၂၀၁၆ ခုနှစ်ထဲမှာ အီးယူကနေ နှုတ်ထွက်မှုဖြစ်စဉ် နဲ့ ရင်ဆိုင်ကြုံ
တွေ့ခဲ့ရလို့ စီးပွားရေးတိုးတက်မှုပိုင်းမှာ ထင်သလောက် ကောင်းနိုင်
တော့မှာမဟုတ်တော့ဘူးလို့ ထင်မြင်ယူဆခဲ့ကြပေမယ့် ဗြိတိန်
စီးပွားရေးတိုးတက်မှုပိုင်းမှာတော့ ယမန်နှစ်တုန်းက ဆက်လက်
အားကောင်းနေခဲ့ဆဲဖြစ်တယ်လို့ သိရပါတယ်။
ယမန်နှစ် နောက်ဆုံးသုံးလပတ်ထဲမှာတော့ ယင်းနိုင်ငံရဲ့စီးပွား
ရေးတိုးတက်မှုနှုန်း ၀ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီးတော့ တိုးတက်
မှုနှေးကွေးမယ်ဆိုတဲ့ ကြိုတင်မှန်းဆချက်တွေကို ဖောက်ဖျက်နိုင်ခဲ့
တာဖြစ်ပါတယ်။
ယင်းအတွက်ကြောင့်လည်း ယမန်နှစ်တစ်နှစ်လုံးမှာတော့
ယင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်းနဲ့
တိုးတက်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားစာရင်းအင်းဌာနရုံးက
ထုတ်ပြန်သွားပါတယ်။ ဒါပေမယ့်လည်း ယင်းနှုန်းထားကတော့
ယခင် ၂၀၁၅ ခုနှစ်က ၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၄ က
၃ ဒသမ ၁ ရာခိုင်နှုန်းတို့ထက်တော့ နည်းပါးနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာတော့
တိုးတက်မှု ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ရေနံနဲ့ သတ္ထုလိုမျိုး
တွင်းထွက်ပစ္စည်းထုတ်လုပ်မှုပိုင်းမှာတော့ တိုးတက်မှု
မရှိခဲ့ဘူးလို့ သိရပါတယ်။
ယခုလို နိုင်ငံမှာပြသထားနိုင်ခဲ့တဲ့ ကိန်းဂဏာန်းကောင်း
တွေကြောင့် ရှေ့မှာ ကြုံလာရဖို့ရှိနေတဲ့ စိန်ခေါ်မှုတွေအတွက်
အင်အားတစ်ရပ်ဖြစ်ခဲ့ပြီလို့လည်း ဘဏ္ဍာရေးဝန်ကြီး
Philip Hammond က ပြောပါတယ်။
" Brexit ကြောင့် ကျွန်တော်တို့အတွက် မသေချာမရေရာမှု
တွေ ရှိနေပါတယ်၊ ဒါပေမယ့်လည်း ဥရောပဒေသနဲ့ ကောင်း
မွန်တဲ့ ဆက်ဆံရေးသစ်တစ်ခု ကျွန်တော်တို့ ဖော်ဆောင်နိုင်ပါ
လိမ့်မယ်၊ အားလုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိ စီးပွားရေးတစ်ရပ်
ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ ကျွန်တော်တို့ ဆုပ်ကိုင်ရယူဖို့
အသင့်ဖြစ်နေပါပြီ" လို့ ၎င်းက ပြောသွားပါတယ်။
Credit: SFJ Strategy First