တရုတ်နိုင်ငံတွင် အိမ်ခြံမြေဥပဒေပြောင်းလဲလိုက်ခြင်းအပေါ် ပြည်သူများ ဆန္ဒပြရာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဥပဒေပြောင်းလဲလိုက်ခြင်းအပေါ် ပြည်သူများ ဆန္ဒပြရာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 10:56 am တွင် တင်ခဲ့သည်
820 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ တွင် ဆန္ဒပြသူရာပေါင်းများစွာသည် ဈေးဝယ်ကုန်တိုက်များ အခြေစိုက်ရာခရိုင်သို့ ချီတက်ကြကာ
အိမ်ခြံမြေဥပဒေ ပြောင်းလဲလိုက်မှုများအပေါ် ဆန္ဒပြခဲ့ကြကြောင်း
ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆန္ဒပြမှုများ ရှားပါးလှသောတရုတ်နိုင်ငံတွင် ယခုဖြစ်ရပ်မှာ ထူးခြားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။လူမှုကွန်ရက်များတွင် ပေါ်ထွက်လာသည့် ဗွီဒီယိုဖိုင်များအရ ဆန္ဒပြသူတို့သည် ဆိုင်းဘုတ်များကိုင်ဆောင်ထားကြကာ ကြွေးကြော်သံများ ဟစ်အော်ရင်း ရှန်ဟိုင်းမြို့ ၏ ဈေးဝယ်စင်တာများစုဝေးရာ နန်ကျင်းလမ်းမကြီးတစ်လျှောက် ချီတက်လာကြသည်ကို တွေ့ရသည်
ဟု ဆိုသည်။

ရိုက်တာသတင်းဌာနက ကြည့်ရှုခဲ့ရသော ဗွီဒီယိုဖိုင်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များသည် အတားအဆီးများ ပြုလုပ်ပိတ်ဆို့နေကြကာ ဆန္ဒပြသူတစ်ဦးကို ဒရွတ်တိုက်ဆွဲခေါ်သွားသည်ကို တွေ့ခဲ့သည်။

တရုတ်ပြည်တွင်းသတင်းဌာနများက ဆန္ဒပြမှုသတင်း ဖော်ပြခြင်းမရှိခဲ့သည့်နည်းတူ လူမှုကွန်ရက်များတွင် ရေးသားဖော်ပြမှုများကိုလည်း အင်တာနက်ဆင်ဆာအဖွဲ့က ဖြုတ်ချလျက်ရှိသည်ဟု ဆိုသည်။

မျက်မြင်တွေ့ခဲ့သူ ၂ ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြသူများကို ဦးဆောင်သည်ဟု ယူဆရသူ ၁၀ ဦးခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
“Apple store ရှိတဲ့ လမ်းဘက် တစ်ခြမ်းလုံး လူတွေအပြည့်ဖြစ်သွားတယ်”
ဟု အနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပြီး
ည ၈ နာရီခန့်တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ၁၀ နာရီခန့်တွင် လူစုကွဲသွားကြောင်းလည်း ဆက်လက်ပြောကြားသည်။

ရှန်ဟိုင်း အိုးအိမ်ဗျူရိုက ပြီးခဲ့သော မေလ ၁၇ ရက်တွင်
ကြေညာခဲ့သည်မှာ ရုံးခန်းစီမံကိန်းများကို လူနေတိုက်ခန်းများအဖြစ်
ပြောင်းလဲထားသည်များအား သိမ်းဆည်းရှင်းလင်းရန်နှင့် ပြုပြင်ပေးရမည်ဖြစ်ကာ လူနေရန်လိုအပ်သည့်လိုအပ်ချက်များ ဖြည့်တင်းပေးရန် ကြေညာလိုက်ခြင်း ဖြစ်သည်။

အိမ်ခြံမြေ developer တို့သည် လူနေဇုန်ထက် ပိုမိုမြေဈေးသက်သာသောနေရာများတွင်
ရုံးခန်းအဖြစ်ဆောက်လုပ်ပြီးနောက် လူနေခန်းအဖြစ် ရောင်းချခဲ့ကြခြင်းဖြစ်သည်။

ထိုကြေညာချက်ကြောင့် developer တို့ထံမှ နေအိမ်ခန်းဝယ်ယူထားမိသူ
တို့မှာ မိမိတို့စုဆောင်းထားသည်များ အားလုံးထုတ်သုံး ရင်းနှီးထားရခြင်းဖြစ်သောကြောင့် အမျက်ထွက်နေကြခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ နှစ်စဉ်မြင့်တက်လာလျက်ရှိရာ နေအိမ်ဝယ်ယူလိုသူများမှာ မိဘ၊ ဘိုးဘွားများလက်ထက်ကတည်းက စုဆောင်းထားသည်များအားလုံးကို ထုတ်သုံးကာ
ဝယ်ယူကြရလျက်ရှိနေသည်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ရှန်ဟိုင်းတွင် ပျှမ်းမျှအားဖြင့် အိမ်ခြံမြေဈေးနှုန်းများ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Infinity@111Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service