မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား

မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား - Property News in Myanmar from iMyanmarHouse.com
2 Feb 2017 11:21 am တွင် တင်ခဲ့သည်
1322 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက ပင် ဈေးကွက် စီးပွားရေး စနစ်အရ ဖြစ်ပေါ်လာသည့် နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် အခန်းငှားရမ်းမှုသည် ယနေ့ခေတ် အခြေအနေများ၌ ငှားရမ်းသူများကို တစ်စထက် တစ်စ အခက်အခဲဖြစ်လာလျက်ရှိသည်။

နေထိုင်ရန် အိမ်ခန်းငှားခြင်းဖြစ်စေ၊ လုပ်ငန်းလုပ်ကိုင်ရန် အခန်းငှား ရမ်းခြင်းဖြစ်စေ ငှားရမ်းသူများသည် အခန်းငှားခကို တစ်လချင်းပေးချေသည့် စနစ်မျိုးဖြင့် ငွေပေးချေနိုင်သည့် အခွင့်အရေးမရှိဘဲ အနည်းဆုံး ခြောက်လနှ င့် အများဆုံး တစ်နှစ်စာ စာချုပ်ချုပ်ဆို၍ ပေးချေနေရသည်။

ယင်းစနစ်ဖြင့် ငှားရမ်းခ ပေးချေရခြင်းသည် ရန်ကုန်မြို့၌ အိမ်ခြံမြေဈေးနှုန်း များ အဆင်မတန် မြင့်လာသည့်အချိန်တွင် အိမ်ငှားခများလည်း ဈေးကြီးမြင့် လာပြီး ခြောက်လစာ၊ တစ်နှစ်စာ ပေးချေရမှုက ငှားရမ်းသူများအတွက် စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အခက်အခဲများဖြစ်နေကြောင်း အိမ်ခန်း၊ ဆိုင်ခန်းနှင့် ရုံးခန်းငှားရမ်းသူများက ဆိုသည်။

''ကျွန်တော်တို့ဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရန်ကုန်မှာ အခြေချနေထိုင်က တည်းက အိမ်ငှားဘဝနဲ့ပဲ နေခဲ့ရတာ။ အိမ်ငှားခတွေ ဈေးကြီးလာ တဲ့နောက်ပိုင်းမှာ တစ်ဦးတည်း ငှားရမ်းမနေနိုင်လို့ အိမ်ထောင်စုနှစ်စု ငှားနေရတယ်။ ပြီးတော့ ခြောက်လစာချုပ်ရတော့ အလုံးရင်းနဲ့ မပေးနို င်တော့ ပေါင်းနေရင် သက်သာလို့ အဆင်မပြေလည်း အိမ်ထောင်စုနှစ်စု
ပေါင်းနေရတယ်''ဟု ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းတွင် ရှမ်းခေါက်ဆွဲ ဆိုင်ဖွင့်လှစ်ထားသည့် ဦးစိုးဝင်းမောင်က ပြောသည်။

ဦးစိုးဝင်းမောင်မိသားစုသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ ရှိ ယခင်မြို့ရွာနှင့် အိမ်ရာဦးစီးဌာနပိုင် သုံးထပ်တွဲတိုက်ခန်း၏ ထပ်ခိုးအခန်း တွင် တစ်လ၁၆ဝ,ဝဝဝ ဖြင့် ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ခြောက်လစာ အခန်းငှားခ မပေးချေနိုင်သည့်အတွက် အခြား မိသားစုနှင့် စုပေါင်းကာ ငှား ရမ်းနေထိုင်ရခြင်းဖြစ်သည်။

