ယနေ့ခေတ် အချိန်အခါတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥ ပဒေ ပေါ်ထွက်လာပြီးဖြစ်၍ ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ဝင်ရောက်လာနေပြီ ဖြစ်သည်။ ယင်းအတွက် မြန်မာပြည်သူ ပြည်သားများ က ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြပါသည်။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများလာလျှင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများ လည်း ပေါများလာမည်။
အလုပ်အကိုင် ကောင်းလျှင် ဝင်ငွေလည်း ကောင်းလာတော့မည်ဟု ယုံ ကြည်မှု အပြည့်ဖြင့် မျှော်လင့်နေကြခြင်း ဖြစ်သည်။ သို့သော် နိုင်ငံခြားမှ လာရောက်၍ ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတော်သို့ မှန်မှန်ကန်ကန် အခွန် များ ပေးဆောင်လိုသူများ ရှိသကဲ့သို့ အခွန်ရှောင်တိန်း၍ လာရောက် လုပ် ကိုင်သူများလည်း ရှိလာနိုင်ပါသည်။ အခွန်ရှောင်တိန်း နည်းအမျိုးမျိုး ရှိသည့် အနက် အချို့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ မိမိတို့ အမည်ဖြင့် ရင်းနှီးမြှုပ်နှံခြင်း မရှိကြဘဲ မြန်မာနိုင်ငံသား တစ်ဦးဦးအမည်ဖြင့် ရင်းနှီးမြှုပ်နှံတတ်ကြလေ့ ရှိသည်။
များသော အားဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေနှင့် အဆောက်အအုံများကို ဘီနာစီ (ခေါ်) အမည်ခံထား၍ ဝယ်ယူခြင်း အမည် ငှား၍ နိုင်ငံသား တစ်ဦးဦးအမည်ဖြင့် မှတ်ပုံတင် သွင်းခြင်းများလည်း ရှိ တတ်ပါသည်။ ယင်းသို့ အမည်ခံ/အမည်ငှားဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။
ပိုင်ဆိုင်မှု ပြဿနာ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းဆောင်ရွက်ရသည်မှာ မလွယ်ကူလှပါ။
မြေနှင့် အဆောက်အအုံများကို အမည်ခံ/အမည်ငှားဖြင့် ဝယ်ယူခြင်း သည် နိုင်ငံခြားသား မဆိုထားနှင့် မြန်မာနိုင်ငံသား မိဘနှင့် သားသမီး အ ရင်းပင် ဖြစ်စေကာမူ "ဂရန်အမည်ပေါက်" သွားပါက အရှုံးနှင့် ရင်ဆိုင်ရ တတ်ကြောင်း သာဓကထုံးများကို တင်ပြလိုပါသည်။
"ဂရန်မြေဆိုသည့် အဓိပ္ပါယ် ရှေးဦးစွာလေ့လာ"
ဂရန်မြေ ဆိုသည်မှာ မြို့ပြအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး လူနေထိုင် ရန်အတွက် ဖြစ်စေ၊ စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်ရန်အတွက် ဖြစ်စေ အနှစ် ၃၀ ခွင့်ပြုသည်။ ယင်း နှစ်(၃၀) ကုန်ဆုံးလျှင် နောက် ထပ် နှစ်(၃၀) ခွင့်ပြု၍ စုစုပေါင်း နှစ်(၉၀)ထိ လဲလှယ်ခွင့်ပြုသည်။ မြေငှားစာချုပ်ကို ဥပဒေအရ ပြဌာန်းသည်။
