မြို့အရွယ်အစားရှိသည့်နိုင်ငံ စင်္ကာပူတွင် အိမ်ခြံမြေရှာဖွေသူများအား ရှားပါးအခွင့်အရေးတစ်ရပ်က စောင့်ဆိုင်းနေသည်။
စင်္ကာပူတွင်ကမ္ဘာ့အတင်းကျပ်ဆုံးနိုင်ငံခြားသားအိမ်ခြံမြေပိုင်
ဆိုင်ခွင့်ဥပဒေအချို့ ရှိသည်။ သို့သော်လည်း နိုင်ငံခြားသားများသည်
စင်္ကာပူရှိ မြေစိုက်အိမ်တစ်အိမ်ကို ၀ယ်ယူရန် အခွင့်အရေးများကို ရှာဖွေနိုင်ဆဲဖြစ်သည်။
နိုင်ငံခြားသားများအနေဖြင့် ပြည်မကြီးတွင် တိုက်ခန်းများကိုသာ ၀ယ်ယူနိုင်စဉ်
Sentosa Cove တွင်မူ အထူးအစီအစဉ်တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။
Sentosa Cove တွင် အဆောက်အအုံတည်ဆောက်မှုများကို
လူနေအိမ်ခြံမြေအက်ဥပဒေမှ ကင်းလွတ်ခွင့်ပေးလိုက်ပြီဖြစ်သည်။ ယင်းအက်ဥပဒေသည် နိုင်ငံခြားသားများအား
မြေစိုက်အိမ်ပိုင်ဆိုင်ခွင့်မှ တားမြစ်ထားသော ဥပေဒဖြစ်သည်။
Sentosa Cove တွင် ထိုသို့ကင်းလွတ်ခွင့် ရရှိထားသော်လည်း
နိုင်ငံခြားသားအိမ်ဝယ်လက်များသည် စတုရန်းမီတာ ၁,၆၇၂ ဒသမ
၃ ထက် ကျော်လွန်သော မြေအကျယ်အ၀န်းရှိသည့် မြေစိုက်အိမ်ကိုမူ ၀ယ်ယူခွင့်မရှိသေးပေ။
Sentosa Cove တွင် မြေစိုက်အိမ်များကို ၀ယ်ယူရန် နိုင်ငံခြားသားများသည် စင်္ကာပူမြေအာဏာပိုင်အဖွဲ့၏ မြေအရောင်းအ၀ယ်ထောက်ခံချက်ဌာနမှ ထောက်ခံချက်အတွက် လျှောက်ထားရမည်ဖြစ်သည်။ ၎င်းဌာနက လျှောက်ထားမှုအား လက်ခံရရှိမှုပေါ်မူတည်၍
ရုံးဖွင့်ရက် ရက် ၂၀ အတွင်း ထောက်ခံချက်ပြုလုပ်ပေးမည်ဖြစ်သည်။
စင်္ကာပူအိမ်ခြံမြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ ခုနှစ်၌ အမေရိကန်ဒေါ်လာ၎ ဒသမ ၁ ဘီလျံ သို့ မြင့်တက်ခဲ့သည်။
ယင်းသည် ၂၀၁၅ ခုနှစ်ကထက် ၄၄၁ ရာခိုင်နှုန်း
မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com