ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံးသော နိုင်ငံ ၂၀ စာရင်းမှာ ထိုင်းနိုင်ငံလည်း
ပါဝင်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အမှုအခင်း ဖြစ်ပွားမှုနှုန်း မြင့်မားမှု၊ လုံခြုံရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာ ယုံကြည်အားကိုး
ရနိုင်ခြေ နည်းပါးမှု တို့နဲ့အတူ ထိုင်းနိုင်ငံဟာ ယခုလို
ခရီးသွားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတွေ
စာရင်းမှာ ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ Travel and Tourism
Competitiveness Report မှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံ ၁၃၆ နိုင်ငံအနက် ထိုင်းနိုင်ငံဟာ ခရီးသွားတွေအတွက် လုံခြုံဘေးကင်းစေရေးအပိုင်းမှာ
ရမှတ် ၄.၀ နဲ့အတူ အဆင့် ၁၁၈ မှာသာ ရပ်တည်နေ
တာ တွေ့ရပါတယ်။
ယင်း အညွှန်းကိန်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ခရီးသွား
တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တွေ့ကြုံနိုင်တဲ့ လုံခြုံရေး
အန္တရာယ် အခြေအနေတွေကို ဖော်ပြပေးနေပြီး အကြမ်း
ဖက်မှုလိုမျိုး ဆိုးရွားတဲ့ ထိခိုက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
အညွန်းကိန်းမှာ ရမှတ် ၇ မှတ်ကို ခရီးသွားတွေအတွက်
အကောင်းဆုံးသို့ သတ်မှတ်ထားပြီး ဖင်လန်နိုင်ငံ ရမှတ်
၆.၇ ရခဲ့ပြီး ခရီးသွားတွေအတွက် အလုံခြုံဆုံးနိုင်ငံအဖြစ်
ရပ်တည်ခဲ့သလို ကိုလံဘီယာကတော ရမှတ် ၂.၆ နဲ့ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရမှတ် ၃
ဒသမ ၆ နဲ့ အန္တရာယ်အရှိဆုံး အဖြစ် သတ်မှတ်ခံထား
ရပြီး စင်ကာပူ ရမှတ် ၆ ဒသမ ၅ ရရှိခဲ့တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First