ကိုယ်ပိုင်တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ရောင်းချတာတွေ အခုချိန်မှာ ပိုပြီး များပြားလာ တယ်လို့ သိရပါတယ်။
“အခုချိန်က တိုက်ခန်းတွေ၊ ကွန်ဒိုတွေ နေတာတွေက ပိုပြီး များလာတယ်၊ တချို့တွေကျတော့ နေချင်တယ်၊ ငှားနေတာတွေက ဈေးမတတ်နိုင်ကြဘူး၊ ကိုယ်ပိုင်မြေမှာ ဆောက်တာတွေက ဈေးလဲ သက်သာတယ်၊ အရင် ဆုံး ၁၀ သိန်းလောက် သွင်းပြီး နောက်ထပ် ငါးနှစ်၊ ရှစ်နှစ်လောက်မှ အကျေ ပေးရတာဆိုတော့ သူတို့တွေ အ တွက်လဲ ဝန်ပေါ့တယ်လေ၊ အဲ့ဒါကြောင့် လုပ်ပေးဖြစ်တာပါ” လို့ ကိုယ်ပိုင်တိုက်ခန်းတွေကို အရစ်ကျ ရောင်းချ ပေးနေသူ ဒေါ်လှလှမြင့်က ပြောပါတယ်။
တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို ဆောက်လုပ်တဲ့ ကုမ္ပဏီတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ စနစ်နဲ့ ရောင်းချကြသလို ကိုယ်ပိုင်တိုက်ခန်းတွေကိုလည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ ရောင်းချတဲ့ စနစ်တွေ လည်း ရှိလာပါတယ်။ ကိုယ်ပိုင်တိုက်ခန်းတွေကို ရောင်းချတဲ့အခါမှာ ကျပ် ၁၀ သိန်း၊ ၁၅ သိန်း အရင်ပေးပြီး နောက်ထပ် ၃၀ ရာခိုင်နှုန်း အကျေသွင်းပြီးရင် တိုက်ခန်း ပိုင်ဆိုင်နိုင်တဲ့ ပုံစံတွေနဲ့ ရောင်းချလာတာ ဖြစ်ပါတယ်။
ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်နဲ့ချိတ်ဆက်ပြီး ဆက်ပေးသွင်းရမှာ ဖြစ်ပါတယ်။
သည်လိုမျိုး ရောင်းချနေတာတွေက တောင်ဥက္ကလာပမြို့နယ်လို နေရာတွေမှာ အများဆုံး ရောင်းချပေးနေတာ ဖြစ်ပြီး အချက်အချာကျတဲ့ နေရာတွေမှာ ရှိတဲ့ ဘိုးဘွားပိုင်မြေတွေမှာ ဆောက်လုပ်ထားတာ ဖြစ်တယ်လို့ သိရ ပါတယ်။
Credit: Kumudra