သန်လျင်မြို့နယ် ကြယ်စင်အိမ်ရာစီမံကိန်းမှ အခန်းအရေအတွက် ၁၈၀၅ခန်းကို အခန်းပိုင်ရှင်များထံ အပ်နှံထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Yoma Strategic ကုမ္ပဏီမှ တည်ဆောက်နေသည့် သန်လျင်တစ်ဖက်ကမ်း ရှိ ကြယ်စင်အိမ်ရာစီမံကိန်းမှ အခန်းများမှ အခန်းဝယ်ယူထားသူများကိုသတ်မှတ်ရက်အမှီအပ်နှံနိုင်ခဲ့ခြင်းဖြစ်သည်။
" နောက်ထပ်အခန်း (၁၅၀)ကိုအခြားကုမ္ပဏီများအတွက် ရေရှည်ငှားရမ်းမှုများပြုလုပ်ရန် ကြယ်စင်အိမ်ရာမြို့တော်မှ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ကြယ်စင်အိမ်ရာမြို့တော်သည် တဖြည်းဖြည်း ကြီးထွားတိုးတက်လာပြီး မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာသည်နှင့်အမျှပိုမိုများပြားသည့် နေထိုင်သူများကိုလည်း မျှော်လင့်မိကြောင်းနှင့် အရောင်းဆိုင်များပိုမိုဖြစ်ပေါ်လာစေရန်စီစဉ်ထားကြောင်းကို Yoma Strategic အိမ်ခြံမြေကဏ္ဍ၏ ဦးဆောင်သူ Cyrus Pun မှပြောကြားခဲ့သည်။
ကြယ်စင်မြို့တော်အိမ်ရာတွင် ဆိုင်ခန်းစုစုပေါင်း(၂၀)ခန့်ရှိပြီး ၎င်းတို့မှာ KFC, YKKO, Citymart, Corriander Leaf,Studio 7, Golden Home( Super Power Company), Pun Hlaing Siloam Clinic, Laser Dental Clinic and YomaFleet တို့အပြင် အခြားသော အရောင်းဆိုင်များလည်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Yoma မှ ထုတ်ပြန်ထားသည်.
ကြယ်စင် အိမ်ရာစီမံကိန်းကိုတည်ဆောက်သည့် YOMA Stategic ကုမ္ပဏီသည် Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် YomaStrategic Holdings Ltd သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ ပစ္စည်းကိရိယာများ နှင့်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com