ဟောင်ကောင်သည် Wendell Cox ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက နှစ်စဉ်
ထုတ်ပြန်လေ့ရှိသော ကမ္ဘာ့ အိမ်ဈေးလက်လှမ်းမမီဆုံးမြို့ (၀င်ငွေနှင့် အိမ်ဈေး
အချိုးမညီဆုံး) စစ်တမ်းများတွင် ခုနစ်နှစ်ဆက်တိုက် ပထမနေရာကို ဗိုလ်စွဲမှုအဖြစ်ယခု ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်လိုက်သည့် စစ်တမ်းတွင် ၎င်းထိပ်တန်းနေရာ၌
ဖော်ပြခံခဲ့ရပြန်ပြီဖြစ်သည်။
ယင်းသည် ဟောင်ကောင်နှင့်အတူ မွမ်ဘိုင်း၊ ပေကျင်းနှင့် ရှန်ဟိုင်းတို့သည် ၀င်ငွေနှင့်အချိုးချပါက အိမ်ဈေးအကြီးမြင့်ဆုံး ကမ္ဘာ့မြို့ကြီးများဖြစ်ကြောင်း အမှီအခိုကင်းသောကမ္ဘာ့အကြံပေးကုမ္ပဏီ Oxford Economics ၏ မကြာသေးမီက လေ့လာမှုတစ်ရပ်ကို
ယုံကြည်လက်ခံသင့်ကြောင်း ထောက်ခံလိုက်ခြင်းလည်းဖြစ်သည်။
ဟောင်ကောင်တွင် ၂၀၁၆ ခုနှစ်၌ တစ်နှစ်တာပျမ်းမျှဝင်ငွေထက် အိမ်ဈေးက ၁၈ ဒသမ၁ ဆ ကြီးမြင့်ခဲ့သည်။
ယင်းသည် ၁၉ ဆ ပိုမိုကြီးမြင့်ခဲ့သည့် ၂၀၁၅ ခုနှစ်ကထက် အခြေအနေအနည်းငယ်တိုး
တက်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၌ တစ်နှစ်တာပျမ်းမျှဝင်ငွေထက် အိမ်ဈေးက ၁၉
ဆ ပိုမိုကြီးမြင့်ခဲ့ခြင်းသည် Wendell Cox က ၎င်း၏ Demographia ၀က်ဘ်ဆိုက်ဒ်တွင်
၁၃ နှစ်တိုင်ဖော်ပြလာခဲ့သော ထိုစစ်တမ်းသက်တမ်းတစ်လျှောက် စံချိန်တင်အဆိုးရွားဆုံးဖြစ်ခဲ့သည်။
ဟောင်ကောင်သည် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေဈေးကွက် ၄၀၆ ခုကို လေ့လာဆန်းစစ်ခဲ့
သည့် ထိုစစ်တမ်း၏ ထိပ်တန်း ၁၀ နေရာတွင် ပါဝင်သည့် တစ်ခုတည်းသော တရုတ်မြို့လည်းဖြစ်သည်။ ဟောင်ကောင်၏ မတန်တဆကြီးမြင့်သည့် အိမ်ဈေးများသည်တင်းကျပ်သော မြေယာအသုံးပြုမှုစည်းမျဉ်းကြောင့်
ဖြစ်ကြောင်း Wendell Cox ကထိုစစ်တမ်းတွင် ဖော်ပြခဲ့သည်။
ဟောင်ကောင်တွင် မကြာသေးမီက ချမှတ်ခဲ့သော နိုင်ငံခြားသားအိမ်ဝယ်ယူမှုနှင့်
ဒုတိယအကြိမ်အိမ်ဝယ်ယူမှုဆိုင်ရာ အခွန်စည်းမျဉ်းများကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်ဟုလည်း ဖော်ပြခဲ့သည်။
Wendell Cox ၏ ယခုနှစ်ထိုစစ်တမ်းတွင် ဖော်ပြခံခဲ့ရသော ကမ္ဘာ့ အိမ်ဈေးလက်လှမ်း
မမီဆုံးမြို့ (၀င်ငွေနှင့် အိမ်ဈေးအချိုးမညီဆုံး) မြို့ ၁၀ မြို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဟောင်ကောင်
၂။ ဆစ်ဒနီ
၃။ ဗန်ကူးဗား
၎။ အော်ကလန်
၅။ ဆန်ဟိုဆေး (အမေရိကန်ရှိ ဆန်ဟိုဆေးဖြစ်သည်)
၆။ မဲလ်ဘုန်း
၇။ ဟိုနိုလူလူ
၈။ လော့စ်အိန်ဂျလိစ်
၉။ ဆန်ဖရန်စစ္စကို
၁၀။ ဘွန်းမောက်သ် အန် ဒေါဆက် (ဗြိတိန်ရှိ ဘွန်းမောက်သ် အန် ဒေါဆက်ဖြစ်သည်)
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com