ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို CB ဘဏ်က ချေးငွေပေးမည်

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို CB ဘဏ်က ချေးငွေပေးမည် - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 10:11 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) ကုန်ထုတ်လုပ်ငန်းများအ တွက် CB ဘဏ်မှ ကျပ်သန်းပေါင်း ၄၃၀၀ ကျော်(ယူရို ၃ သန်းကျော်) ကို ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့ ဆူးလေရှန်ဂရီလာ ဟို တယ်၌ ချေးငွေကို သြဂုတ်လမှ စတင် ချေးပေးမည်ဖြစ်ကာ SME လုပ်ငန်း ရှင်များသို့ ထုတ်ချေးရာတွင် ချေးငွေသက်တမ်းမှာ ၁ နှစ်မှ ၅ နှစ်အထိ ကာလ တိုနှင့် ကာလရှည် ၂ မျိုး ဖြစ်ကြောင်း၊ လုပ်ငန်းရှင် တဦးလျှင် မြန်မာကျပ်ငွေ သိန်းပေါင်း ၁ ထောင် အထိ CB ဘဏ်သို့ လျှောက်ထား ချေးယူနိုင်ကြောင်း၊ အပေါင်ပစ္စည်းပေးစရာ မလိုဘဲလည်း ချေးယူနိုင်မည် ဖြစ်သည်။

ပြုလုပ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ကူညီထောက်ပံ့ပေးမည့် ချေးငွေ အမျိုးစားသစ် မိတ်ဆက်ပွဲမှ သိရသည်။

CB ဘဏ်၏ အသေးစားနှင့် အလတ်စား ချေးငွေဌာနခွဲ တာဝန်ခံ Saw Dino Ku က ” ဒီချေးငွေက ဂျာမနီနိုင်ငံ KFW bank က မြန်မာနိုင်ငံ အစိုးရကို ပံ့ ပိုးငွေပေးထားတာ ဖြစ်ပါတယ်။ ဒါကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဌာနေ အာက်ကနေ တဆင့် CB ဘဏ်ကို ပေးတာဖြစ်တယ်။ ကျနော်တို့ CB ဘဏ် ကနေ ဒီချေးငွေ ၄ ဒသမ ၄၅ သန်းကို သြဂုတ်လထဲမှာ တနိုင်ငံလုံး မှာ ရှိတဲ့ SME လုပ်ငန်းရှင်တွေကို စတင်ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ SME လုပ်ငန်း များအတွက် ယူရို ၃ ဒသမ ၃ သန်းချေး ပေးမှာပါ။ အဲဒီထဲက ၁ ဒသမ ၁၅ သန်းကိုတော့ Bank လုပ်ငန်းဆိုင်ရာ နည်းပညာပိုင်းတွေမှာ ဂျာမနီနိုင်ငံက အကူညီပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ Saw Dino Ku က”ဘာလို့ဆိုတော့ ချေးငွေရဲ့ ၇၅ ရာခိုင်နှုန်း က မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းမှာ ရင်းနှီးမြှုပ်နှံ ရမယ်ဆိုတော့ သူတို့နဲ့ ကိုက်ညီတာက ကုန်ထုတ်လုပ်တဲ့ SME လုပ်ငန်းတွေက ပိုကိုက်ညီပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်း က လည်ပတ်နေတဲ့ ငွေကြေးမှာ အသုံးပြုသွား မှာ ဖြစ်ပါတယ်။ အတိုးနှုန်းက အပေါင်ပစ္စည်းထားပြီး ချေးရင် တနှစ်ကို ၈ ဒသမ ၅ ရာခိုင်နူန်းဖြစ်တယ်။ အပေါင်ပစ္စည်း မပါဘဲ ချေးမယ်ဆိုရင် ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်’’ ဟု ပြောသည်။

SME လုပ်ငန်းရှင်များ အနေဖြင့် အပေါင်ပစ္စည်းထားရှိပြီး ချေးငွေ ထုတ်ချေး လျှင် မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေ လုပ်ငန်းများကို ထားရှိပြီး ချေးယူရ မည် ဖြစ်ကြောင်း သိရသည်။

သမဝါယမဘဏ် (CB Bank) က ပြည်တွင်းလုပ်ငန်းရှင်များသို့ ထုတ်ချေး မည့် ချေးငွေများကို ၃ ဒသမ ၅ ရာခိုင်နူန်းဖြင့် စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီး ဌာနသို့ ၁၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

German Embassy Development Counsellor အာရှေ့အာရှနှင့် ပစိ ဖိတ်ဒေသဆိုင်ရာ အရာရှိ ဖြစ်သူ Dr.Katharia Spiess က “ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍတွေကို ချေးငွေ စီမံကိန်းလုပ်ထားတာတွေ ရှိတယ်။ အဲဒါအ တွက် မြန်မာအစိုးရ ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍရေး ဝန်ကြီးဌာနကို ထား လိုက်တယ်။ အဲဒီက တဆင့် CB ဘဏ်ကို ရွေးချယ်လိုက်တာက SME လုပ် ငန်းတွေမှာ ရှေ့ပြေးနေတဲ့ ဘဏ်ဖြစ်တဲ့ အတွက် ရွေးချယ်တာ ဖြစ်တယ်’’ ဟု ပြောသည်။

ဂျာမနီနိုင်ငံအနေဖြင့် မြန်မာအစိုးရသို့ ၁၉၉၈ ခုနှစ်မှ စတင်ပြီး ထောက် ပံ့ငွေ ပေးခဲ့သည်မှာ ယူရိုငွေ ၉၀ မီလီလျှံ ရှိပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ SME လုပ်ငန်းများအတွက် အစီအစဉ်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ယခုထုတ်ချေးပေးသည့် ချေးငွေ၏ အကျိုးသက်ရောက်မှု အခြေအနေပေါ် မူတည်ပြီးချေးငွေများကို အစိုးရချင်း သဘောတူညီမှုနှင့် ငွေကြးပမာဏ တိုြး မင့် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် SME လုပ်ငန်းများကို ပထမ အဆင့် အနေနှင့် ထုတ်ချေးပေးပြီး ဒုတိယအဆင့်အနေဖြင့် ထပ်မံ ထုတ်ချေးပေးရန် ၅ နှစ်စီမံကိန်း ကို မြန်မာ အစိုးရနှင့် သဘောတူညီချက် စာချုပ်များ ချုပ်ဆိုသွားမည် ဖြစ်သည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service