စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သစ်တက်လာပြီး တစ်နှစ်အတွင်း မြို့ နယ်လေးမြို့ နယ်ရှိ လယ်ယာမြေမဲ့ဒေသခံတောင်သူ ၄ဝဝ နီးပါးကို လယ်ြေ မဧက တစ်ထောင်ခန့်ဖော်ထုတ်ပေးအပ်နိုင် ခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါမြို့နယ်များမှာ ကသာ မြို့နယ်ရှိ မိုးတားကြီး၊ ချောင်းဝ၊ နှောပင်ရှိေ တာင် သူ ၉၂ ဦးအတွက် လယ်မြေဧက ၂ဝဝ၊ ဖောင်းပြင်မြို့ နယ် မံမော်ရွာ ရှိ တောင်သူ ၁ဝဝ အတွက် ဧက ၂ဝဝ၊ ဟုမ္မလင်းမြို့ နယ် ဟဲခမ်း၊ ညောင် ကုန်းရွာရှိ တောင်သူ ၁၃၅ ဦးအတွက် ၃၇၅ ဧကနှင့် ရေဦးမြို့နယ် ညောင်နီ ကန် ရွာမှ တောင်သူ ၆၁ ဦးအတွက် ဧက ၇ဝ တို့ဖြစ်သည်။
''အခုဟာ အရင်ဘဏ္ဍာရေးနှစ်က ဖော်ထုတ်ခဲ့တာတွေပေးအပ်ပွဲလုပ်တာ၊ အဆင့်မီသီးနှံတွေ ထုတ်လုပ်ဖို့ ဧက ၅ဝဝ စီမံကိန်းကိုလည်း ဖော်နေတယ်'' ဟု တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။ ဖော် ထုတ်ပေးထားသော လယ်ယာမြေများကို ရောင်းချပေါင်နှံခွင့် မပြုဘဲ ပထမ အဆင့်ယာယီလုပ်ပိုင် ခွင့်ပေးကာ နောင်တွင်လယ်ယာ မြေလုပ်ပိုင်ခွင့်ပုံစံ (၇)ကို ထုတ်ပေး သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေ ကျပ် သန်း ၅ဝဝ ဖြင့် လယ်ယာမြေများဖော်ထုတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Credit: Democracy Today