ပြည်တွင်းရွှေဈေးသည် မေ လလယ်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျ ပ် ၉၀၀,၀၀၀ အောက်ရှိရာမှ ဇွန်လ ၁၈ ရက်ကစတင်ပြီး ကျပ် ၉၀၀,၀၀၀ေ ကျာ်အထိ ဈေးတက်လာခြင်းဖြစ်သည်။
ဇွန်လ ၁၄ ရက်တွင် ပြည် တွင်းအခေါက်ရွှေဈေးသည် ရန်ကုန်မြို့၌ တစ်ကျပ် သားလျှင် ကျပ် ၉၁၃,၀၀၀ ကျော်ဖြစ်ပြီး မန္တလေး မြို့တွင် ကျပ် ၉၁၄,၀၀၀ေ ပါက် ဈေးရှိခဲ့သည်။
ရွှေဈေးအမြင့်ပိုင်းရောက်ရှိ နေခြင်းကြောင့် ဈေးကွက်အတွင်း လက်ဝတ် ရ တနာဝယ်ယူသူနည်း ပါးပြီး ဈေးကွက်အေးနေသည်ဟု ပြည်တွင်းရွှေလုပ် ငန်းရှင်က ပြော ကြားသည်။
‘‘၁ ရာခိုင်နှုန်း စကောက်က တည်းက အရောင်းအဝယ် မကောင်းတော့ဘူး။ လူတိုင်းတော့မဟုတ်ပေမယ့် တချို့လူတွေက အခွန်ဆောင်ရမယ်ဆိုတော့ မဝယ်ဘဲ ပြန်သွားတာရှိတယ်’’ ဟု မန္တလေး အောင်သမာဓိရွှေဆိုင် အထွေေ ထွမန်နေဂျာ ဦးမော်က ပြောသည်။
ရွှေဈေးကွက် အေးနေခြင်း သည် ရွှေဈေးတက်ခြင်း၊ စီးပွား ရေးမကောင်ြး ခင်းနှင့် ကျောင်းဖွင့် ရာသီဖြစ်၍ ရွှေအရောင်းအဝယ် နည်းခြင်းဖြစ်သည်ဟု တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။
‘‘အခွန်ကြောင့်လို့ပြောလို့ မရဘူး။ လူတွေက ၁ ရာခိုင်နှုန်းကို ဘာမှ မပြောပါ ဘူး။ အခုအခွန်က ဝယ်သူတွေအတွက် ပြဿနာ မဟုတ်ဘူး။ ရွှေဆိုင်တွေအ တွက် ပြဿနာ ဖြစ်နေတာ။ တံဆိပ် ခေါင်းက လိုသလောက်လည်း မရဘူး။ ဝယ် ရတော့လည်း ဘဏ်နဲ့ အခွန်ရုံးနဲ့ သုံးခေါက်လောက်သွား ရတယ်’’ဟု ဦးေ ဇ်ာအောင်က ပြောသည်။
ပြည်တွင်း ဒေါ်လာဈေး သည် ဇွန်လ ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၆ ကျပ် ပေါက်ဈေးရှိသည်။
ဇွန်လ ၁ ရက်ကစ၍ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွှေဆိုင်များတွင် တံဆိပ်ခေါင်း စနစ်ဖြင့် အခွန် ကောက်ခံနေပြီး ကျန်နယ်မြေများ ၌ ဇူလိုင် ၁ ရက် စတင် မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။
Credit: 7DayDaily