လက်ရှိ မန်းအိမ်ခြံမြေ ဈေးကွက်က မြို့သစ်ဧရိယာတွေမှာ အရောင်းအ ဝယ်ရော၊ အငှားဈေးကွက်ပါ တက်လာတာကို တွေ့ရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။
မန္တလေးမြို့အတွင်း တချို့ဧရိယာနယ်မြေတွေမှာ အိမ်ခြံမြေ ဈေးနှုန်းတွေြေ ပာင်းလဲ ကျဆင်းပေမယ့် ဈေးကွက်တောင်းဆိုတဲ့ မြို့သစ် ၁၊ ၂၊ ၃၊ ၄ ရပ် ကွက်ကြီးတွေ မြရည်နန္ဒာ၊ သင်ပင်ကုန်း၊ ထန်းကိုးပင်၊ မဟာမြိုင် စတဲ့ ရပ် ကွက်တွေဟာ ဈေးကွက်မှာ စိတ်ဝင်စားသူ များပြားနေတာကြောင့် အရောင်း အဝယ်ရော၊ အငှားပါ မြင့်တက်နေပါတယ်။
အဲ့သည်ဧရိယာတွေမှာ အိမ်ခြံမြေ ဈေးနှုန်း အမျိုးမျိုး ရှိတာကလည်း ဈေးကွက် အတွက် အထောက်အပံ့ ဖြစ်နေပါတယ်။ မြို့သစ်ဧရိယာတွေမှာ ကျပ်သိန်း ရာဂဏန်း၊ ကျပ်သိန်း ၃၅၀၀၊ ဈေးမြင့်တဲ့ ကျပ်သိန်း ၈၀၀၀ ပတ်ချာလည်အ ထိ စိတ်ဝင်စားသူတွေအတွက် ရှိပါတယ်။
အဓိက အားသာချက်ကတော့ မြို့သစ်ဟာ ရွှေ့ပြောင်းအခြေချလိုသူတွေ ဦး စားပေး စဉ်းစားဖို့ ကောင်းတဲ့ နယ်ပယ်သစ် ဖြစ်တယ်လို့ အကျိုးဆောင်ေ တွက ပြောပါတယ်။
အခုဆိုရင် မြေကွက်ပြည့်မတတ်နိုင်သူတွေက ပေ ၄၀ x ပေ ၆၀ ကွက်အ စား ပေ ၂၀ x ပေ ၆၀ လို မြေတစ်ခြမ်းတွေကို မြို့သစ်ထဲမှာ အဆောက် အ အုံ ကောင်းကောင်းဆောက်ပြီး နေထိုင်လာကြပါတယ်။
ဒါ့အပြင် မြို့သစ်ဧရိယာတွေမှာ အငှားဈေးနှုန်းလည်း မြင့်တက်လာပါ တယ်။ နေရာကောင်းတွေမှာ နေရာအကျယ်အဝန်း၊ အဆောက်အအုံ အနေ အထားအလိုက် တစ်လကို ကျပ် ၁၀ သိန်း လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
Credit: The Kumudra