စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီက ဂျပန်အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည်

စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီက ဂျပန်အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည် - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 11:44 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး
အရှေ့ တောင်အာရှ၏ အကြီးမားဆုံးအိမ်ခြံမြေကုမ္ပဏီဖြစ်သော CapitaLand သည် ဂျပန်အိမ်ခြံမြေကဏ္ဍတွင် စင်္ကာပူဒေါ်လာ ၅ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်လျက်ရှိကြောင်း ဂျပန်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဓိကအားဖြင့် နဂိုယာ၊ အိုဆာကာနှင့် တိုကျိုမြို့ ကြီးများတွင် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်း CapitaLand မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ လင်မင်ယန်က ကုမ္ပဏီ၏ နောက်ဆုံးစီမံကိန်းတစ်ခုဖြစ်သော Ascott Marunouchi Tokyo အသင့်နေလူနေခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်မည့်အချိန်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း မကြာမီကာလအတွင်း ဖြစ်ဖွယ်ရှိ ကြောင်းကိုမူ ပြောကြားသွားသည်။

၂၀၂၀ အိုလံပစ်ပွဲတော်ကြောင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တော်၏ အိမ်ခြံမြေဈေးကွက်ကို ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားမှုများ မြင့်တက်လာ
လျက် ရှိနေသည်။

ခရီးသွားလုပ်ငန်း အားကောင်းလာနိုင်ချေရှိမှုကြောင့်
အသင့်နေလူနေခန်းများ၏ ဈေးကွက်ကို လှုပ်နှိုးပေးနိုင်မည်ဟု
မျှော်လင့်လျက် လည်း ရှိကြသည်။

CapitaLand က အဓိကဦးတည်အကောင်အထည်ဖော်သည်မှာ ရုံးခန်းများ၊ ဈေးဝယ်စင်တာများနှင့် အသင့်နေလူနေခန်းများဖြစ်ပြီး အကောင်အထည်ဖော်ဆဲ စီမံကိန်းများအပါအဝင် ယခု ၂၀၁၇
နှစ်ကုန်တွင် လုပ်ငန်းအကောင်အထည်ဖော်လျက်ရှိသည့် အဆောက်အအုံများ၏ စုစုပေါင်းတန်ကြေးမှာ စင်္ကာပူဒေါ်လာ ၃ ဘီလီယံခန့်ရှိမည်ဟု မှန်းဆထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း CapitaLand သည် ယိုကိုဟားမားတွင် ရုံးခန်းအဆောက်အအုံ ၂ ခု၊ တိုကျိုတွင် ရုံးခန်းအဆောက်အအုံ ၁ ခုနှင့် ဆိုင်တာမာတွင် ဈေးဝယ်စင်တာတစ်ခုတို့ ဝယ်ယူထားပြီး စုစုပေါင်းတန်ကြေးမှာ ဂျပန်ယန်းငွေ ၄၉ ဒသမ ၇ ဘီလီယံ
(ကန်ဒေါ်လာ သန်း ၄၅၀) ဖိုးခန့် ရှိသည်။

ဂျပန်နိုင်ငံတွင် CapitaLand မှ စုစုပေါင်းပိုင်ဆိုင်ထားသည်များမှာ ဈေးဝယ်စင်တာ ၅ ခု၊ ရုံးခန်းအဆောက်အအုံ ၄ လုံး၊ အသင့်နေ လူနေခန်းနှင့် အငှားအိမ်ခန်း အဆောက်အအုံ ၂၃ လုံး ပိုင်ဆိုင်ထားသည်။

Ascott Marunouchi Tokyo သည် အိုတီမာချီပါ့ခ် အဆောက်အအုံ၏ အပေါ် ၈ ထပ်ကို နေရာယူထားပြီး Mitsubishi Estate က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service