ကျပ်သိန်း ၁၀ဝ မကျော်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို လွယ်လွယ်ကူကူ နဲ့ မြန်မာနိုင်ငံ မှာဆောက်လို့ရနေပြီလို့ သိရပါတယ်။ သည်အိမ်တွေကို သံဖရိန်၊ ဘိလပ်မြေ၊ အုတ်တွေနဲ့သာ ဆောက်လုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ သည်အိမ်တွေကို ဖောင်ဒေးရှင်းသုံးပေခွဲတူးပြီးအပေါ်မှာ အုတ်ရိုးစီကာ ကျောက်လောင်းပေးတာဖြစ်ပါတယ်။
ခေါင်မိုးကိုလည်း GI နဲ့ မိုးပေးထားတယ်လို့ သိရပါ တယ်။ အိမ်ကိုရေဆေးပါ သုတ်ပေးထားပါတယ်။ အိမ်အကျယ်ပေါ် မူတည်ပြီး အခန်းအဖွဲ့တွေ၊ အိမ် သာ၊ ရေချိုးခန်း ၊မီးခိုးချောင်တွေကိုပါ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
ဖိုင်ဘာရေတိုင်ကီ၊ စတီးဘေစင်နဲ့ ဝါယာကြိုးတွေ၊ မီးပလတ်ခုံတွေကိုပါ တပ် ဆင်ပေးပါတယ်။ တစ်ထပ်အိမ်ဆိုရင် အလျား x အနံ တစ်ပေပတ်လည် ကို ၁၅,၅၀ဝ ကျပ်ဖြစ်ပြီး ကွာလတီပိုကောင်းတဲ့ နှစ်ထပ်အိမ်တွေ၊ တစ်ထပ် အိမ်တွေကိုတော့ တစ်ပေပတ်လည် ၂၂,ဝ၀ဝ ကျပ်နဲ့ ဆောက်ပေးနေပါ တယ်။
၁၅ ပေ x ပေ ၄၀ ကို ကျပ် ၉၂ သိန်းလောက်သာ ကျသင့်မှာဖြစ်ပြီး သည် ထက် ပိုကျယ်တယ်ဆိုရင်တော့ ပိုပြီးကုန်ကျနိုင်ပါတယ်။ အခုချိန်မှာ ရန်ကုန် မှာပဲဆောက်လုပ်ပေးနေတယ် ဆိုပေမဲ့ မကြာခင် နယ်တွေမှာပါ ဆောက် လုပ်ပေးမယ်လို့ သိရပါတယ်။ တစ်ခါတည်ငွေကြေးမတတ်နိုင်အတွက်လည်း အရစ်ကျပေးလို့ရတဲ့ ပုံစံ တွေနဲ့ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
Credit: Kumudra