မြန်မာနိုင်ငံကို ဇနီးမောင်နှံများဟန်း နီးမွန်းခရီးသွားရောက်ရာတွင် ရင်ခုန် ဖွယ်ရာများနှင့် အမှတ်တရ ဖြစ်စေမည့် ခရီးသွားဒေသ၁၀ခုစာရင်းတွင် အဆင့်- ၁ အဖြစ် အမေရိကန်အခြေစိုက် Brides Magazine က ၂၀၁၇ ခုနှစ်အတွက် ရွေးချယ်ဖော်ပြ ထုတ်ပြန်ထားကြောင်း သိရသည်။
ဟန်းနီးမွန်း သွားရောက်မည့် ဇနီး မောင်နှံများအတွက် ရင်ခုန်ဖွယ်ရာများ နှင့် အမှတ်တရဖြစ်စေမည့် ခရီးသွားဒေသ ၁၀ ခုစာရင်းအဖြစ် ဖော်ပြထားရာ မြန်မာ နိုင်ငံ၊ ကနေဒါနိုင်ငံအရှေ့ပိုင်းဒေသ၊ အင်ဒို နီးရှားနိုင်ငံ Sumba ကျွန်း၊ လက်ဘနွန်နိုင်ငံ Beirut မြို့၊ နော်ဝေးနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ Budapest မြို့၊ Madagascar ကျွန်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံ Tasmania ကျွန်း၊ စကော့တလန်၊ ပစိဖိတ်သမုဒ္ဒရာရှိ Gala'pagos ကျွန်းတို့ကိုအစဉ်လိုက်ဖော်ပြထားကြောင်း သိရသည်။
Brides Magazine က မြန်မာနိုင်ငံ အတွက် ဟန်းနီးမွန်းသွားရောက်လိုသူ များကို ညွှန်းဆိုထားရာတွင် ရွှေတိဂုံစေတီ တော်တည်ရှိရာ ရန်ကုန်မြို့သို့ ဝင်ရောက် လည်ပတ်သင့်ကာ စေတီပုထိုးပေါင်း ၂၀၀၀ကျော်ရှိသောပုဂံကို သွားရောက် သင့်ကြောင်း၊ ပုဂံရှိစေတီပုထိုးများနှင့်ရှု ခင်းများကိုလည်း မိုးပျံပူဖောင်းစီးကာ သန့်ရှင်းလတ်ဆတ်သော လေနှင့်ရှုခင်း များကို Romantic ဆန်စွာ ကြည့်ရှုခံစားနိုင် မည်ဖြစ်သည့်အပြင် အင်းလေးကန်တွင် ဆန်းသစ်သော ရိုးရာလှေလှော် အတွေ့ အကြုံများနှင့်နေဝင်ချိန်ရှုခင်းများက အိပ်မက်ဆန်သည့် ဇနီးမောင်နှံနေ့ရက် များကိုခံစားနိုင်မည်ဖြစ်ကြောင်းဖော်ပြ ထားသည်။
ယင်းမဂ္ဂဇင်းသည် မင်္ဂလာပွဲဆိုင်ရာ အခမ်းအနားများစီစဉ်ပေးခြင်း၊ မင်္ဂလာဝတ်စုံ စီစဉ်ပေးခြင်း၊ ဟန်းနီးမွန်းခရီးစဉ် ရေးဆွဲပေးခြင်းနှင့် မင်္ဂလာဆောင်နှင့်ပတ် သက်သော အခမ်းအနားများ စီစဉ်ဆောင်ရွက်ပေးသည့်မဂ္ဂဇင်းတစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ်က ဇနီးမောင်နှံများ စိတ် လှုပ်ရှားဖွယ် ဟန်းနီးမွန်းခရီး သွားရောက် ရန် နေရာ ၂၀ ခုစာရင်းတွင် မြန်မာနိုင်ငံ ကို နံပါတ်၅နေရာတွင် ထည့်သွင်းဖော်ပြခဲ့ဖူးကြောင်း သိရသည်။
Credit: PYI Myanmar