တောင်သမန်အင်းနှင့် ဦးပိန်တံတားအနီးတွင် တည် ဆောက်နေပြီး လုပ် ငန်းဆောင် ရွက်ခွင့်ယာယီရပ်ဆိုင်းထားသည့် တောင်သမန်သစ္စာ ဟို တယ်နှင့် အပန်းဖြေစခန်း စီမံကိန်းအတွက် ရှေးဟောင်းသုတေသန အစီရင် ခံစာထုတ်ပြန်ပြီး စီမံကိန်းကိုပြန်လည်ဆောင်ရွက်ရာ၌ အစီရင် ခံစာတွင် ပါရှိသည့် အချက်များ အတိုင်း အကောင်အထည်ဖော်ရ မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သတင်းရရှိ သည်။
‘‘တောင်သမန်သစ္စာ စီမံ ကိန်းအတွက် ရှေးဟောင်းသုတေသန အစီရင် ခံစာ ထုတ်ပြန်လိုက် ပြီဖြစ်ပါတယ်။ အစီရင်ခံစာမှာ ပါတဲ့အတိုင်း စီမံကိန်း ကို ဆောင် ရွက်ရမှာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ တွေနဲ့ သမိုင်းပညာရှင်တွေ တွေ့ ဆုံပြီးတော့ ပညာရှင်တွေက သတ်မှတ်ပေးတဲ့အတိုင်း ဆောင် ရွက်ရမှာဖြစ်ပါတယ်’’ဟု မန္တလေး တိုင်း အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြော ကြားသည်။
မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ အနေဖြင့် တောင်သမန် သစ္စာ ဟိုတယ်နှင့် အပန်းဖြေစခန်း စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနေ၍ စီမံကိန်းအား ပြန်လည်စိစစ်ရန် ၂၀၁၆ စက်တင်ဘာ လ ဆန်း က စီမံကိန်းကို ယာယီရပ်ဆိုင်းထားရန် ထုတ်ပြန်ပြီး ၂၀၁၇ ဇန်နဝါ ရီအတွင်း အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် ရှေးဟောင်း သုတေသန အစီရင်ခံ စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အစီရင်ခံစာထဲမှာပါတဲ့ အချက်တွေဖြစ်တဲ့ အမြင့်ပေ ဘယ်လောက် ထားရ မယ်၊ ဘယ် လိုပုံစံနဲ့ တည်ဆောက်ရမယ်ဆို တာတွေကို ပညာရှင်တွေနဲ့ ကုမ္ပဏီဘက်က လူတွေ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးစေမှာ ဖြစ်ပါ တယ်။ အဲဒီကရလာတဲ့ ရလဒ် တွေကို တိုင်းအစိုးရအဖွဲ့ကို တင် ပြပြီးတော့မှ အစိုး ရအဖွဲ့ရဲ့ ဆုံး ဖြတ်ချက်နဲ့ အတည်ပြုချက်ရယူ ရမှာဖြစ်ပါတယ်’’ဟု ဦးမျိုး သစ်က ပြောသည်။
တောင်သမန်သစ္စာကုမ္ပဏီ လီမိတက်က ဆောင်ရွက်နေသည့် အဆိုပါ စီမံကိန်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဆိုင် ရာ ပြကွက် ၊ မြန်မာ့ရိုးရာ လက်မှု ပစ္စည်းများ ဈေးတန်း၊ ဝန်ဆောင် မှုနယ်မြေ၊ ခရီးသွား လမ်းညွှန်နယ် မြေ၊ နားနေအပန်းဖြေဥယျာဉ်၊ ခရီးသွားဝန်ဆောင်မှုနယ်မြေ စသည်ဖြင့် ကဏ္ဍခြောက်ခုပါဝင် ကာ မြေဧက ၄၀ ကျော်တွင် အကောင်အ ထည်ဖော် ဆောင် ရွက်ရန် စီစဉ်ထားကြောင်း သိရ သည်။
Credit: 7DayDaily