ကမ္ဘာ့ရွှေဈေး အကျပိုင်း ဦးတည်နေပြီး ပြည်တွင်းငွေလဲနှုန်းတွေ တည်ငြိမ်နေတာကြောင့် ပြည်တွင်းရွှေဈေး လည်း ကျပ် ၈၆၀,၀၀၀ ဝန်းကျင်မှာသာ ရှိနေနိုင်တယ်လို့ ရွှေဈေးကွက် လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
“အမေရိကန် သမ္မတသစ်လက်ထက်မှာ ရွှေဈေးက အတက်ပိုင်းကို မှန်းထားပေမယ့် လက်ရှိမှာ စတော့ခ်ဈေး ကွက် အားကောင်းနေတာကြောင့် ရွှေဈေး ပြန်ကျသွားခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးကလည်း ကျပ် ၈၆၀,၀၀၀ ဝန်းကျင်မှာသာ ရှိနေနိုင်တယ်။” လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြောပါ တယ်။
ထရမ့် အမေရိကန် သမ္မတ တာဝန်ကို လက်လွှဲယူတဲ့ အပတ်က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၂၂၀ ဝန်းကျင်အထိ ပြန်လည် မြင့်တတ်ခဲ့ပေမဲ့ အဲသည်နောက်ပိုင်းမှာတော့ စီးပွားရေး မူဝါဒတချို့ ကြောင့် ကမ္ဘာ့ရွှေဈေး ထိုးကျပြီး စတော့ခ်ရှယ်ယာ ဈေးတွေ ထောင်တက်လာခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နှစ်ကူး ရုံးပိတ်ရက်တွေကလည်း ဒေါ်လာ ၁၂၂၀ အထိ မြင့်တက်လာတဲ့ ကမ္ဘာ့ရွှေဈေးကို ဒေါ်လာ ၁၁၈၀ အထိ ပြန်လည် ကျဆင်းဖို့ အကြောင်းပြချက်တွေ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေး အကျပိုင်းကို ဆက်သွားဖို့ အလားအလာ ရှိနေပြီး ပြည်တွင်း ငွေလဲနှုန်းလဲ တည်ငြိမ်နေတာ ကြောင့် ပြည်တွင်း ရွှေဈေး ကျပ် ၈၆၀,၀၀၀ ဝန်းကျင်မှာသာ တန်းနေနိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။ ကုန်သည်တွေအနေနဲ့ကတော့ ကျပ် ၈၅၀,၀၀၀ ဝန်းကျင်ဟာ အဝယ်ကြိုက် အနေအထား ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
Credit: Kumudra