''ကျွန်တော်တို့က လမ်းဘေးမှာ ဈေးရောင်းရတာ၊ နေ့ တိုင်း ဈေးရောင်း
ကောင်းတာ မဟုတ်ပါဘူး။ အဲဒါကြောင့် အခန်းငှားခ ခြောက်လစာပေး ရရင် ငွေအလုံးအရင်းနဲ့ မပေးနိုင်တော့ တခြားလူနဲ့ ပေါင်းနေဖြစ် တယ်။ တစ်ခန်းတည်းမှာ အိမ်ထောင်စု နှစ်စု ပေါင်းမနေချင်ပေမဲ့ အခန်းခ
မ တတ်နိုင်တော့လည်း နေရတာပေါ့''ဟု ၄င်းက ပြောသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရပ်ကွက် တွင် နေထိုင် သည့် ဝန်ထမ်းအလုပ်သမားဖြစ်သည့် ကိုဖုန်းကျော်က နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် အခန်းငှားရမ်းသည့်စနစ်မှာ ငှားရမ်းနေထိုင်သူများအတွက် အဆင်မပြေမှုများစွာရှိသည့်အတွက် ကောင်းမွန်သည့် စနစ်တစ်ခု မဟုတ်ကြောင်း ပြောသည်။

''ကျွန်တော်တို့ အခန်းငှားတဲ့အခါ ဒီအခန်းက နေထိုင်ဖို့အတွက် အဆင်ပြေလား၊ မပြေလားဆိုတာ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ကျွန်တော် တို့ နေကြည့်ပြီး တစ်လကြာတဲ့အခါမှ ပတ်ဝန်းကျင် အဆင်မပြေတာတွေ ရှိလာတဲ့အခါ ဒီအခန်းကို မကြိုက်တော့ရင် အဲဒီလို နှစ်ချုပ်၊ လချုပ်နဲ့ ငွေပေး ချေ ထားရတော့ မနေချင်လည်း သည်းခံပြီး ပိုက်ဆံ အဆုံးမခံနိုင်တော့ နေရတယ်။ ပြီးတော့ ငွေအလုံးအရင်း နဲ့ ပေးရတာ က နေထိုင်သူတွေက ဝန်ထမ်းဆို ဝန်ထမ်းလစာနဲ့က ဘယ်လိုမှ အဆင် မပြေ ပါဘူး''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် ဝင်ငွေ သုံးသိန်းခန့်ရရှိသူသည် လူဦးရေ၏ ၉ဝ ရာ ခိုင်နှုန်းဖြစ်ပြီး ဝင်ငွေ သုံးသိန်းရရှိသူများသည် အိမ်ဝယ်ယူနိုင်သည့် အခြေ အနေမရှိပေ။ ထို့ကြောင့် အများစုသည် ငှားရမ်းနေထိုင်ကြသူ များ ဖြစ် သည့် အတွက် အိမ်ငှားခများကို ပေးချေရာတွင် နှစ်ချုပ်၊ လချုပ် အပြတ် စနစ်ဖြင့် ပေးချေရမှုမှာ ငှားရမ်းနေထိုင်သူများ၏ ဘဝကို ငွေကြေး
ကျပ်တည်း မှုများဖြင့် ရှင်သန်နေထိုင်ရသည်အထိ ဖြစ်စေသည်။

ထို့ပြင် အခန်းငှားရမ်းသူများမှာ ပွဲစားများဖြင့် ငှားရမ်းသည့်အခါ တစ်နှစ် စာ၊ ခြောက်လစာ အခန်းငှားခ ပေးချေရသည့်အပြင် ပွဲစားခတစ်လစာ ပါ ပေးချေရပြီး စာချုပ်ပြည့်သည့်အခါ အခန်းခ ပိုတောင်းခြင်း၊ အခန်းခ ပိုပေးသူများကိုသာ ငှားရမ်းပြီး ရေရှည်ငှားရမ်းခွင့် မရခြင်းများ လည်း ကြုံရသည့်အတွက် အခန်းခဈေးကြီးမှုများအပြင် စိတ်ပင်ပန်းမှုများကိုပါ
ရရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၁၅ လမ်းတွင် တိုက်ခန်းငှား ရမ်းနေထိုင်သူ ဒေါ်ခင်ညိုဝင်းက ပြောသည်။