အောက်မြန်မာပြည်ရှိ မြေများသည် အောက်မြန်မာ ပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေနှင့် သက်ဆိုင်ပြီး အထက်မြန်မာပြည်ရှိ မြေများမှာ အ ထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေတွင် အကျုံးဝင်သည့် အဆိုပါ ဥပဒေများအရ အစိုးရက ချထားပေးပိုင်ခွင့် ရှိသည့် မြေများတွင် လူနေထိုင် ရန်အတွက် ဖြစ်စေ၊ စက်မှုလက်မှု လုပ်ငန်းများအတွက်ဖြစ်စေ၊
အဆောက်အအုံ ဆောက်လုပ်အသုံးပြုရန် အငှားဂရန်နှင့်လိုင်စင်များ ချထားပေးသည်။
"အစိုးရမှ ခွင့်ပြုထားသော မြေငှားစာချုပ်ကို ဂရန်ဟုခေါ်"
မြို့မြေအဖြစ်၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးသော မြို့များတွင် လူနေထိုင် ရန်နှင့် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန် အငှားဂရန်သက်တမ်း အနှစ်(၃၀) ခွင့်ပြုပြီး နှစ်(၃၀) ကုန်ဆုံးတိုင်း နောက်ထပ် နှစ် ၃၀ စီဖြင့် စုစုပေါင်း နှစ် ၉၀ အထိ လဲလှယ်ခွင့် ရှိသည့် အစိုးရမှ ခွင့်ပြုသော မြေငှားစာချုပ်ကို ဂရန် ဟု ခေါ်ဆိုသည် ဟု (၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၁၁၃) တွင် ဆုံးဖြတ်ထားသည်။
"အကျိုးခံစားခွင့် ရှိ၊ အမွေဆက်ခံခွင့်ရှိ၊ လွှဲပြောင်းခွင့်လည်း ရှိသည့် " ဂရန်မြေ" "
ဂရန်ပေးခြင်း၊ မြေငှားစာချုပ် ချုပ်ဆိုပေးခြင်း ဟူသည့် ဆိုင်ရာမြေ (ဂ ရန်ပေးသော မြေ၊ ငှားရမ်းသော မြေ) တွင် ဂရန်ရသူ သို့မဟုတ် မြေငှား အား အကျိုးခံစားခွင့် ရရှိစေသည်။ သို့ဖြစ်၍ ထိုမြေကို အမွေဆက်ခံခွင့် ရှိသည်။ ဂရန်ရသူက လွှဲပြောင်းခွင့်လည်း ရှိသည်။ (၁၉၆၃ ခုနှစ်၊
မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၃၃၇)
ထို့ကြောင့် မြေငှား ဂရန်စာချုပ်တွင် အမည်ပေါက်သူတို့သည် ပိုင်ရှင်အစစ် အမှန်များသာ ဖြစ်သည် ဘီနာမီ(ခေါ်) အမည်ခံ အမည်ငှား မဟုတ်ကြပေ။
"မြေဂရန် အမည်ပေါက်သူသည် အမည်ငှား မဟုတ်"
ထို့ကြောင့် မြေငှားစာချုပ်တွင် မပါသော အခြားသူတစ်ဦး၏ အကျိုးငှာ အ မည်ခံ၊ အမည်ငှားအား မြေဂရန် ထုတ်ပေးခြင်း ဟူ၍ မရှိပါ။ အမည်ခံ အမည်ငှားအား မြေဂရန်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း အောက်မြန်မာ
ပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ-၁၆(က) ၌ အရိပ်အမြွက်ပင် မတွေ့ရပါ။ (၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၂၀၉/၂၃၅)
