်မှု ရှိသွားပါတယ်။
အိမ်ခြံမြေဝယ်ရောင်းဈေးကွက် အချိန်တိုအတွင်း ပြန်သွက်လက်ဖို့ မျှော်လင့်ဖို့ ခက်ခဲပေမဲ့ အိမ်ခြံမြေကဏ္ဍဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအဖြစ်ရှိနေ တာကြောင့် တခြားစီးပွားရေးကဏ္ဍတွေ လည်ပတ်မှု အားကောင်းလာတာနဲ့ အမျှ ပိုလျှံလာတဲ့ ငွေအားဟာ အိမ်ခြံမြေ ကဏ္ဍဘက်ကို ပြန်စီးဝင်လာမယ် လို့ မျှော်လင့်ကြပါတယ်။ လတ်တလောမှာတော့ ကျပ်သိန်းရာဂဏန်းနဲ့ေ ထာင်ဂဏန်းတန်းမှာရှိတဲ့ အိမ်ခြံမြေတွေကိုသာ လိုအပ်ချက်အရ စိတ်ဝင်စား မှု များပြားနေပြီး ဈေးနှုန်းအနိမ့်တန်းတွေကအပြောင်းအလဲရှိကာ အနည်းငယ်
ကျဆင်းမှုရှိပါတယ်။အကွက်အကွင်းကောင်းတဲ့နေရာတွေက ခေါ်ဈေးများနေဆဲဖြစ်ပြီး ဈေးအမြင့်တန်းတွေက အရောင်းအဝယ် ပိုအေးစက်နေဖို့များတယ် လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Credit: Myanmar Time