''ကျွန်မတို့ အိမ်ငှားရတဲ့အခါ အိမ်လခဈေးကြီးတဲ့အပြင် ပွဲစားတွေက တစ်နှစ်ချုပ်တယ်။ တစ်နှစ်ပြည့်ရင် လခပိုရတဲ့သူကို နေခွင့်ပေးပြီး ဖယ်ခိုင်းတယ်။ ပွဲစားတွေက လုပ်တာ များတယ်။ တစ်သိန်းခွဲလောက် အခန်းကို သူတို့က ၁၈ဝ,ဝဝဝ လောက်ရတဲ့သူကို ထပ်တင်တော့
ကိုယ်တွေ က ဒီမှာနေရတာ အဆင်ပြေလည်း ပိုက်ဆံတိုးမပေးနိုင်ရင် မဖြစ်မနေ ဖယ်ပေးရတယ်။ နောက်အခန်းထပ်ရှာရတာတယ်။ ငှားရတဲ့သူတွေက အဆင်မပြေဘဲ အခန်းရဖို့ကိုပဲ စိတ်ပူပန်ရတယ်'' ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့သည် လူဦးရေထူထပ်သည့်မြို့ဖြစ်ပြီး တစ်နိုင်ငံလုံး ဂျီဒီပီ (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ၏ ၂ဝ ရာခိုင်နှုန်းကို ထုတ်လုပ်နေသော မြို့ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ အများဆုံးရှိသည့် မြို့ဖြစ်သည်။ သို့သော် ရန်ကုန်တွင် စွန့်ဦးတီထွင် စီးပွားရေး လုပ်ကိုင်သူ များ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် အကြီးဆုံး
စိန်ခေါ်မှုများတွင် နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် ငှားရမ်းမှုကလည်း တစ်ခုဖြစ်နေကြောင်း ကိုဖုန်းကျော်က ပြောသည်။

''ကျွန်တော်က ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့
ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီမှာ ကျွန်တော်တို့စပြီး ရင်ဆိုင်ရတာက ရုံးခန်းငှား ခပါ။ ကိုယ့်လုပ်ငန်း အမြင်ကောင်းဖို့အတွက် ရုံခန်းကောင်းကောင်းကလည်း လိုလာပါတယ်။ အဲဒီမှာ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၇ဝ ရာခိုင်နှုန်းက အခန်း ငှားခ ဖြစ်နေတယ်''ဟု ၄င်းက ပြောသည်။

ကိုဖုန်းကျော်သည် ၂ဝ၁၄ ခုနှစ်အတွင်းတွင် ခရီးသွားလုပ်ငန်းတစ်ခုကို
စတင်လုပ်ကိုင်သည့်အခါတွင် လုပ်ငန်းအတွက် ငွေရင်းနှီးမြှုပ်နှံရာတွင် ရုံးခန်း ငှားရမ်းခအတွက် ငွေအသုံးစရိတ်မှာ လုပ်ငန်းလိုင်စင်ရရှိမှုအတွက် အသုံးပြုရသည့် ငွေအသုံးစရိတ်ထက် ၁ဝ ဆခန့်ပင် များပြားနေ ပြီး ငွေကြေးရင်းနှီးမြှုပ်တွင် အခက်အခဲတစ်ခုဖြစ်စေခဲ့ကြောင်း ၄င်းက ပြော သည်။

ရုံးခန်းငှားရမ်းမှုများအပြင် ဈေးရောင်းချသည့် ဆိုင်ခန်း ငှားရမ်းသူများမှာ လည်း ငှားရမ်းခကြီးမြင့်မှုအပြင် ယင်းကဲ့သို့ အပြတ်စနစ်ဖြင့် ခြောက်လစာ၊ တစ်နှစ်စာငွေပေးချေရခြင်းများက ဈေးရောင်းသူများအပြင် ဝယ်ယူ စားသုံး သူများကို ငွေကြေးထိခိုက်မှုများဖြစ်စေကြောင်း ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ ကိုပေါက်စီ က ပြောသည်။

