ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံ သားများဘဏ်၏ ၂၅ နှစ်တာ သက်တမ်းအတွင်း အမြတ်ငွေ ကျပ် ၁၃ ဘီ လျံကျော် ရရှိခဲ့ကာ ကျပ်ရှစ်ဘီလျံကျော် ၀င်ငွေခွန်ပေးဆောင်ခဲ့ပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အမြတ်ငွေ တိုးတက်ခဲ့သော်လည်း အမြတ်ဝေစုခွဲေ ၀မှု လျှော့ချလိုက်ကြောင်း မြန်မာနိုင်ငံသားများဘဏ်၏ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အထိ အမြတ်ငွေ ကျပ် ဘီလျံ ၁၀၀၀ မပြည့်ခဲ့သော် လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ စတင်ကာ အမြတ်ငွေ ကျပ်ဘီလျံ ၁၀၉၅ ကျော် ရှိလာခဲ့ပြီး ၀င်ငွေခွန် ကျပ် ၃၁၅ ဘီလျံကျော် ပေးဆောင်ခဲ့ သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄၅၆ ဘီလျံကျော် အမြတ်ရရှိခဲ့ပြီး ကျပ် ဘီလျံ ၃၉၀ ၀င်ငွေခွန် ပေးဆောင်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၉၉ ဘီလျံကျော် အမြတ်ရရှိခဲ့ပြီး ကျပ် ၅၉၄ ဘီလျံကျော် အခွန်ပေးဆောင် ခဲ့ကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၅၀ ဘီလျံကျော် အမြတ်ဝေစု ရရှိကာ ကျပ် ၈၃၇ ဘီလျံကျော် ၀င်ငွေခွန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၅၁၀၇ ဘီလျံကျော် အမြတ်ရရှိခဲ့ပြီး ကျပ် ၁၂၈၁ ဘီလျံကျော် အခွန်ထမ်းဆောင်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၉၅ ဘီလျံကျော် အမြတ်ရရှိ၍ ကျပ် ၁၇၇၃ ဘီလျံကျော် ၀င်ငွေခွန် ထမ်းဆောင်ခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၈၁၇ ဘီလျံကျော် အထိ အမြတ်ငွေ တိုးတက်ခဲ့ပြီး ၀င်ငွေခွန်အဖြစ် ကျပ် ၁၉၅၄ ဘီလျံကျော် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမြတ်ရရှိမှု တိုးတက်လာသော်လည်း အမြတ်ဝေစု ခွဲဝေမှုကိုမူ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်တွင် ၁၇ ရာခိုင်နှုန်း ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်း၊ ကိုးရာခိုင်နှုန်းနှင့် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၃ ရာခိုင်နှုန်း စသည်ဖြင့် အဆင့်လိုက် ခွဲဝေခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမြတ်ဝေစု ခွဲဝေမှုကို ခြောက်ရာခိုင်နှုန်းသာ ခွဲဝေပေးရန် သတ်မှတ်လျှော့ချခဲ့ကာ ရှယ်ယာတစ်စုလျှင် အမြတ်ငွေ ကျပ် ၃၀၀ ခွဲဝေပေး မည် ဖြစ်ကြောင်း သိရသည်။
အမြတ်ဝေစု ခွဲဝေမှု လျှော့ချခဲ့သော်လည်း နိုင်ငံတော်သို့ နှစ်စဉ်ဝင်ငွေခွန် တိုးမြှင့်ပေးဆောင်နေသည့် မြန်မာနိုင်ငံသားများဘဏ်သည် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် စည်းကြပ်ရာတွင် အခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၅၀ စာရင်းအတွင်း အဆင့် ၃၃ ဖြင့် ရပ်တည်နိုင်ခဲ့ပြီး ဘဏ်များ အနက် အခွန်အများဆုံး ပေးဆောင်သည့် စာရင်းတွင် အဆင့် ၁၀ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
Credit: Eleven Media Group