ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီး တစ်လျှောက်နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီး တို့၌ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလ တံတားတည်ဆောက်ရေး အတွက် မြေ အားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပ ဏီ မှ တာဝန်ယူ၍ နည်းပညာပိုင်ဆိုင်ရာ စမ်းသပ်အကောင်အထည်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးတို့ အတွက် လုပ်ငန်း များဆောင်ရွက်လျက်ရှိသည်ကို ဇွန် ၁၃ ရက်နေ့ကတွေ့ရသည်။
ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတစ်လျှောက် တွင် စက်ကိရိယာများဖြင့် မြေအားခံနိုင် ဝန်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီမှ တာဝန်ယူ၍ အဖွဲ့နှစ်ဖွဲ့နှင့် လမ်းမတော်မြို့ နယ် ဘုန်းကြီးလမ်းမကြီး၌ အဖွဲ့(၄)ဖွဲ့ဖြင့် မြေအားခံနိုင်ဝန် တိုင်တာခြင်း လုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း ဒလမြို့နယ် မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်း တာဝန်ခံ ကိုဖြိုးကိုက ပြောကြားသည်။
ရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်ရေးအတွက် လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်ကို နေ့စဉ်သွား လာမြင်တွေ့ နေရသော ဒေသ ခံပြည်သူ တစ်ဦးက" ကျွန်တော်တို့ အလုပ်သွားတိုင် ဗိုလ်မင်းရောင် လမ်းမကြီးပေါ် မှာ မြေတူးပြီး စမ်းသပ်နေတာကို နေ့စဉ်တွေ့ပါတယ်၊ တံတားကြီးတည်ေ ဆာက်တော့မယ်လို့ သတင်းတွေကြားတုန်းက မယုံကြည်နိုင်ခဲ့ဘူး၊ ကော လ ဟာလ သတင်းလို့ပဲ ထင်မိပါတယ်၊ ခုလိုမျိုး လုပ်ငန်းတွေ အမှန်တစ်ကယ်ေ ဆာင်ရွက်နေတာ တွေ့မြင်ရလို့ တံတားကြီး ဆောက်တော့မှာကို ယုံကြည် သွားတာပါ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် ကျွန်ေ တ်ာတို့ ဒလမြို့ကနေ ရန်ကုန်မြို့ကို အခက်အခဲ ပေါင်းများ စွာဖြင့် ဖြတ်သန်း သွားလာနေကြတာပါ၊ တံတားကြီး တည်ဆောက်ပြီးသွားမှ လမ်းပန်းဆက် သွယ်ရေး အထူးကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်သွားမှာပါ" ဟု ပြော ကြားခဲ့သည်။
Credit: နိုင်လင်းကျော်(ဒလ)