ပြု ပြင်တည်ဆောက်မှုတွေ လိုအပ်နေသေးတဲ့ ရန်ကုန် မြို့က လူသွားလမ်းများ

ပြု ပြင်တည်ဆောက်မှုတွေ လိုအပ်နေသေးတဲ့ ရန်ကုန် မြို့က လူသွားလမ်းများ - Property News in Myanmar from iMyanmarHouse.com
30 Jan 2017 10:31 am တွင် တင်ခဲ့သည်
1040 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ မြို့ပြပြောင်းလဲမှုစနစ်တွင် မညီမညာ ကျိုးပဲ့ ညစ်ပတ်နေသည့် လမ်းဘေး ပလက်ဖောင်းများက ပြောင်းလဲရန် ကျန်ရှိနေသေးလျက်ရှိသည်။

အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၄င်းတာဝန်ယူမှု ကာလအတွင်း စနစ်ပျက်နေသည့် ရန်ကုန်မြို့ကြီးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည့်အတွက် ရန်ကုန်မြို့၏ ယိုယွင်းနေသည့် လမ်းများနှင့် ပလက်ဖောင်များကိုလည်း ပြောင်းလဲသွားအောင် ပြင်ဆင်ပေးမှုများထဲတွင် ပါဝင်ရန် လိုအပ်လျက်ရှိသည်။

ရန်ကုန်မြို့၏ လူသွားလမ်း ပလက်ဖောင်းများတွင် လူအများ ကောင်းမွန်စွာ အသုံးမပြုနိုင်ဘဲ
ယိုယွင်းပျက်စီးနေခြင်းများ၊ အမှိုက်သရိုက်များဖြင့် ညစ်ပတ်နေခြင်းများ၊ သက်ကြီးရွယ်အိုများနှင့်
ကလေးသူငယ်များအတွက် အဆင်ပြေပြေ သွားလာနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထို့ပြင် လူသွားလမ်းများပေါ်တွင် မီးစက်များ၊ လမ်းပေါ်တိုးချဲ့ စိုက်ပျိုးထားသော သစ်ပင်ပန်းအိုး များ၊ ထိန်းချုပ်မှုမရှိ စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ၊ စည်းကမ်းမရှိ ဖွင့်လှစ်ထားသော ဆိုင်ငယ်လေးများကလည်း နေရာယူထားကြပြန်သေးသည်။

လမ်းလျှောက်သူများ မကြာခဏချော်လဲနိုင်သည့် ပေါက်ကွဲစုတ်ပြတ်နေသော လမ်းမျက်နှာပြင်
အနေအထားများနှင့် လမ်းပေါ်တွင် အပေါက်ကြီး၊ အပေါက်ငယ်များကို လူသွားလမ်းတစ်လျှောက်
မြင်တွေ့နေခဲ့ရသည်မှာ နှစ်များစွာကြာခဲ့သော်လည်း ယခုအချိန်ထိ ပြောင်းလဲပြင်ဆင်မှု နည်းပါး နေဆဲပင်ဖြစ်သည်ဟု ပညာရှင်များကလည်းထောက်ပြမှုများရှိခဲ့သည်။

ထိုလူသွားလမ်းများကို အစိုးရက ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိနေသော်လည်း
ပျက်စီးမှု အတိုင်းအတာနှင့် ပြင်ဆင်ခြင်းမှာ မမျှတသည့်အတွက် အချို့နေရာများတွင် အပျက်အစီး များ များပြားနေဆဲဖြစ်သည်။

ရန်ကုန်မြို့၏ လမ်းများ ပြင်ဆင်ထိန်းသိမ်းမှုအပိုင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီအင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ကိုင်တွယ်ခြင်းဖြစ်ပြီး လမ်းများ၊ ပလက်ဖောင်းများ ပြင်ဆင်မှုအသုံးစရိတ်သည်လည်း နှစ်အလိုက် ဘတ်ဂျက်ခွဲဝေမှုဖြင့် အသုံးပြုလျက်ရှိသည်။

''ပလက်ဖောင်းပျက်နေရင် ကျွန်တော်တို့ဆီ စာတင်လိုက်၊ စာတင်လိုက်ရင် အဲဒါကို သွားကြည့်ပြီး ကျွန်တော် ချက်ချင်းပြင်ခိုင်းပါတယ်။ စည်ပင်ရဲ့ လတ်တလော သုံးငွေတွေထဲကပဲ ပြင်ခိုင်းတယ်။ ချက်ချင်းမပြင်လို့ မရဘူး။ ပြင်ပြီးတော့ ပြန်စစ်ပြီးမှ ဘတ်ဂျက်ပြန်သတ်မှတ်၊ ကျွန်တော်တို့ဘက်က ပလက်ဖောင်းတွေ ပျက်စီးတာနဲ့ ပတ်သက်ရင်တော့ အဲဒီလို ဆောင်ရွက်ပေးပါတယ်''ဟု ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက မြန်မာတိုင်း(မ်)ကို ပြန်လည်ဖြေကြားခဲ့သည်။

မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်မြို့ လမ်းစနစ်များကို ပြန်လည်ပြုပြင်မှုများတွင် လူသွား လမ်း ပလက်ဖောင်း ပြင်ဆင်မှုများလည်း ပါဝင်မည်ဖြစ်ပြီး ပြင်ဆင်မှုများလည်း လုပ်ဆောင်နေ သည်ဟု ပြောသည်။

