မန္တလေးမြို့ ရှမ်းကလေးကျွန်းအနီးတွင် အကောင်အထည် ဖော်မည့် အမရ ပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို မြစ်ကြောင်းနှင့် သ ဘာဝပတ်ဝန်းကျင် ထိခိုက် မှုရှိ၊ မရှိ စနစ်တကျ စိစစ်ပြီးမှသာ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အ စည်းတစ်ခုဖြစ်သည့် သဘာဝစိမ်း အဖွဲ့ (Natural Green Alliance) က အကြံပြုတိုက်တွန်းချက်ထုတ် ပြန်သည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်ရေလျှံ ကွင်းများကို မြေ ဖို့ကာ အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သ ဖြင့် စီမံကိန်း စတင် လုပ် ကိုင်သည် နှင့် ဧရာဝတီမြစ်ကြောင်း အပါ အဝင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့် စနစ် တကျ စိစစ်ပြီးမှသာ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း သဘာဝစိမ်းအဖွဲ့၏ ဇွန်လ ၈ ရက်စွဲဖြင့် အကြံပြုတိုက်တွန်းချက်၌ ဖော်ပြထားသည်။ သဘာဝစိမ်း အဖွဲ့ သည် မန္တလေးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ကို င်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
‘‘စီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြောင်းအပေါ် သက်ရောက် မှုရှိလာနိုင်တဲ့ အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှုဆိုင်ရာ အကာ အကွယ် လုပ်ဆောင်မယ့် အစီရင်ခံစာတွေ နဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က တင်သွင်းထားတဲ့ အစီရင်ခံစာ တွေ၊ အချက်အလက်တွေကို ပညာရှင်တွေနဲ့ စနစ်တကျ ကျယ် ကျယ်ပြန့်ပြန့် စိစစ်သင့်ပါတယ်။ စီမံကိန်းက ဧရာဝတီမြစ်ေ ကြာင်း ထဲမှာ လုပ်မှာဖြစ်တဲ့အတွက် တ ကယ်အလေးထားစိစစ်ပြီးမှ လုပ် ကိုင်ခွင့်ပြုတာမျိုး ဖြစ်စေချင်ပါ တယ်။ ကျွန်တော်တို့အကြံပြုချင် တာက စီမံ ကိန်းဆိုင်ရာ အချက် အလက်တွေနဲ့ ပတ်သက်ပြီး Public Consultation အများကြီး ထပ်လုပ်စေချင်ပါတယ်’’ဟု သ ဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင် ဦးက ပြောသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းကို မန္တလေးမြို့အနီးရှိ ဧရာ ဝတီမြစ်ရေ လျှံ ကွင်းမြေ ဧက ၂,၀၀၀ နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ နံကပ်အင်းဧရိယာဧက ၅၀၀၊ စုစု ပေါင်းဧက ၂,၅၀၀ ပေါ်တွင် အ ကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းဧရိယာအများစုသည် ဧရာဝတီမြစ်ရေလျှံကွင်းများဖြစ် သည်။ အဆိုပါ စီမံကိန်းကို စီးပွား ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ပိုင် ဆိုင်သည့် Mandalay Business Capital City Development (MBCCD) ကုမ္ပဏီက ငွေကျပ်ဘီ လီယံ ၅၀၀ ဖြင့် မတည်ရင်းနှီးကာ အကောင်အထည်ေ ဖ်ာတည် ဆောက် မည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါစီမံကိန်း အတွက် စီမံကိန်းပထမအဆင့်၌ ပါဝင်သည့်ြေ မဧက ၂၀ ကို ရုံးအ ဆောက်အအုံများ စတင်ဆောက် လုပ်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ကိုင်ခွင့်ပြု ထားပြီး ယခုမိုးရာသီအကုန် တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဟု MBCCD ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်း က ပြောသည်။
စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာပညာရှင်များ၏အကြံ ပြုချက်များဖြင့် စနစ်တကျလုပ် ဆောင်နေပြီး စီမံကိန်းဧရိယာ၏ အထက်နှင့်အောက် ကီလို မီတာ ၂၀ စီကို စနစ်တကျလေ့လာပြီး မြစ်ကြောင်းထိန်းသိမ်းရေး အ တွက် အလေး ထားလုပ်ဆောင်နေ သည့် စီမံကိန်းဖြစ်သည်ဟု ဦး ဇော်ရဲဝင်း က ပြောသည်။
‘‘ကျွန်တော်တို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးရှင်းလင်း တဲ့ Public Consultation တွေ အများကြီး လုပ်ထားပါတယ်။ တစ်ရွာချင်းစီ ကို ကွင်းဆင်းပြီး လူထုနဲ့တွေ့ဆုံမှု တွေ လုပ်တယ်။ EIA, SIA Reportတွေ စနစ်တကျ လုပ်ဆောင် ထားပါတယ်’’ဟု ပြောကြားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပညာရှင်များအပါအ ဝင် နိုင်ငံတကာ ပညာ ရှင်များက ဧရာဝတီမြစ်၏ မြစ်ရေလျှံကွင်း များအတွင်း မည်သည့်စီမံကိန်းမှ မလုပ်ဆောင်သင့်ကြောင်း ယခင် အစိုးရလက်ထက်က ပြုလုပ်သည့် မန္တလေး မြို့အနာဂတ်ဆိုင်ရာ CityPlan နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၌ မကြာခ ဏေ ထာက်ပြခဲ့ပြီး လက်ရှိ အကောင်အထည်ဖော် မည့် အမရ ပူရမြို့ပြ ဖွံ့ ဖြိုးရေးစီမံ ကိန်းမှာ ဧရာဝတီမြစ်ရေလျှံကွင်း များတွင် အကောင်အထည်ဖော် မည်ဖြစ်၍ ဧရာဝတီမြစ်အပေါ် ဆိုးကျိုးသက်ရောက်မှုများရှိလာ မည်ကို စိုး ရိမ်ကြောင်း သဘာဝ စိမ်းအဖွဲ့တာဝန်ရှိသူများက ပြော ကြားသည်။
Credit: 7DayDaily