အီဂျစ်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Abu Soma က ပင်လယ်နီတွင် အပန်းဖြေစခန်းတစ်ခုကို အီဂျစ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၄ သန်း) သုံးစွဲ၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Sheraton Soma ပင်လယ်ကွေ့ အပန်းဖြေစခန်းဟု အမည်ပေးထားသည်။
အီဂျစ်ငွေ သန်း ၂၀၀ တန်ကြေးရှိ ကန်ထရိုက်စာချုပ်ကို ယခုလအစောပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ကျန်စာချုပ်များကိုမူ ၂၀၁၆ နှစ်ကုန်ပိုင်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းအပန်းဖြေစခန်းတွင် အဆောက်အအုံပေါင်း ၂၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး လုံးချင်းအိမ်များ၊ လူနေခန်းများ၊ စတုရန်းမီတာ ၁၀၀ မှ ၄၀၀ ကြား အကျယ်အဝန်းရှိသော အပန်းဖြေအိမ်များ ပါဝင်မည်ဖြစ်သည်ဟု Abu Soma ၏ အမှုဆောင်အရာရှိချုပ် အီဘရာဟင် အယ်လ်မစ်စီရီက ပြောကြားသည်။
ဆိုမာ ပင်လယ်အော်တွင် မြေအကျယ်အဝန်း စတုရန်းမီတာ ၁၀ သန်း နေရာတွင် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စတုရန်းမီတာ ၂ ဒသမ ၅ သန်း အကောင်အထည်ဖော်ပြီးဖြစ်သည်။
လာမည့် ၁၀ နှစ်အတွင်း အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
စီမံကိန်းတွင် ဟိုတယ် ၅ လုံး Westin Cairo အမည်ရှိဂေါက်ကွင်း တို့ ပါဝင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)