''ကျွန်တော့်ဆိုင်ဖွင့်တာ ၁ဝ နှစ်ရှိပြီ။ စဖွင့်ဖွင့်ချင်း ဆိုင်ခန်းငှားတုန်းက တစ် လ ကို လေးသိန်းပေးရတယ်။ အဲဒီကတည်းက တစ်နှစ်ချုပ်ရတယ်။ အခု တစ်လကို ၁ဝ သိန်း တစ်နှစ်ချုပ်ရတာပဲ။ နောက်နှစ်ကို ၁၁ သိန်းတောင်း မယ်လို့ ပြောနေတယ်။ အဲဒါဆို တစ်နှစ်စာ သိန်း ၁၃ဝ လောက်ဖြစ်ပြီ၊ ဘယ်လိုဆက်လုပ်နိုင်မလဲ။ ဆိုင်ခန်းငှားခတွေဈေးကြီးတော့ စားသောက် ကုန်တွေလည်း ဈေးကြီးတယ်။ အဲဒီတော့ ဝယ်စားတဲ့လူတွေလည်း
ဈေးကြီး တာပေါ့''ဟု ၄င်းက ပြောသည်။

သို့သော် အိမ်ခြံမြေကဏ္ဍသည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုကောင်းသည့် နေရာတစ်နေရာဖြစ်လျက်ရှိပြီး အခန်းဝယ် ယူ၊ ပြန်လည်ငှားစားခြင်းများက စီးပွားရေးလုပ်ကိုင်စရာ တစ်ခုဖြစ်လာခဲ့ သည်။

''ကျွန်မတို့က အိမ်ငှားတယ်ဆိုတာ ကျွန်မအတွက် စီးပွားရေးတစ်ခုပါပဲ။ ကျွန်မလက်ထဲမှာရှိတဲ့ ငွေတွေကို ကွန်ဒို၊ တိုက်ခန်းတွေ ဝယ်ထားဖြစ်တယ်။ ပြီးတော့ ပြန်ငှားစားတော့ ကျွန်မ မြှုပ်နှံထားတဲ့ငွေတွေအတွက် အကျိုး အမြတ် ပြန်ရတာပေါ့။ ဒီမှာ ဘဏ်ထဲ ထည့်ထားရင်လည်း ဘဏ်တိုး က အဲဒီလောက်မရဘူး။ တခြားစီးပွားရေးကလည်း ဘာမှများများစားစား လုပ်လို့မှမရတာ။ ဒီလိုလုပ်တာက ပိုအဆင်ပြေတယ်''ဟု ဗိုလ် တထောင်မြို့နယ် အတွင်းရှိ တိုက်ခန်းများ ငှားသည့် ပိုင်ရှင် ဒေါ်ခင်မို့မို့ က ပြောသည်။

တစ်နှစ်စာ၊ ခြောက်လစာ အပြတ်စနစ်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းသည် အခန်းငှားစားသည့် ပိုင်ရှင်တစ်ယောက်အနေဖြင့် အဆင်ပြေပြီး စာချုပ်ဖြင့် ချုပ်ဆိုလုပ်ကိုင်ခြင်းကြောင့် ငွေရေးကြေးအရအပြင် လူမှုရေး အရှုပ်အရှင်း များပါ အဆင်ပြေကြောင်း ၄င်းက ပြောသည်။

''ကျွန်မကတော့ တစ်နှစ်စာ စာချုပ်ချုပ်ပြီး ငှားဖြစ်တယ်။ တစ်ခါတလေ အိမ်ငှားဘက်က အဆင်မပြေတာတွေ ရှိရင်လည်းခြောက် လချုပ်ပေးဖြစ် ပါတယ်။ အဲဒီလိုလုပ်တာကလည်း ဒီစီးပွားရေးပဲရှိတဲ့ ကျွန်မအတွက် က ငွေလည်းပေါ်တယ်။ ပြီးတော့ ဒီတစ်နှစ်စာလုံးအတွက်လည်း ကျွန်မ အခန်းအတွက် အိမ်ငှားမရမှာ စိတ်ပူစရာမလိုတော့ဘူး။ ပြီးတော့ စာချုပ်နဲ့
ချုပ်ထားတာဖြစ်တဲ့အတွက် တစ်ခုခုပြဿနာတက်ရင် ခိုင်မာမှုရှိတယ်။ ဆင်းမပေးတာမျိုးဆိုရင် ဒီစာချုပ်ရှိနေတော့ ဥပဒေကြောင်း အရ လည်းဖြေရှင်းလို့ရတယ်''ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ အခန်းငှားရမ်းရာတွင် ငှားရမ်းခပေးချေသည့်စနစ် အပြတ် စနစ် သည် ဥပဒေတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် ၁၉၆ဝ ပြည့်နှစ်တွင် ပြဋ္ဌာန်းသည့် မြို့ပြငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ (အရပ်သုံး အိမ်ရှင်၊ အိမ်ငှား)ဥပဒေရှိသော်လည်း
ထိုဥပဒေ ကို သုံးစွဲမှုအားနည်းကာ တာဝန်ခံယူမည့်အဖွဲ့အစည်းလည်း မရှိကြောင်း စီးပွားရေးနှင့် ဥပဒေ အကြံပေး ဦးတင်သန်းဦးက ပြောသည်။