"ဂရန်အမည်ပေါက်သူသာ မြေပိုင်ရှင်၊ ဂရန် အမည်မပါသူ မြေမပိုင်"
တရားရုံးသည် မြေငှားဂရန် စာချုပ်အရ ခံစားခွင့်ပြုထားသူကို မြေမပိုင်၊ အခြားသူများ ပိုင်သည်ဟု စီရင်ဆုံးဖြတ်ခွင့် မရှိကြောင်း၊ အောက်မြန် မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄၁ က အတိအလင်း ပိတ်ပင်ထားသည်။ ဂရန်ရသူ သို့မဟုတ် အစိုးရ၏ မြေငှားအခွင့်အရေးကို
မြေပိုင်ရှင် နိုင်ငံတော်ကပင် ယင်းဥပဒေပုဒ်မ ၇(က)အရ အတိအလင်း အ သိအမှတ်ပြုထားရာ မြေငှားဂရန် ခွင့်ပြုရထားသူက မြေမပိုင်ဘဲ ဂရန်မ ရသောသူက မြေပိုင်သည်ဟု ဆုံးဖြတ်ရန် အခွင့်အာဏာ မရှိပါ။ (၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၉၁)
အထက်ဖော်ပြပါ အထောက်အထားများအရ မြေဂရန် အမည်ပေါက်သူ သာ မြေပိုင်ရှင်ဖြစ်ပြီး၊ ဂရန် နှင့် အမည်မပါသူသည် မြေပိုင်ဆိုင်သူ မဟုတ် ။ မြေငှား အခွင့်အရေးကို ရသူ/ ဂရန်ရသူသာလျှင် မြေပိုင်ရှင် ဖြစ်သည် ဟု ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။
"အရောင်းအဝယ်ကိစ္စများတွင်သာ အသုံးပြုသည့် အမည်ခံ/အမည်ငှား"
တရားစီရင် ထုံးအားလုံး၌ အမည်ခံ အမည်ငှား စနစ်ကို အရောင်းအဝယ် ကိစ္စများတွင်သာ အသုံးပြုကြောင်း ပြဆိုထားသည်ကို တွေ့မြင်နိုင်သည်။ ယုံမှတ်အပ်နှံခြင်း အက်ဥပဒေပုဒ်မ ၈၂ နှင့် စီရင်ထုံးများတွင် ညွှန်ပြသော လွှဲပြောင်းမှုသည် အဖို့စားနားဖြင့် လွှဲပြောင်းခြင်းမျိုးကို ဆိုလိုသည်။
"အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေအရ ဂရန်ထုတ်ပေးခြင်း၊ မြေငှားစာချုပ်
ချုပ်ဆိုငှားရမ်းခြင်းမှာ အဖို့စားနားရရှိရေးကို အဓိက ရည်ရွယ် လွှဲပြောင်ြး ခင်း မဟုတ်"မြေငှားစာချုပ်ချုပ်ဆို၍ ငှားရမ်းခြင်း၊ လိုင်စင်ပေးခြင်းတို့ သည် နိုင်ငံတော်က နိုင်ငံပိုင်မြေကို သတ်မှတ်ခွင့်ပြုသည့် နည်းလမ်းအ တိုင်း နိုင်ငံသားတိုင်းများ အသုံးပြုရန် ဦးတည်လွှဲပြောင်းပေးခြင်း ဖြစ်သည်။ အဖိုးစားနား ရရှိရေးကို အဓိက ရည်ရွယ်လွှဲပြောင်းခြင်းမျိုး မဟုတ်သဖြင့်
ထိုလွှဲပြောင်းခြင်းမျိုးသည် အမည်ခံ အမည်ငှားစနစ်နှင့် သက်ဆိုင်ရန် အကြောင်း မရှိ၍ ထုံးသာဓက မရှိခြင်း ဖြစ်သည်။ (၂၀၁၅ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၂၀၁၉/၂၃၆)
"သားသမားများအတွက် ရည်စူး၍ ဝယ်ယူခြင်း၏ အကျိုးသက်ရောက်မှု"
