တန်ဖိုးနည်း၊ တန်ဖိုးမျှ အိမ်ရာအခန်းပေါင်း ၄၀၀၀ ခန့်တည်ဆောက်မယ့်ေ နရာဖြစ်တာကြောင့် လှည်းကူးကကျူးကျော်နေထိုင်သူတွေကို သည်နေ့မနက် ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာရှိတယ်။ စီးပွားရေးလုပ်ကိုင်နိုင်တဲ့အိမ်ရာ (commercial) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်မယ့် တန်ဖိုးနည်း၊ တန်ဖိုး သင့်အိမ်ရာပေါင်း ၄၀၀၀ ခန့်နဲ့ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်းအပါ အ၀င် လူနေအိမ်၊ ပန်းခြံနဲ့ ဆေးရုံ စတာတို့ပါဝင်တဲ့ နိုင်ငံတော် အဆင့်စီမံ ကိန်းတွေ တည်ဆောက်မယ့်မြေနေရာဖြစ်ပါတယ်။
လှည်းကူးမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် (၃) မိုင် ၅ ဖာလုံလမ်းဘေး ၀ဲ ယာရှိ ကျူးကျော်တဲတွေကို သည်နေ့(ဇွန်လ ၁၂ ရက်) နံနက် ၉း၀၀ နာရီအ ချိန်လောက်ကစပြီး ရဲ့တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်နဲ့ လုပ်ငန်းခွင်သုံးဦးထုပ်နဲ့ အပြာရောင်တူညီဝတ်စုံ ၀တ်ဆင်ထားတဲ့ အရပ်သားအလုပ်သမား ၁၀၀၀ ခန့်တို့က စတင်ဖျက်သိမ်းနေတာဖြစ်ပါတယ်။
စီမံကိန်းရှိတဲ့ မြေနေရာမှန်းသိလို့ ကျူးကျော်တွေ အလုံးအရင်းဝင်ရောက် လာကြတာဖြစ်ပြီး စီးပွားဖြစ်ကျူးကျော်တွေဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးယုခိုင် က 'အခုကျူးကျော်တွေက စီးပွားဖြစ်ကျူးကျော်တွေပါ။ ဒါကြောင့် ဖယ်ရှားရတာပါ' လို့ရှင်းပြပါတယ်။
သည်မြေနေရာကို အရင်က စပါးလင်ဆီးမွှေးထုတ်လုပ်စိုက်ပျိုးဖို့ ပုဂ္ဂလိက ကိုပေးထားတဲ့နေရာဖြစ်ပြီး ပုဂ္ဂလိကက လုပ်ငန်းမလုပ်ကိုင်ဖြစ်တာကြောင့် အစိုးရကို ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သည်မြေနေရာကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး အိမ်ရာစီမံ ကိန်းတွေ တည်ဆောက်ဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ အပိုင်းနှစ် ပိုင်း ခွဲခြားတည်ဆောက်မှာဖြစ်ပြီး အပိုင်း (၁)မှာ မြေဧရိယာ ၄၀၀ ၀န်းကျင် ရှိတယ်လို့သိရပါတယ်။
သည်စီမံကိန်းတွေကို အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက် မှာဖြစ်ပြီး လက်ရှိဖယ်ရှားလိုက်တဲ့ ကျူးကျော်တွေကို နေရာ အစားထိုးပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ကျူးကျော်တွေကို ဖယ်ရှားပေးဖို့ကိုလည်း ကြိုတင်အကြောင်းကြား ထားခဲ့တြာ ဖစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်အဖြစ်နေထိုင်တဲ့သူတွေကို စာ ရင်းကောက်ခံနေပြီး နေစရာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးသွားမြှာ ဖစ်ပါတယ်။
စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ေ ရာက် အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားထားပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်နေထိုင်သူဦးရေ လေး သိန်းကျော်ခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန် ထားပါတယ်။
Credit: The Kumudra