''ဥပဒေရည်ရွယ်ချက်က Rental Control Tax လို့ခေါ်တဲ့ ငှားရမ်းခအခွန် အငှားချထားသူက ပေးဆောင်ရမယ့် အခွန်ကို နိုင်ငံတော်က ရရှိစေဖို့။ အဲဒီလို အခွန်ရဖို့အတွက် အိမ်ရှင်၊ အိမ်ငှားကို စာချုပ်ပါ ကတိနဲ့ အညီ၊ ဖြစ်လာတဲ့ပြဿနာကို ဥပဒေနဲ့ ဖြေရှင်းပေးတာတို့ကို အရင်တုန်း က စည်ပင်ရဲ့လက်အောက်က အိမ်ရှင်အိမ်ငှားကော်မတီက ကြီးကြပ်ပြီးတော့
တာဝန်ယူဖြေရှင်းတဲ့သဘောရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ စည်ပင်မှာ ဒါမျိုး ဘာမှမလုပ်လာတော့ဘူး။ တာဝန်ခံယူမယ့် အဖွဲ့အစည်း လည်း တိတိကျကျမရှိတော့ဘူး''ဟု ၄င်းက ပြောသည်။

မြို့ပြငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ အရ ငှားခပေးချေမှုစနစ်ကို သတ်မှတ်မထားသော်လည်း ယခင်ဥပဒေသတ်မှတ်ခဲ့သည့် ကိုလိုနီ အစိုးရခေတ်တွင် စပေါ်တင်ကာ တစ်လချင်း ငွေပေးချေသည့် အခြေ အနေ သာရှိခဲ့ပြီး အိမ်ရှင်၊ အိမ်ငှားပြဿနာများရှိခဲ့ရင်လည်း ဥပဒေအရ ဖြေရှင်းပေးမှု များ ရှိခဲ့ကြောင်း သိရသည်။

''မျက်မှောက်ကာလမှာ အိမ်ရှင်အိမ်ငှားစာချုပ်တွေ အမျိုးမျိုး ချုပ်ဆိုကြတယ်။ လပြတ်စနစ်ငှားတယ်(စာချုပ်စာတန်းတွေနဲ့ ငှားတာရှိတယ်)၊ စပေါ်တင် လခပေးတဲ့စနစ်နဲ့ ငှားတာ ရှိလာတယ်။ တချို့ဆို စာချုပ်တောင်မရှိဘူး ငှာရမ်းခပေးပြီး နေထိုင်တယ်။ အိမ်ရှင်အိမ်ငှားကြားမှာ ငှားရမ်းခ
ပေးတယ်လို့ ထင်ရှားရင် အိမ်ရှင်အိမ်ငှားဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ငှားရမ်းနေထာထက် အိမ်ရှင်၊အိမ်ငှားကြားမှာ ပြဿနာတက်လာရင် ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတာကြောင့်ဒီလိုတွေ ကြုံတွေ့နေရတာ''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် အခန်းငှားသည့် အခန်းပိုင်ရှင်က အခွန်ကို ပြည်တွင်းအခွန်များ ဦးစီးဌာနထံ ပေးဆောင်ရသည်။ သို့သော် အခန်းပိုင်ရှင်အများစုက အခန်း ငှားရမ်းမှု အတွက် အခွန်ပေးဆောင်မှု မရှိကြောင်း အကျိုးဆောင်များ က ပြော သည်။

