UD group စက်ရုံမှ ထုတ်လုပ်သော Smart Home အမည်ရှိ Fiber Glass ဖြင့် ပြုလုပ်ထားသော တန်ဖိုးနည်း အိမ်များကို မှာယူ ဆောက် လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Smart Home များသည် အချင်းပေ ၂၀၊ စတုရန်း ပေ ၃၁၄၊ အမြင့် ၁၁.၇ ပေ ရှိကြောင်းသိရပြီး စက်ဝိုင်းပုံသဏ္ဍန်ရှိကာ အလေးချိန်အားဖြင့် တန်ဝက်ခန့် ရှိသည်။ ဈေးနှုန်းမှာ တစ်လုံးလျှင် သိန်း ၃၀ ကျပ်ဝန်း ကျင်နှင့် သိန်း ၄၀ တန် အမျိုးမျိုးရှိကြောင်းလည်း သိရသည်။
၎င်း Smart Home များကို နေရာဒေသမရွေး အသုံးပြုနိုင်ပြီး သဘာဝ အန္တရာယ်များဖြစ်သည့် မီးဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်များနှင့် လေဒဏ် တစ် နာရီ မိုင် ၂၀၀ ကျော် အထိခံနိုင်သည့်အပြင် ၄င်းအိမ်များသည် တစ်လုံးနှင့် တစ်လုံးဆက်၍ ရသည့် ထူးခြားချက်များလည်းရှိသည်။ အဆိုပါအိမ်များကို လူ ၃ယောက် နှင့် ၃ နာရီအတွင်း ဆောက် လုပ်နိုင်ပြီး မြေနေရာ အကျယ် အ၀န်း အတော်အသင့်ရှိရုံဖြင့် ဆောက်လုပ်နိုင်ကြောင်းလည်း သိရသည်။
Credit: Tomorrow