လွန်ခဲ့သောနှစ် ၈၀ ကျော်ကပင် ပြင်ဆင်သတ်မှတ်ခြင်း မပြုဘဲ ကောက် ခံနေသော မြေခွန်နှုန်းထားများအပြင် ရေခွန်၊ တာတမံခွန်များကို တောင်သူ လယ်သမားများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေသော အခွန်နှုန်းထားများဖြင့် ပြင် ဆင်သတ်မှတ်ကောက်ခံ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော် က ဇန်န၀ါရီ ၃၀ ရက် လွှတ်တော် အစည်းအဝေး၌ သဘောတူဆုံးဖြတ်ခဲ့သည်။
လက်ရှိတွင် အစိုးရသည် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး စိုက် ပျိုးရေးသီးနှံရောင်း ချမှုများကို လွတ်လပ်စွာရောင်း ၀ယ်ဖောက်ကား ခွင့်ပြုခြင်း၊ သီးနှံ ဈေးနှုန်းများမြင့်မားလာသဖြင့် အကျိုးများစွာ ဖြစ်ထွန်း လာခြင်းတို့ ကြောင့် လက်ရှိသီးနှံဈေးနှုန်းများ နှင့် ဆီလျော်မှုရှိစေရန် အခြား သော အခွန်အခများနှင့် လိုက် လျောညီထွေမှုရှိစေရန်၊ လယ် ယာမြေဖွံ့ဖြိုးတိုးတက်စေရေးအ တွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြု လုပ်စေရန် အခွန်ထမ်းတောင်သူလယ်သမားများအတွက်လည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေ ဘဲ ပေးဆောင်နိုင်စွမ်းရှိမည့် သင့်တင့်မျှတသော မြေခွန်နှုန်းထား များ ပြင် ဆင်သတ်မှတ်ရန် လိုအပ်လာ သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းထွန်းက လွှတ်တော် သို့ တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ မြေခွန်တစ် ဧကနှုန်းထားသည် ကိုလိုနီခေတ်မှယနေ့ထိ အနိမ့် ဆုံး ၂၅ ပြား၊ အ မြင့်ဆုံး ၁ ကျပ် ၅၀ ပြား၊ ဆည် ရေသောက် ၉ ကျပ် ၇၅ ပြား၊ ယာမြေ၊ကိုင်းကျွန်းမြေ ၅ ကျပ်၊ ဥယျာဉ်ခြံမြေ ၁၂ ကျပ်၊ ဆည်ရေသောက် ဥယျာဉ်ခြံမြေ ၂၅ ကျပ်၊ ဓနိမြေ ၆ ကျပ်နှင့်အထူးသီးနှံများဖြစ်သည့် ကြံ ၁၀ ကျပ်၊ ဆေးရိုး ၅ ကျပ်၊ ကွမ်း ၂၂ ကျပ် ၅၀ ပြားတို့ဖြစ် သည်ဟု ဦးသိန်းထွန်းက ပြော ကြားသည်။
အခွန်ပြေစာတစ်ရွက်၏ တန်ဖိုးသည် အခွန်တန်ဖိုးထက်မြင့်နေ သည်ဟု အဆိုကိုထောက်ခံဆွေး နွေးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လတ် က ပြောသည်။
‘‘အခွန်ငွေဆိုတာ နိုင်ငံတော်အတွက် အရေးကြီးဆုံးလိုအပ် ချက် ဖြစ်ပါတယ်။ နိုင်ငံတော်ဆို သည်မှာ ပြည်သူတို့ဖြစ်ပါတယ်။ ပြည်သူတို့ထည့်တဲ့ အခွန်ငွေဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။
မြေခွန်နှုန်းထားများအပြင် ရေခွန်၊ တာတမံခွန်များကိုလည်း တောင်သူလယ်သမားများ ၀န်ထုပ်ဝန်ပိုးမဖြစ်စေသော အခွန် နှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံရန် တိုက်တွန်းသည့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် ဇန်န၀ါရီ ၃၁ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ပြည်သူ့ လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။
Credit: 7DayDaily