''တစ်ကြိမ်အိမ်ငှားဖြစ်ရင် တစ်သက်လုံးအိမ်ငှားအဖြစ်ကနေ မဖယ်နိုင်ဘူး ဆိုတဲ့ လွှမ်းမိုးမှုတွေရှိခဲ့ဖူးတယ်။ အိမ်ရှင်၊ အိမ်ငှားတွေမှာ အိမ်ငှားတွေရဲ့ အခွင့်အရေးက ပိုများနေပြီးတော့ စာချုပ်စည်းကမ်း ချိုးဖောက်ပြီး အိမ်ရှင်တွေပေါ်မှာ အနိုင်ကျင့်နေတာတွေ ဖြစ်ဖူးတယ်။ တချို့က အိမ်ငှား ဖို့ ကြောက်လာတယ်။ အိမ်ငှား မဖယ်မှာကို ကြောက်ကြတယ်။ အဲဒီလို
ပြဿနာတက်လာရင် ဖြေရှင်းပေးမယ့် အဖွဲ့အစည်း မရှိတော့ အိမ်ရှင်တွေက လည်း အိမ်ငှားတဲ့အခါမှာ သူတို့ဘက်က ခိုင်လုံမယ့် နည်းတွေ၊ သူတို့ မနစ်နာမယ့်အခြေအနေတွေနဲ့ လပြတ်စနစ် စာချုပ်ချုပ်ဆို တာတွေ ဖြစ်လာကြတာလို့ ထင်တယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
ပြောသည်။

ထို့ပြင် အခန်း ငှားရမ်းသည့်အခါတွင် အကျိုးဆောင်များ၊ ပွဲစားများဖြင့် ငှားရမ်းသည့်အခါ အကျိုးဆောင်ကို အိမ်ရှင်၊ အိမ်ငှား နှစ်ဖက်စလုံးက ပွဲစားခ တစ်လစာပေးရသည်မှာလည်း ဥပဒေကြောင်းရ သတ်မှတ် ထားခြင်းမျိုးမရှိဘဲ ခေတ်အခြေအနေရ ပေးနေရခြင်းသာဖြစ်သည်။

လက်ရှိအနေအထားတွင် အိမ်ခြံမြေအကျိုးဆောင်များက အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကို ရေးဆွဲရန် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းရေးအဖွဲ့များကို တင်ပြထားပြီးဖြစ်သည်။ ယခုကဲ့သို့ အခန်း ငှားခပေးချေမှုစနစ်ပြဿနာ၊ အကျိုးဆောင်ခပေးဆောင်ရမှုပြဿနာများကို ဖြေရှင်းပေးနိုင်ရန်မှာ ထိုကဲ့သို့ ဥပဒေများ လိုအပ်ကြောင်း၊ ဥပဒေများမရှိပါက ပြဿနာများကို ဖြေရှင်းနိုင်မည်
မဟုတ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) အတွင်းရေးမှူး ဒေါ်မို့မို့အောင်ကပြောသည်။

''အဓိက ကတော့ မြန်မာပြည်မှာ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေ မခိုင်မာသေး လို့ပဲလို့ ပြောရမယ်။ ဥပဒေ ခိုင်မာရင်တော့ တခြားနို င်ငံတွေမှာ ဆို စပေါ် တစ်လခတင်မယ်၊ သုံးလခပေးတာတို့၊ တစ်လ ချင်းပေးတာ တို့ရှိတယ်။ သူတို့နေတဲ့ကာလမှာ အိမ်ပျက်စီးမှုမရှိရင် စပေါ် တစ်လခကို ပြန်ပေးတယ်။ ပျက်စီးမှုရှိရင် ပြင်ဆင်စရိတ်နုတ်တယ်။ ဒီမြန်မာနိုင်ငံမှာတော့ အဲဒီလိုစနစ်မရှိဘဲ ၁၂ လ စာချုပ်ချုပ်တယ်။ အဲဒါကြောင့် ဒီအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေက ရှိသင့်ပြီး ပေါ်လာရင် နည်းဥပဒေအရ ဒါတွေကို ကာကွယ်ပေးနိုင်မှာပါ''ဟု ၄င်းက ပြောသည်။

Credit: Myanmar Times
မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား - Property News in Myanmar from iMyanmarHouse.com
မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service