နေပြည်တော်ရှိ ဟိုတယ်များသို့ ခရီးသည်ဝင်ရောက်မှု ကျဆင်းနေ

နေပြည်တော်ရှိ ဟိုတယ်များသို့ ခရီးသည်ဝင်ရောက်မှု ကျဆင်းနေ - Property News in Myanmar from iMyanmarHouse.com
1 Feb 2017 10:39 am တွင် တင်ခဲ့သည်
1679 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ဇုန်သို့ ပြည်ပခရီးသွားများ ၀င်ရောက်ရေးတည်းခိုမှု တစ်ည အိပ် ခရီးစဉ်များ ထည့်သွင်းရောင်းချရန် သက်ဆိုင်ရာဝန်ကြီးဌာနက ခရီး သွား လုပ်ငန်းများကို ညွှန်ကြားခဲ့သော်လည်း အောင်မြင်မှုမရှိသဖြင့် ဟို တယ် များသို့ ခရီးသည်ဝင် ရောက် ကျဆင်းနေကြောင်း သ တင်းရရှိသည်။

နေပြည်တော်ဟိုတယ်ဇုန် တွင် ခရီးသွားဧည့်သည် တည်းခို မှု နည်းပါးနေ သဖြင့် အစိုးရမ ဟုတ်သော အဖွဲ့အစည်းများ၊ အ ခြားအဖွဲ့အစည်းများ၏ အစည်း အဝေးများ၊ ပွဲများ လက်ခံကျင်းပ သည့်အပေါ်တွင်သာ အဓိက မှီ ခို နေရကြောင်း နေပြည်တော်ဟို တယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းထွဋ်က ပြောသည်။

‘‘လက်ရှိ အခြေအနေက NGO ၄၄ ရာခိုင်နှုန်း၊ အဖွဲ့အ စည်းတွေက ၃၅ ရာခိုင်နှုန်းကျော် ရှိတယ်။ အဲဒီနှစ်ခုကပဲ နေပြည် တော်ဟိုတယ်ဈေးကွက်ကို ဦး ဆောင်နေတယ်။ ခရီးသွား အေး ဂျင့်တွေကလာတဲ့ ဧည့်သည်တွေ နဲ့ ပြည်တွင်း ဧည့်သည်တွေရဲ့ ၀င် ရောက်မှုက ၅ ရာခိုင်နှုန်းအောက် ပဲ ရှိတယ်’’ဟု ဦးသန်းထွဋ်က ပြောသည်။

ထိုသို့ ဧည့်သည်ဝင်ရောက် မှုနည်းပါးနေသဖြင့် ဟိုတယ်အ များစု အရှုံးနှင့် ရင်ဆိုင်နေရပြီး ဟို တယ်များ လစဉ်လည်ပတ်နေရ သည့် ၀န်ထမ်းစရိတ်၊ အခြားဝန် ဆောင်မှုစရိတ်များပင် မကျေ သည့်အနေအထား သို့ ရောက် ရှိ နေကြောင်း ၎င်းက ဆိုသည်။

ခရီးသွားကုမ္ပဏီများ ရောင်း ချနေသည့် ခရီးစဉ်များတွင် နေပြည်တော် တစ်ညအိပ်ခရီးစဉ် ထည့်သွင်းရေးဆွဲနိုင်ရန်နှင့် ခရီး သွား ကုမ္ပဏီများသို့ ညှိနှိုင်းအ ကြောင်းကြားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သက်ဆိုင်ရာအသင်းအဖွဲ့များသို့ ၂၀၁၆နိုဝင်ဘာက အကြောင်းကြားစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ရုံးစိုက်ရာ နေပြည်တော်ကို ခရီး သွားလုပ်ငန်း အခြေခံ အဆောက် အအုံများ တည်ဆောက်ကာ Green City အဖြစ် ပြည့်စုံ စွာ ဆောင်ရွက်ထားသည့်အပြင် နိုင်ငံတကာမှ ဧည့်သည်များကို လွှတ်တော် အဆောက်အအုံအ တွင်း လှည့်လည်ကြည့်ရှုလေ့လာ နိုင်ရန် စီစဉ်ဆောင် ရွက်ထားရှိ ကြောင်း အဆိုပါအကြောင်းကြား စာတွင် ဖော်ပြခဲ့သည်။

နိုင်ငံခြားခရီးသွားအများစု သည် ယဉ်ကျေးမှုလက်ရာများ ပေါများသည့် မန္တလေး၊ ပုဂံဒေသ များသို့သာ သွားရောက်လေ့လာ ရန် စိတ်ဝင်စားမှု များပြားနေပြီး နေပြည်တော်သို့ သွားရောက်ရန် စိတ်ဝင်စားမှု နည်းပါး သဖြင့် နေပြည်တော်ခရီးစဉ်များ ထည့် သွင်းစီစဉ်ရန် အခက်အခဲရှိကြောင်း ခရီးသွားကုမ္ပဏီအချို့က ပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service