တန်ဖိုးနည်းတိုက်ခန်းများ ၁၀နှစ် အရစ်ကျမှ ၁၅ နှစ်သို့ နှစ်တိုးရောင်းမည်

တန်ဖိုးနည်းတိုက်ခန်းများ ၁၀နှစ် အရစ်ကျမှ ၁၅ နှစ်သို့ နှစ်တိုးရောင်းမည် - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 10:14 am တွင် တင်ခဲ့သည်
1570 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျ ဝယ်ယူရာတွင် လက်ရှိ ၁၀ နှစ် အရစ်ကျ ထုတ်ချေးပေးရာမှ ယခုနှစ်အတွင်း ၁၅ နှစ်ခန့်ဖြင့် နှစ်တိုး၍ ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊
အိမ်ရာချေးငွေ ဌာနမှ သိရသည်။

ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်မန်နေဂျာ ဦးလှမျိုးတင့်က “အခုက ကျပ်သိန်းတရာတန် အိမ်ကိုဝယ်ရင် ဝင်ငွေက ကျပ် ၃သိန်းရှိမှဖြစ်မယ်။ ၃ သိန်းအောက် သူတွေအတွက်လည်း စဉ်းစား နေပါတယ်။ နိုင်ငံတော်ကသော်လည်းကောင်း၊ အခြား International အဖွဲ့အစည်း တခုခုကသော်လည်း ချေးငွေရအောင် လုပ်နေပါတယ်။ ဒါတွေရရင် နှစ်ရှည် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက အခု ၁ လ ကျပ် ၁ သိန်းနှုန်းနဲ့ ၁၀နှစ် အရစ်ကျ ပေးနေတာကနေ ၁ လ ကျပ် ၄၊ ၅၊ ၆ သောင်းလောက်နဲ့ ၁၅ နှစ်၊ အနှစ် ၃၀ လောက် အထိ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ၁၅ နှစ်ကတော့ ဒီနှစ်ထဲ လုပ်ပေးဖို့ များပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နှစ်ရှည်ချေးငွေ ပေး၍ တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချနိုင်ရန် ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး လာမည့် ဘဏ္ဍာနှစ်တွင် JICA ထံမှ ချေးငွေ ရရှိရန် လုပ်ဆောင်နေကြောင်း တန်ဖိုးနည်း အိမ်ရာများ အပြင် တန်ဖိုးမြင့်ဖြစ်သော ရတနာနှင်းဆီအိမ်ရာကဲ့သို့ ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၂၀၀ အထိရှိသော တိုက်ခန်းများ ကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းနှင့် တန်ဖိုးမြင့်တိုက်ခန်းများကို အရစ်ကျ ဝယ်ယူလိုလျှင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်ပြီး စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီလျှင် ဘဏ်က ၇၀ ရာခိုင် နှုန်းကို နှစ်ရှည်ချေးငွေစနစ်ဖြင့် ထုတ်ချေးပေးကြောင်း ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မာကက်တင်း ဌာန လက်ထောက်မန်နေဂျာဦးဟိန်းဝေနောင်က ပြောသည်။

၂၀၁၇-၁၈ ၂နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အိုးအိမ်နှင့် ချိတ်ဆက်ပြီး အခန်းပေါင်း ၈ထောင်ခန့်ကို ဆောက်လုပ် ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာချေးငွေ အရစ်ကျ ချေးငွေထုတ်ချေးကာ ရောင်းချပေးနေပြီး လိုင်သာယာ၊ ရွှေလင်ဗန်း၊ ဒဂုံဆိပ်ကမ်း၊ ယုဇနနှင့် သန်လျင်မြို့နယ်များရှိ အိမ်ရာများ ဖြစ်ကြောင်း သိရသည်။

ဦးဟိန်းဝေနောင်က “အခုက လိုင်သာယာရွှေလင်ဗန်းရယ်၊ ကနောင်ရယ်၊ ယုဇနရယ် ၃ နေရာကို အရစ်ကျ ရောင်းချပြီး ပါပြီ။ တန်ဖိုးနည်းက ကျပ်သိန်း ၁၀၀ ဝန်းကျင်ပဲရှိပါတယ်။ ၁၀ နှစ်အရစ်ကျနဲ့ ရောင်းချပေးထားပါတယ်” ဟု ပြောသည်။

ဦးလှမျိုးတင့်ကလည်း “ဒီတိုက်ခန်း ၈ထောင်က ၂နှစ်အတွင်းဖြစ်တယ်။ အခုက ၁ နှစ်ထဲရောက်နေပြီ။ ဆောက်လုပ်တဲ့ တိုက်ခန်း ပြီးစီးမှုအပေါ် မူတည်ပြီးတော့ အသုတ်လိုက် ရောင်းချမှာ ဖြစ်တယ်။ အခုချိန်ထိ ရောင်းချထားတာ တိုက်ခန်း ပေါင်း ၁ထောင် ကျော် ရှိပါပြီ” ဟု ပြောသည်။

ထိုသို့ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ဘဏ်အတိုးနှုန်း မြင့်မားနေသည့် အခြေအနေ များကို အစိုးရက ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတိုးနှုန်း လျော့ကျစေမည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့် ကြောင်း အိမ်ခြံမြေရောင်းချသူများနှင့် ဝယ်ယူသူများက အကြံပြု ပြောဆိုမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အပ်ငွေအတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိတွင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ငွေပမာဏအားဖြင့် ၁၀ ဘီလီယံ၊
လူဦးရေအားဖြင့် ၁၄၀၀ ခန့်ကို တန်ဖိုးနည်း အိမ်ရာ များ အရစ်ကျ ရောင်းချပေးထားကြောင်း သိရသည်။

ယင်းဘဏ်သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် မကွေးတိုင်း တို့တွင်လည်း ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိ နေကြောင်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service