နောက်ဆုံးရက်သက်မှတ်ချက်ရောက်မှစီးပွားရေးလုပ်ငန်း အတော်များများကို လက်လွတ်ခဲ့ရမှုနှင့် တရုတ်နိုင်ငံ၏ လက်ဝါးကြီးအုပ်လာမှုတို့ကြောင့် အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦး ဆောက် လုပ်ပေးသည့် လုပ်ငန်းများကို အိန္ဒိယက အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးစားလျက်ရှိသည်။
အိန္ဒိယနိုင်ငံက လုပ်ငန်းများ စတင်ဆောက်လုပ်ရာတွင် နှောင့်နှေးမှုများ ရှိခဲ့ သည့်အတွက် နာမည်ဂုဏ်သတင်း ထိခိုက်ခဲ့ရသော်လည်း ယခုအချိန် အ ထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံကျော်ဖိုးကို အကုန် အကျခံ သုံးစွဲခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗီကရမ် မီစရီက အိန္ဒိယနိုင်ငံသည် စစ်တွေတွင် ဓါတ်အားပေးစက်ရုံနှင့် ပလက်ဝမြို့ တွင် ကုန်တွင်းသင်္ဘောဆိပ်တစ်ခုကို ဆောက်လုပ်ခြင်း လုပ်ငန်းများ ပြီးစီးခဲ့ ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေသည့် Global Light of Myanmar သတင်းစာသို့ ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ရာတွင် ၄င်းက "ကျွန်တော်တို့ဟာ မီဇို ရမ်ပြည်နယ်နယ်စပ်မှာ ရှိတဲ့ ဇိုရီပူအ် လို့ခေါ်တဲ့ နေရာအထိ ပလက်ဝမြို့ကေ န လမ်းတစ်ခုကို ဖောက် လုပ်ဖို့ နောက်ဆုံးအဆင့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီးပါပြီ၊ ဒီသယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဖန်တီးမှုကနေ အဲဒါသာ အပြည့်အဝ လုပ်ငန်းလည်ပတ်နိုင်မယ်ဆိုရင် ရခိုင်နဲ့ ချင်းပြည်နယ်ကို ဖြတ်ပြီးတော့ အိန္ဒိ ယပြည်နယ်တွေမှာ စီးပွားရေး အခြေ အနေ တစ်ခုကို ပြောင်းလဲ ဖော်ေ ဆာင်နိုင်ချေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောကြားထားသည်။ေ ဆာက်လုပ်ရေး လုပ်ငန်းများကို လာမည့် အောက်တိုဘာလတွင် စတင်နိုင် မည်ဟု ခန့်မှန်းထားပြီး မီဇိုရမ်ပြည်နယ်ရှိ ဇိုရင်ပူအ်မြို့သို့ အရှည် ၁၀၉ ကီလို မီတာရှိ လမ်းဖြင့် ပလက်ဝသင်္ဘောဆိပ်ကို ချိတ်ဆက်ရန်အတွက် အိန္ဒိယ ရူပီးငွေ သန်း တစ်သောင်းခြောက်ထောင် တန်ဖိုးရှိ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကိုေ ဆာက်လုပ်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ပြီးစီးရမည်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ်ရောက်မှသာ အပြည့်အဝ ပြီးစီးမည်ဖြစ်သည်။ သံအမတ်ကြီးမီစရီက အဆိုပါ စီမံကိန်း များမှာ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။ ၄င်းက " ကျွ န်တော်တို့ဟာ တမူး-ကလေး လမ်းပေါ်မှာရှိတဲ့ တံတား ၆၉ စင်းကို ပြင်ဆ င်နေပြီးတော့ အဝေးပြေး လမ်းမပေါ်က ကလေးဝ-ယာကြီး အဝေးပြေးလမ်း ပိုင်းကိုလည်း ဆောက် လုပ်လျက်ရှိပါ တယ်၊ အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ် နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ချင်းပြည်နယ်မှာ ကျွန်တော်တို့ဟာ တီးတိန်မြိုရဲ့ နယ်စပ်မှာရှိတဲ့ ရိဒ်မြို့နဲ့ ချိတ်ဆက်မယ့် လမ်းတစ်ခုကိုလည်း ဆောက်လုပ်နေ ပါ တယ်" ဟု ပြောကြားထားသည်။
