မြေကြီးရရေးက မလွယ်လှပေ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် အဓိကအကျဆုံး အဟန့်အတားမှာ စီးပွားရေးလုပ်ရန် မြေနေရာဖြစ်သည်။ မြေနေရာ တံတိုင်း က စီးပွားရေး လုပ်ငန်းများကို ယနေ့ထိ ကာဆီးနေဆဲ ဖြစ်သည်။
ယင်းအဟန့်အတားကြောင့်ပင် တပ်ပြန်ခေါက်သွားကြသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုကြည့်ကာ ငိုချင်လျက် လက်တို့နေရသည်။ အရှေ့တောင်အာ ရှတွင် ဈေးအမြင့်ဆုံးဟု ဆိုသည့် ရန်ကုန်မြို့ မြေဈေးသည် စီးပွားရေးလုပ် ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များ အဓိက ထောက်ပြသည့်အချက်မှာ မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း ဖြစ်ေ ကြာင်း စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့ (CESD) ၏ အကြီးတန်း နည်းပ ညာနှင့် မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ ဦးမင်းဇာနည်လင်းက ဆိုသည်။
“ဒီမြေကိစ္စကို (နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက) Blame အမြဲလုပ်တာ ရှိ တယ်။ မြန်မာနိုင်ငံရဲ့မြေက အာဆီယံမှာ ဈေးအကြီးဆုံးဖြစ်တယ်။ ရန်ကုန်ြေ မဈေးက နယူးယောက်က မြေဈေးထက် ပိုကြီးနေတယ်။ ဒါက စီးပွားရေးလုပ် ငန်းတွေ အတွက် အခက်အခဲပဲ” ဟု ၎င်းက ဆိုသည်။
ဘဏ္ဍာရေး၊ မြေနေရာ၊ လုပ်သားအရင်းအမြစ်၊ လျှပ်စစ်မီး၊ စီးပွားရေးဆိုင်ရာ မူဝါဒ စသည့် အချက်များကိုကြည့်ကာ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံရာ တွင် မြေနေရာ ရရှိရေးက စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်မှု အစီရင် ခံစာအရလည်း မြန်မာနိုင်ငံတွင် မြေရရှိရေးမှာ ကြီးမားသည့် အခက်အ ခဲ ဖြစ်သည်ဟု ထောက်ပြထားသည်။
အဆိုပါ အတားအဆီးကို ဖြိုဖျက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အားထုတ်နေသည်။ သင်တင့်သောဈေးဖြင့် မြေနေရာ ရစေရမည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အာမခံချက်ပေးလေ့ ရှိသည်။ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ဝန်ကြီး က အထက်ပါအတိုင်း ဆွဲဆောင်သည်။
သို့သော် သပွတ်အူကဲ့သို့ ရှုပ်ထွေးသည့် မြေယာပြဿနာများစွာက အမြစ်တည်ေ နသည်။ လယ်ယာမြေနှင့် မြို့ပြစီမံကိန်း၊ စက်မှုဇုန်များနှင့် ကျူးကျော်ပြဿ နာများက မြားမြောင်လှသည်။ ယင်းနှင့်ဆက်စပ်ပြီး အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ကလည်း လိုက်ပါဂယက် ထနေပြန်သည်။ မြေနေရာကြောင့် စီးပွားရေး လုပ် ငန်းအပေါ် ရိုက်ခတ်မှုက မည်သို့နည်း။
စီမံကိန်းနှင့် လယ်မြေသပွတ်အူ
“ဒီလယ်ကွင်းတွေပဲ” ဟု လယ်သမား ဦးရဲကျော်ဇောက ပေါင်းမြက် များ စွာ ပြန့်ကျဲပေါက်ရောက်နေသည့် လယ်ကွင်းများကို ညွှန်ပြလိုက်သည်။
နေရာကား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှု ဇုန်အနီးတွင် ဖြစ်သည်။ ဧက ၁၆၀ ကျော် ရှိသော တစ်ကွင်းတစ်စပ်ထဲ လယ် ကွင်းများ ဖြစ်ပြီး အချို့ကွင်းများမှာ မိုးစပါး စိုက်ပျိုးရန် ထွန်ယက်လျက်ရှိသည်။
