အထွေထွေဖွံ့ဖြိုးမှုနောက်ကျတာကြောင့် အထူးစောင့်ရှောက်မှု လိုအပ်တဲ့ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဒေးကဲစင်တာဟာ သီးသန့်အဆောက်အအုံ တည်ဆောက်ဖို့ မြေနေရာလိုအပ်နေသေးတယ်လို့ ဗြဟ္မစိုရ်လူနေမှု ကူညီရေးအသင်း (မန္တလေး) ဥက္ကဌ ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ် ။
အထူးစောက်ရှောက်မှုလိုအပ်တဲ့ ကလေးတွေအတွက် ဒေးကဲစင်တာကို အသင်းရဲ့ လေးထပ်ဆောင်ဆေးပေးခန်းမှာ
ယနေ့ (ဇန်နဝါရီ ၂၈) စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ် ။
‘ ကလေးတွေကို လေးထပ်ဆောင်မှာ နေရာပေးထားပြီးဖြစ်ပါတယ် ၊ မြေပြန့်မှာ တစ်နေရာရမယ်ဆိုရင်လဲ ဗြဟ္မစိုရ်အသင်းရဲ့ အရှေ့ဘက်မှာ မြေကွက်လပ်လေးရှိပါတယ် ၊ အလှူရှင်ပေါ်ပေါက်ခဲ့မယ်ဆိုရင် ကလေးအတွက် မြေပြန့်က အသင်တော့်ဆုံးဖြစ်လို့ ကျယ်ကျယ်ဝန်းဝန်း ရှိမှာပါ’ လို့ ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ် ။
ဒေးကဲစင်တာကို သောကြာ ၊ စနေနဲ့ တနင်္လာနေ့တွေမှာ ဖွင့်လှစ်တာဖြစ်ပြီး မနက်နဲ့ညနေ နှစ်ပိုင်းခွဲကာ ပြုစုစောက်ရှောက်ပေးတာဖြစ်ပါတယ် ။ ကလေးငယ် ၃၀ ဦးကို ဝန်ထမ်း ငါးဦးက စောက်ရှောက်ပေးတာဖြစ်တယ်လို့ သိရပါတယ် ။
‘ ကျွန်တော်တို့ဆီရောက်လာတာက အပေါ်ယံအပိုင်းလေးပဲရှိပါသေးတယ် ၊ တိမ်မြုပ်နေတဲ့ ကလေးတွေ အများကြီးရှိပါသေးတယ် ၊ ဒီကလေးတွေအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရဦးမှာပါ’ လို့ ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ် ။
အထူးစောက်ရှောက်မှုလိုအပ်တဲ့ ကလေးငယ်တွေဟာ ကိုယ်အင်္ဂါ ၊ ဥာဏ်ရည် ၊ အပြောနဲ့ အကြားအာရုံချို့ယွင်းအားနည်းသူတွေဖြစ်ကြပြီး ဒေးကဲစင်တာမှာ သည်ကလေးငယ်တွေရဲ့ ဘဝရှင်သန်အောင် ၊ ရပ်တည်နိုင်အောင် နဲ့ လူတန်းစေ့နေနိုင်အောင် ထိန်းသိမ်းစောက်ရှောက်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ် ။
သည်စင်တာစာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး) ရဲ့ နာရေး ၊ ကျမ်းမာရေး နဲ့ ပညာရေးကူညီမှု ၊ သဘာဝဘေးကယ်ဆယ်မှုရဲ့ စာကြည့်တိုက်လုပ်ငန်းတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။
Credit: The Kumudra