ဘီနာမီ(ခေါ်) အမည်ငှားစနစ်သည် မြန်မာလူမျိုးတို့ စတင်တည်ထွင်သော စနစ်မဟုတ်ကြောင်းမြန်မာလူမျိုးများတွင် အမည်ငှားစနစ်သည် အများကျင့် သုံးသော စနစ်လည်းမဟုတ်ကြောင်း မြန်မာနိုင်ငံစီရင်ထုံး၏ ရှေးကျသော ရန်ကုန်စီရင်ထုံးအတွဲ-၄၊ စာမျက်နှာ ၅၂၂တွင် ပြဆိုခံပြီး ဖြစ်သည့် အပြင် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ နှင့် ကိုက်ညီခြင်း မရှိကြောင်း တရားရုံးချုပ် စုံညီခုံရုံးဖြင့် လမ်းညွှန်ထုံးပြုခဲ့သည်။(၁၉၆၃ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ-၃၇၇)
ယခု ဖော်ပြပါ အထောက်အထားအရ အမည်ခံ/အမည်ငှား(ခေါ်) ဘီနာမီ စနစ်သည် မြန်မာဓလေ့ထုံးတမ်း ဥပဒေနှင့် မကိုက်ညီဟု ဆုံးဖြတ်ထား သဖြင့် အမည်ငှား စာချုပ်နေသူများ အထူးသတိပြုရမည့် အချက်ဖြစ်သည်။
၂၀၁၅ခုနှစ်က အမှုတစ်ခုတွင် မိဘများဖြစ်သော ဦးချစ်မောင်နှင့် ဇနီးတို့က သားသမီး(၄)ဦးစလုံး သားသမီးအားလုံး၏ အကျိုးအတွက် ဝယ်ယူခြင်း ဖြစ် သည့် အမည်ငှားဖြင့် ဝယ်ယူသည်ဟု မဆိုနိုင်သည့်အပြင် အခြားအမွေဆိုင် များလည်း မကျန်ရှိသဖြင့် မည်သူကိုမျှ နစ်နာရန် အကြောင်းမ ရှိသောကြာင့် မိဘက သားသမီးအားလုံးအတွက် ရည်စူးဝယ်ယူခြင်း ကို မြန်မာ့ဓလေ့ ထုံး တမ်းစဉ်လာအရ လက်ခံရန် မသင့်ဟု ဆိုနိုင်မည် မဟုတ်။ (၂၀၁၅ခုနှစ်၊
မြန်မာနိုင်ငံစီရင်ထုံး၊ စာ-၂၀၉/၂၄၀)ဟု ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။
"အငိုလွယ်၍ အရှိုက်ခက်သည့် အမည်ငှားဂရန် ကိစ္စများ"
ယခု ဖော်ပြခဲ့သည့် သာဓက၊ ဥပဒေ စီရင်ထုံးများ လေ့လာရခြင်းဖြင့် မိ ဘနှင့် သားသမီးဖြစ်စေ၊ ဆွေမျိုးညာ တကာဖြစ်စေ၊ နိုင်ငံသားဖြစ်စေ၊ နိုင် ငံခြားသားဖြစ်စေ၊ မည်သူမဆို ဘီနာမီ(ခေါ်) အမည်ငှားနှင့် ဖြစ်စေ၊ တစ်ဦး ဦးအား အမည်ခံခိုင်း၍ ဖြစ်စေ၊ မြေနှင့် အဆောက်အအုံးများကို ဝယ် ယူတော့မည်ဆိုက အပြန်အလှန် ယုံကြည်သူများ၊ သစ္စာရှိသူများဖြစ်ရန် အရေးကြီးလှကြောင်း တွေ့ရသည်။
သို့မဟုတ်ပါက အမည်ခံသူ၏ အမည်ပေါက်ဂရန် ဖြစ်သွားပါက၊ မိမိသာလျှင် ပိုင်ရှင်ဖြစ်ကြောင်း ကြေငြာရန် မလွယ်ကူလှတော့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းသို့ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်လတ္တံ့၊ ဆောင်ရွက်အံ့ ဟု စီစဉ်ထားသူများ "သတိတမံ၊ ဥာဏ်မြေကတုတ်"၊ "ပညာစွန်း၊ ချွန်းကဲ့သို့ အုပ်" ဆိုသည် ဆိုရိုးအတိုင်း သတိထားဆောင်ရွက်သင့်ပါကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com