တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန်၂၀ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည်

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန်၂၀ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2017 11:06 am တွင် တင်ခဲ့သည်
3164 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB သို့ တန်ဖိုးနည်း
အိမ်ရာ ဝယ်ယူမည့်သူများ အနေနှင့် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ
စတင် ပေးသွင်းရတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ
သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ ဝယ်ယူသူများက
စတင် ပေးသွင်းရသည့် ပထမအရစ် ၃၀ ရာခိုင်နှုန်းအစား
၂၀ ရာခိုင်နှုန်းသာ ပေးသွင်းနိုင်ရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တန်ဖိုးနည်းအိမ်ရာအတွက် လက်ရှိ ပထမအရစ်က ၃၀ ရာခိုင်နှုန်း ပေးသွင်းရမယ်။ မိသားစုဝင်ငွေ သုံးသိန်း အထက်ရှိမှဖြစ်နိုင်မယ်။ လူတန်းစားမရွေး ဝယ်ယူနိုင်မယ့် တစ်လဝင်ငွေ ၂ သိန်း အောက် ရှိတဲ့မိသားစုတွေ အိမ်ပိုင်ဆိုင်နိုင်ဖို့အတွက် အခုလို လျှော့ချဖို့
စီစဉ်တာပါ”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ကျပ် သိန်း ၁၀ဝ တန် တိုက်ခန်း ဝယ်ယူမည်ဆိုပါက တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးချေပြီး ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူလိုသူများအတွက် စတင်ပေးသွင်းသည့် ရာခိုင်နှုန်းကို လျှော့ချမည့်အပြင် အရစ်ကျပေးချေမှု စနစ်တွင်လည်း နှစ် ၃၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့်အခြား ပြည်ပ အဖွဲ့အစည်းများထံမှ ချေးငွေရရှိရန် လိုအပ်ကြောင်း CHDB ဘဏ်ထံမှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB) အနေနှင့် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service