ရွှေထည်လက်ဝတ်ရတနာဝယ်ယူသူတွေအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်နိုင်ဖို့ ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် commercial tax stamp label ကပ်နှိပ်ထုတ်ပေးခြင်း အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ ဇူလိုင်လ ၁ ရက်နေ့ စတင်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
' တစ်နိုင်ငံလုံးအတိုင်းအတာနဲ့က ဇူလိုင်လ ၁ ရက်နေ့စပါမယ်၊ ရန်ကုန်တိုင်း နဲ့ မန္တလေးကတော့ ဇွန်လ ၁ ရက်နေ့စတာပေါ့' လို့ပြည်တွင်းအခွန်များ ဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောပါတယ်။
ရွှေထည်လက်ဝတ်ရတနာရောင်းချသူတွေအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ကိုယ်စားကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးခြင်းအတွက် ရှင်းလင်း လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ်ကို ရွှေ ထည်လက်ဝတ်ရတနာ ၀ယ်ယူသူတို့ကို ထုတ်ပေးမယ့်ပြေစာမှာ ကျသင့်ငွေနဲ့ ညီမျှတဲ့တန်ဖိုးအတိုင်းကပ်နှိပ်ထုတ်ပေးခြင်း အစီအစဉ်ကို ကျင့်သုံးဆောင် ရွက်သွားမှာဖြစ်ပါတယ်။
ရွှေထည်လက်ဝတ်ရတနာဝယ်ယူသူတွေအနေနဲ့ ရွှေထည်သီးသန့်ဝယ်ယူခြင်းအတွက် ကျသင့်တဲ့ စုစုပေါင်းတန်ဖိုးပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် တစ်ရာ ခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ရွှေထည်နဲ့ ကျောက်မျက်ရတနာပေါင်းစပ်ထားတဲ့ လက်ဝတ်ရတနာဆိုရင်တော့ တန်ဖိုးအပေါ်မှာ တစ်ရာခိုင်နှုန်း နဲ့ ကျောက်မျက်ရတနာပေါ်မှာ ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ေ ပးေ ဆာင်ရ မှာဖြစ်ပါတယ်။
ရွှေထည်နဲ့ လက်ဝတ်ရတနာဝယ်ယူခြင်းအပေါ် ကုန်သည်လုပ်ငန်းခွန်ပေးေ ဆာင်တာကို ၂၀၁၇ အခွန်ကောက် ဥပဒေအရအစိုးရအနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ စဆောင်ရမယ်လို့ သတ်မှတ်ထားပေမဲ့ ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းထုတ်ပေးနိုင်ခဲ့ခြင်းမရှိတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကောက်ခံရတာဖြစ်ပါတယ်။
Credit: The Kumudra