အိန္ဒိယ - မြန်မာဆက်ဆံရေးသည် မေ ၂၇ ရက်တွင် နိုင်ငံခြားရေး ရုံးေ ဆွးနွေးညှိနှိုင်းမှုများအတွက် နေပြည်တော်သို့ အိန္ဒိယနိုင်ငံခြားရေး လက်ေ ထာက် အက်စ် ဂျိုင်ရှန်ကာ လာရောက်ခဲ့ပြီးနောက် တရားဝင် စိတ်ဝင်တ စား လုပ်ကိုင်မှုများ များပြားလာခဲ့ သော်လည်း အိန္ဒိယအရှေ့ဘက်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့ကဲ့သို့ စိတ်ဝင်တစားရှိမှု မရှိခဲ့ေ ပ။ အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံသည် အရေးပါသည့်အ တွက် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ ၏ ကျယ်ပြန့်စွာတည်ရှိမှုကို ချိန်ခွင်လျှာ ညှိရန် အိန္ဒိယက ကြိုးပမ်းလျက်ရှိသည်။
မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် အဆင်မပြေဖြစ်မှုက အိန္ဒိယနိုင်ငံကို ကူညီေ ပးရာရောက်ခဲ့သည်။ တရုတ်နိုင်ငံ၏ ခါးပတ်လမ်း စီမံကိန်းကြောင့် ကျောက်ြ ဖူဆိပ်ကမ်းတစ်ခုနှင့် အထူးစီးပွားရေးဇုန်တစ်ခုတို့တွင် ဒေါ်လာ ၁ဝ ဘီလီယံ ဖိုးနီးပါး ရင်းနှီး မြုပ်နှံခဲ့သည်ကို မြင်တွေ့ရပြီး တရုတ်အစိုးရ ကတိပေးထား သည့်အတိုင် အလုပ်အကိုင် ထောင်ပေါင်းများစွာကိုလည်း ဖန်တီးပေး နိုင် လိမ့်မည်ဟု သိရသည်။ အရပ်သားအစိုးရကို ဦးဆောင်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် က ၄င်း၏ ကြည့်ရှုမှုအောက်တွင် အိန္ဒိယနိုင်ငံထက် ပေကျင်း-ရန်ကုန်ဆက်ဆံရေးကို တိုးမြှင့်လာပြီး တရုတ်ရ င်းနှီးမြုပ်နှံမှုများကို ခွင့်ပြုပေး ခဲ့သည်။
လုံခြုံရေးနှင့် ဆက်စပ်သည့်ကိစ္စရပ်များမှာ ပြဿနာတစ် စိတ်တစ်ပိုင်းအဖြစ်ရှိေ နဆဲ ဖြစ်သည်။ အိန္ဒိယ နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ နယ်စပ်တလျောက် နေရာယူထားသော သောင်းကျန်းသူ အဖွဲ့အချို့ကို စိုး ရိမ်နေဆဲဖြစ်ပြီး နှစ်နိုင်ငံလုံခြုံရေးစနစ်သည် ၄င်းတို့ကို တိုက်ထုတ်ရန် တိတ် တဆိတ် လုပ်ဆောင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ဂျမူးနှင့် ကတ်ရှိမီး ယား သို့ ဘင်္ဂလီလူမျိုးများရောက်ရှိ လာမှုကို လည်း သတိပေးချက်မြှင့်တင်ထားပြီး ယင်းကိစ္စရပ်သည် အိန္ဒိယဘက်မှ ချို့ယွင်းချက်လည်း ဖြစ်သည်။
သို့သော် အိန္ဒိယအစိုးရသည် ကချင်နှင့် ရခိုင်ပြည်နယ်ရှိ အလွန်ဆင်းရဲေ သာ ဒေသများမှ ပြည်သူများကို ကူညီရန်နှင့် စီးပွားရေးလုပ်ဆောင်နိုင်ရန် ထပ်ဆောင်းနေရာများ ရှာဖွေရန် လမ်းစီမံကိန်း သစ်နှစ်ခုအပါအဝင် စီမံကိန်း များကို အိန္ဒိယအစိုးရ က တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ သံအမတ်ကြီး မီ စရီက "စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်လိုမျိုး လိုမျိုး ပြည်နယ်အချို့ကို အိန္ဒိယရဲ့ တင်ပို့ကုန်များ အတွက် ရွေးချယ်ရာထွက်ပေါက် အဖြစ် ထောက်ပံ့ပေး ထာြး ခင်းမှာ စစ်တွေမြို့ ကြောင့် ဖြစ်ပြီး ကာလကတ္တားဆိပ်ကမ်းမှာ ကီလိုမီတာ ၅၄ဝ ကွာဝေးသောကြောင့် ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
Credit: Democracy Today