တရုတ်နိုင်ငံ၊ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် အဆောက်အအုံပေါင်း
၁၉ ခုကို ၁၀ စက္ကန့် အတွင်း ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရသည်။
ပေပေါင်း ၂၃၂၀ အမြင့်ရှိသည့် မိုးမျှော်တိုက်ကြီးအပါအဝင် စီးပွားရေးအ ရအချက်အချာကျသည့်အဆောက်အအုံတန်းကြီးဆောက်လုပ်ရန် ၁၂ ထပ်မြင့် သည့်အဆောက်အအုံအပါအဝင် စုစု ပေါင်းအဆောက်အအုံ ၁၉ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
၃၇ ဧကအကျယ်ရှိသောဧရိယာအတွင်းမှ ကွန်ကရစ်၊ဖန်၊သံမဏိချောင်းများ ဖြင့်ဆောက်လုပ်ထားသည့်
အဆောက်အအုံများကို နေဝင်ပြီးနောက် ၁၀ စက္ကန့်အ တွင်း ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
၎င်း Hankou Binjiang မြေနေရာတွင် နေထိုင်သူများကို လွန်ခဲ့သည့်ရက်သတ္တ ပတ်များကလည်း နေရာရွှေ့ပြောင်းပေး ထားပြီးဖြစ်သည်။ မြို့လယ်ကောင်နှင့်နီး သောကြောင့် အင်ဂျင်နီယာများက အနီး အနားရှိဈေးဝယ်စင်တာကြီးများ၊မြေ အောက်မီးရထားဘူတာများတွင်
ထိခိုက်မှု မရှိစေရန် အထူးသတိထား၍ ဖောက်ခွဲခဲ့ ကြရသည်။
အဆောက်အအုံများဖြိုဖျက်ရေးကု မ္ပဏီ၏ဒါရိုက်တာယုံရှန်းက ' မြို့လယ် ကောင်က ဒီလိုပမာဏကြီးမားတဲ့ဖောက်ခွဲမှု မျိုးအတွက် ဖောက်ခွဲမှုရဲ့နောက်ဆက်တွဲ အကျိုးရလဒ်ကောင်းဖို့အပြင် ဖောက်ခွဲမှု အရှိန်ကိုထိန်းချုပ်နိုင်ဖို့အတွက်လည်း အာမခံပြီးလုပ်ဆောင်ရပါတယ်'ဟု ဆိုခဲ့ သည်။
အဆောက်အအုံများကြားရှိနေရာ ပေါင်း ၁၂၀၀၀၀ တွင် ပေါက်ကွဲပစ္စည်း ငါးတန်ခန့်ကို ဖြန့်ချထားပြီး တစ်ခုနှင့် တစ်ခုဆက်တိုက်ဆိုသလိုဖောက်ခွဲသွား ခြင်းဖြစ်သည်။
Chinese Academy of Engineering မှကျွမ်းကျင်ပညာရှင်တစ် ဦးက ၎င်းဖောက်ခွဲရေးနည်းပညာကို တ ရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အသုံးပြု ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံများကို သမားရိုးကျနည်းများအတိုင်းဖြိုချမည်ဆိုပါ က အနည်းဆုံးလေးလခန့်အချိန်ကြာမြင့် မည်ဖြစ်သည်ဟု ဆိုခဲ့ကြောင်း သိရသည်။
Credit: PYI Myanmar