ဦးရဲကျော်ဇောကမူ မိုးစပါးစိုက်ရန်ထက် အခြားစီမံချက်တစ်ခုကို ပိုစိတ်ဝင် စားလျက် ရှိသည်။ ယင်းစီမံချက်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဂယက် ရိုက်ခဲ့သည့် ဘုရင့်နောင် ကုန်စည်ဒိုင် ပြောင်းရွှေ့ရေး ဖြစ်သည်။
၎င်းတို့မြေယာများပေါ်တွင် ကုန်စည်ဒိုင် ပြောင်းရွှေ့လာမည်ဟု သတင်း စ ကား ကြားသဖြင့် ရှေ့ဆက်သွားရမည့် အနာဂတ် အစီအစဉ်များကို ၎င်းက တွက်ချက်နေသည်။ ၎င်းသည် စီမံကိန်း မြေနေရာတွင် မြေရှစ်ဧကခန့် ပိုင် သည်။
“စီမံကိန်းကို မကန့်ကွက်ဘူး။ ဒါပေမဲ့ လျော်ကြေး ၅၀ ရာခိုင်နှုန်း (ဂရန်ပေါက် ပြီး မြေ) ပေးဖို့ တောင်းဆိုထားတယ်” ဟု သူက ဆိုသည်။
မျှော်လင့်ထားသည့်အတိုင်း လျော်ကြေးရလျှင် သူပိုင်ဆိုင်သည့် မြေရှစ် ဧက အနက် တစ်ဝက်ရမည် ဖြစ်သည်။ သို့သော် မြေတန်ဖိုးမှာမူ အဆများစွာ ပို တက်လာမည် ဖြစ်သည်။ ၎င်းကိုယ်တိုင် လယ်ယာမြေကို အခြားမြေအဖြစ် အသုံးချခွင့် (လန ၃၉) မလျှောက်ထားရဘဲ စီမံကိန်းမြေ တွင် မြေပိုင်ဆိုင်နိုင် သည်။
အဖိုးတန်မြေ ပိုင်ဆိုင်သူများတွင် သူလည်း ပါဝင်လာမည် ဖြစ်သည်။ ယင်းမှာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ် သည်။ စီမံကိန်းတစ်ခုခု စတင်သည်နှင့် ယင်းနေရာရှိ မြေများမှာ အလို လို ဈေးတက်သည်မှာ မလွဲပေ။
ထိုအခြေအနေကို ကွက်ကျော်မြင်သူများနှင့် သတင်းဦးရသူတို့က မြေနေရာ လက်ဦးဝယ်ယူကြသည်။ အထင်ရှားဆုံး သာဓကဆိုလျှင် ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရာတွင် လက်သွက်လွန်းသော လုပ်ငန်းရှင်များ က မြေဝယ် ယူထားပြီး ဖြစ်နေသည်။
စီးပွားရေး မဟုတ်သော စီးပွားရေး ပုံစံတစ်ရပ်ကြောင့် ငွေထုပ်ပိုက်သွား သူ များက ဒုနှင့်ဒေး။
စက်မှုဇုန်များတွင်လည်း အလားတူ ဖြစ်သည်။ ကုန်ထုတ်လုပ်ရန်ထက် မြေေ နရာ ရရန်သာ ပထမ ဦးစားပေးကြသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက် မှုဇုန်ပေါင်း ၂၉ ခုရှိပြီး ယင်းဇုန်များ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကုန် ထုတ်လုပ်မှုကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘဲ မြေဈေးကသာ တစ်နှစ် ထက် တစ်နှစ် ပိုမြင့်လာကြောင်း လုပ်ငန်းရှင်များက ဝေဖန်ကြသည်။
မြေရှိမှ ငွေချေးမယ်
စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်းများအတွက် ငွေချေးယူရာ တွင် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု တစ်ခုခုကို ပေါင်နှံချေးယူရသည်။
အိမ်၊ ခြံ၊ မြေ မပိုင်ဆိုင်သူများမှာမူ စီးပွားရေးလုပ်ရန် ဘဏ်ချေးငွေမရ။ အပေါင်ပစ္စည်း မလိုဘဲ ငွေချေးနိုင်သည့် (Credit Guarantee Insurance CGI) ရှိသော်လည်း တွင်တွင်ကျယ်ကျယ် ဖြစ်မလာသေးပေ။
ငွေချေးရာတွင် မြေပိုင်ဆိုင်မှု အထောက်အထား (မြေဂရန်) စစ်ဆေးသည်။ ယင်းအထောက်အထားကို ဘဏ်များ၏ ရှေ့နေများက စိစစ်အတည်ပြု ပြီး ပေါင်နှံမည့် ပစ္စည်းကို ရာပြတ်တန်ဖိုး သတ်မှတ်ကာ ချေးငွေပမာဏ မည်မျှထုတ်ပေးမည်ကို ဆုံးဖြတ်သည်။
