ဗီယက်နမ်၏ စီးပွားရေးအလားအလာများတွင် တောင်ကိုရီးယား၏ ရှယ်ယာ (ဝေစု) သည် ကြီးထွားသည်ထက် ကြီးထွားလာသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား ၂၈ နှစ်တာအတွင်း ဂျပန်သည်ပင် ကုန်ထုတ်လုပ်မှု
အင်အာကြီးအာဆီယံနိုင်ငံ ဗီယက်နမ်၏ ကမ္ဘာ့ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသူ
ဖြစ်သည်။ တောင်ကိုရီးယားပြီးနောက် ဂျပန်က ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
၄၂ ဒသမ ၄ ဘီလျံဖြင့် ဗီယက်နမ်၏ ကမ္ဘာ့ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသူ၊ စင်္ကာပူက
အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၂ ဘီလျံဖြင့် တတိယအများဆုံး၊ ထိုင်ဝမ်က အမေရိကန်ဒေါ်လာ
၃၁ ဒသမ ၈ ဘီလျံဖြင့် စတုတ္ထအများဆုံးနှင့် ဗြိတိန်ပိုင် Virgin Islands က
အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ ဘီလျံဖြင့် ပဉ္စမအများဆုံးဖြစ်သည်။
တောင်ကိုရီယားကုမ္ပဏီများ၏ ဗီယက်နမ်တွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား ရင်းနှီးမြှုပ်နှံမှုများသည် ထိုကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)
စုစုပေါင်း၏ ၃၀ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၅ ဘီလျံ
ရှိခဲ့ကြောင်း ကိုရီးယားကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မှုဌာန (KOTRA) က ဇွန် ၁၁ တွင် ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှုက တောင်ကိုရီးယားကုမ္ပဏီများ၏ ဒုတိယအလေးပေး
ဆုံးကဏ္ဌဖြစ်ခဲ့ပြီး ထို FDI ၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဌ
က ၅ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တတိယအလေးပေးခံရဆုံးကဏ္ဌဖြစ်ခဲ့သည်။
တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ၏ ၇၁ ရာခိုင်နှုန်းသည် ထိပ်တန်းအလေးပေးဆုံး
ကဏ္ဌအဖြစ် ကုန်ထုတ်လုပ်မှုကဏ္ဌသို့ ကျရောက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူတောင်ကိုရီး
ယားကုမ္ပဏီ ၁၀ ခုတွင် ၇ ခုခန့်သည် ကုန်ထုတ်လုပ်သူများဖြစ်ခဲ့ကြသည်။
"ဗီယက်နမ်စီးပွားရေးဟာ နှုန်းမှန်မှန်နဲ့ ကြီးထွားလာနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ
တွေဟာ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံနေကြပါတယ်" ဟု KOTRA ၏ တာဝန်ရှိသူ
ကင်ဒိုဟီးက တောင်ကိုရီးယားသတင်းဌာန Yonhap သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com