ဗဟန်းမြို့နယ်မှာ သည်နေ့မနက် ၈း၀၀ နာရီက စတင်ပြီးကျူးကျော် စာရင်းေ ကာက်ခံရာ ၂၀၁၅ ခုနှစ်စာရင်းတွေအရ ကျူးကျော်အိမ်ထောင်စု ၆၀၀ ၀န်း ကျင်ရှိပြီး ကျူးစလစ်ကတ်တွေ ထုတ်ပေးနေတယ်လို့သိရပါတယ်။
' စာရင်းက အဟောင်းနဲ့ ကောက်တာပါ။ တကယ်က အဲဒါအခုစာရင်းထက် ပိုပြီးများနေတယ်' လို့ ငါးထပ်ကြီးတောင်ရပ်ကွက် တောင် တွင်းကြီးကျောင်း တိုက်မှာ ကျူးကျော်စာရင်းကောက်ခံနေတဲ့ အဖွဲ့မှ မမူမူမာ ကပြောပါတယ်။
ဗဟန်းမြို့နယ်မှာ နေရာနှစ်ခုခွဲပြီး ကျူးကျော်စာရင်းကောက်ခံနေတာဖြစ် ပါတယ်။
ငါးထပ်ကြီးဘုရားအနီးက တောင်တွင်းကြီးကျောင်းတိုက်နဲ့ ရန်ကင်းစင်တာ အနီးက လွတ်လပ်ရေးကျောင်းတိုက်တို့မှာ ကျူးကျော်စာရင်းကောက် ခံနေ တာဖြစ်ပါတယ်။
တောင်တွင်းကြီးကျောင်းတိုက်မှာတော့ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ြ ကီးအနောက်ရပ်ကွက်နဲ့ ဗိုလ်ချိုရပ်ကွက် တို့က အိမ်ထောင်စု ၄၀၀ ကျော် အတွက် ကျူးကျော်စာရင်းကောက်ခံနေတာဖြစ်ပါတယ်။
လွတ်လပ်ရေးကျောင်းတိုက်မှာတော့ ဆရာစံမြောက် အနောက်ရပ်ကွက်၊ ဆရာစံတောင်ရပ်ကွက်နဲ့အောင်ချမ်းသာရပ်ကွက်တို့အတွက် အိမ်ထောင်စု ၂၀၁ စုအတွက် စာရင်းကောက်ခံနေတာဖြစ်ပါတယ်။
အစိုးရရဲ့ ၂၀၁၅ စာရင်းအရ ငါးထပ်ကြီးတောင်ရပ်ကွက်မှာ ကျူးကျော် စာ ရင်းဝင်အိမ်ထောင်စု ၃၇၃ စုရှိပြီး ဆရာစံမြောက် အနောက်ရပ်ကွက် မှာေ တာ့ ၁၉၀ ရှိတယ်လို့သိရပါတယ်။
' ကျူးကျော်အဖြစ်အိမ်ထောင်စုအနည်းငယ်ပဲ စာရင်းလာပေးပါတယ်။' လို့ ဆ ရာစံမြောက် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးဦးက ပြောပါတယ်။
ကျူးကျော်စာရင်းလာမပေးကြတဲ့သူအများစုကတော့ ဘိုးစဉ်ဘောင်ဆက်ေ နထိုင်လာတဲ့အတွက် ကျူးကျော်လို့အခေါ်ခံရတာ မကျေနပ်တဲ့အတွက် ကျူးေ ကျာ်အဖြစ်စာရင်းလည်းလာမပေးသလို စလစ်ကတ်တွေလည်း လာမထုတ် ဘူးလို့ သိရပါတယ်။
ဗဟန်းမြို့နယ်မှာ စည်ပင်မြေကျူးကျော်သူ၊ အိုးအိမ်ပိုင်မြေကျူးကျော်သူနဲ့ ပုဂ္ဂ လိက မြေကျူးကျော်သူ သုံးမျိုးရှိတယ်လို့ သိရပါတယ်။
Credit: The Kumudra