ဈေးနှုန်းသတ်မှတ်ရာတွင် လက်ရှိ ဈေးကွက်ပေါက်ဈေး၊ ဗိုက်နာရောင်းဈေး (Forced Sale Value) စသည့် ဈေးနှုန်းများပေါ်တွင် မူတည်ပြီး ရာခိုင်နှုန်း အလိုက် ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်တွင် Ex-Chairman အဖြစ် လုပ်ကိုင်ခဲ့သူ ဦးမြသန်းက ဆိုသည်။
ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management) အရ ဘဏ်လုပ် ငန်းနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ချေးငွေဆပ်မှု ကောင်းမွန်သူကို ရာပြတ် တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းအထိ ပေးလေ့ရှိသည်။ ဥပမာ သိန်းတစ်ထောင် တန် မြေပိုင်ရှင်ကို သိန်း ၇၀၀ အထိ ထုတ်ချေးပေးကြောင်း ၎င်းက ဆိုသည်။ ဆုံးရှုံးနိုင်ခြေရှိသည့် လုပ်ငန်းရှင်ကိုမူ ၃၀ ရာခိုင်နှုန်းသာ ထုတ်ချေးပေးသည်။ လက်ရှိတွင် စီးပွားရေး နှေးကွေးသဖြင့် မြေအပေါင်ခံငွေကြေး အရင်းအနှီး ရယူမှုနည်းသွားသည်။
မြေယာအရေး စိတ်မအေးသေးပါ
နိုင်ငံတစ်ဝန်းရှိ မြေယာများ၏ မူရင်းပိုင်ဆိုင်သူသည် နိုင်ငံတော်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၇)က အတိအလင်း ဆိုသည်။
ကိုလိုနီခေတ်အတွင်းကမူ ‘မြေယာသည်သာ လွတ်လပ်ရေး’ ဟူ၍ မြေယာ ပိုင်ဆိုင်လျှင် သူ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ကြောင်း အတွေးအခေါ်များ လည်း ပေါ်ထွက်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း လက်နက်ကိုင်များနှင့် တိုက်ပွဲ သည် သူ့ဒေသ၊ ကိုယ်ဒေသ နယ်မကျော်ရ ဟူသည်မှာ မြေနှင့်လည်း ဆက် စပ်ပြန်သည်။
နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မြေကို အမှီပြု၍ တောင်းဆိုကြ ခင်းပင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ဒေသ။ နောက်ဆုံးပြောရလျှင် ‘ခွဲထွက်ခွင့်’ စကားရပ်သည်ပင် မြေနှင့် မကင်း။
ဤမျှမကသေး။ နိုင်ငံတစ်ဝန်း လွှမ်းခြုံသည့် လယ်ယာလုပ်ငန်းခွင်ကို ကြည့် ပါ။ တစ်ဦးချင်းမှသည် ရွာလုံးကျွတ်နီးပါး ဆန္ဒပြနေသည့် လယ်သမားများ၊ လယ်ပြန်ရရေး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြသည့် လယ်သမားများမှ သည် ထောင်မကြောက် တန်းမကြောက်အထိ ပြုလုပ်နေကြသည်က မြေအ တွက်ပင်။
ယနေ့ကျဆင်းနေသည့် စီးပွားရေးကဏ္ဍတွင်လည်း ရှုပါ။ လုပ်ငန်းလုပ် ရန် မြေရှားသည်။ စက်မှုဇုန်များရှိ ဂိုဒေါင်ငှား စားသူများနှင့် ဇုန်မြေပိုင်ရှင်ကြီး များ လက်ထဲတွင်သာ။ အကွက်အကွင်းကို ဦးထားသည်။ သတင်းဦး အသုံးချ သည်။ မြေကို ကြိုဝယ်သည်။ ပဒေသရာဇ်ခေတ် မြေရှင်များအလား။ တကယ် အလုပ်လုပ်မည့် သူက အော်ဟစ်တောင်းနေရပြန်သည်။
မြေအရေးမှာ မြန်မာအတွက် စိတ်မအေးဖွယ်ပင်။
အစိုးရသည် မြေအခက်ကို ဖြေရှင်းရန်အတွက် မည်မျှစွမ်းနိုင်မည်နည်း။ ကဏ္ဍစုံ မဟုတ်သော်မှ စီးပွားရေးကဏ္ဍမှ မြေအခက်ကိုဖြင့် ကျန်ရှိသည့် အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း ဖြေရှင်းနိုင်ခဲ့လျှင်ဖြင့်...
ထိုအချက်နဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးသက်က ယခုလို ဆိုသည်။
“အထိုက်အလျောက် အပေါင်းလက္ခဏာမြင်တယ်။ အချိန်တော့ ယူရဦးမယ်”
Credit: The Voice