''ပလက်ဖောင်းပြင်ဆင်မှုအပိုင်းက လမ်းပြင်ဆင် ဆောက်လုပ်တာတွေ၊ ကားပါကင်တို့ ရေတူး မြောင်းလုပ်တာတို့နဲ့ တစ်ဆက်တည်း တွဲပါသွားတယ်။ လမ်းကို ပြင်တာနဲ့ ပလက်ဖောင်းပါ
ပါသွားပြီဆိုတော့ ကျွန်တော်တို့ ဒီစနစ်ကို ပြန်ပြင်မှာပါ။ ပြန်ပြင်နေပါတယ်။ ပလက်ဖောင်းက
ပေါက်နေတယ်ဆို ကျွန်တော်တို့က ချက်ချင်းပြင်ပေးမှရမှာပါ။ ဒါကို တင်ပြပြီး နောက်နှစ်
ဘတ်ဂျက်တွေထိ စောင့်လို့မရပါဘူး''ဟု ၄င်းက ပြောသည်။

သို့သော် လက်ရှိအချိန်ထိ ပျက်စီးယိုယွင်းနေသော လူသွားလမ်းများရှိနေပြီး လမ်းသွားလမ်းလာများ ၏ နေ့စဉ် ဖြတ်သန်းသွားလာနေမှုတွင် အဆင်မပြေမှုများ တွေ့ကြုံနေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့
နေထိုင်သူတစ်ဦးက ပြောသည်။

''ကျွန်မကတော့ အိမ်နဲ့ရုံး နီးတော့ ကားမစီးဘဲ လမ်းပဲလျှောက်ဖြစ်တယ်။ ဒါပေမဲ့ လမ်းလျှောက် တော့လည်း လမ်းပလက်ဖောင်းတွေက ကျိုးပဲ့ပျက်စီးနေပြီး မကောင်းလို့ ချော်လဲမှာစိုးရိမ်ပြီး ကောင်းကောင်းလျှောက်လို့မရဘဲ အချိန်တွေပိုကြာနေလို့ စိတ်ညစ်ရတယ်''ဟု မင်္ဂလာတောင် ညွန့်မြို့နယ်မှ ဗိုလ်တထောင်မြို့နယ်သို့ နေ့စဉ် ရုံးတက်နေသည့် မသန္တာထွန်းက ပြောသည်။

ရုံးနှင့် အိမ် နီးစပ်သောနေရာများတွင် နေထိုင်သူများအနေဖြင့် မော်တော်ယာဉ်များစီးကာ အိမ်ပြန်ခြင်းထက်လမ်းလျှောက်ကာ ရုံးတက်ရုံးဆင်း ပြုလုပ်ခြင်းကို ပိုမိုပြုလုပ်လိုကြသော်လည်း မြို့လယ်ကောင်တစ်ဝိုက်တွင်ပင် လူအများ လမ်းလျှောက်ရန် ကျဉ်းမြောင်းသော လူသွားလမ်း ပလက်ဖောင်းများကြောင့် အခက်တွေ့နေရကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် သန့်ပြန့်ညီညာပြီး လမ်းလျှောက်သူများအတွက် အရိပ်ရကာ ဝှီးချဲများ၊ ကလေး
လက်တွန်းလှည်းများနှင့် သွားလာသူများအတွက်ကိုပါ အလွယ်တကူသွားလာနိုင်မည့်ပလက်ဖောင်း များ၊လူသွားလမ်းများ ရန်ကုန်မြို့တွင် လိုအပ်နေသေးကြောင်း ပန်းဘဲတန်းမြို့နယ် အထက်တန်းပြ
ကျောင်းဆရာမ ဒေါ်ကျော့သီတာက ပြောသည်။

''ပလက်ဖောင်းမျက်နှာပြင်တွေက မညီမညာ မြင့်လိုက်နိမ့်လိုက်တွေဖြစ်ပြီး ပျက်စီးတဲ့ နေရာတွေ ကလည်း ပျက်စီးနေတာတွေရှိတော့ လမ်းလျှောက်သူတွေအတွက် အဆင်မပြေလို့ ကလေးငယ် တစ်ယောက်နဲ့အတူ လမ်းလျှောက်မယ်ဆိုရင် ကလေးချော်လဲမှာ စိုးရိမ်နေရပြီး ကားပဲ စီးလိုက်ရ တာတွေ ရှိတယ်။ မြို့ထဲမှာဆို နီးနီးနားနားလေးကိုတောင် ကားလမ်းကျပ်တော့ ကားမစီးဘဲ လမ်းလျှောက်သွားရမယ်ဆိုပိုအဆင်ပြေတာပေါ့၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းတာပေါ့။ ဒါပေမဲ့ ပလက်ဖောင်းတွေက အဲဒီလို လမ်းလျှောက်ချင်စိတ်တောင် မရှိဘူး''ဟု ၄င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သောအစိုးရလက်ထက်တွင် လူသွားလမ်းများကို ဖယ်ရှားကာ လမ်းပေါ်တွင်
ယာဉ်ရပ်နားရန် နေရာများ ဖန်တီးခဲ့သည့်အတွက်ကြောင့်လည်း လူသွားလမ်းနေရာများ
ပျောက်ခဲ့ရသည်။ လူသွားလမ်းနေရာများ မရှိသလောက် ရှားပါးနေသော လမ်းမကြီးများထက်တွင်
ကျူးကျော်ဖွင့်လှစ်ထားသော ဆိုင်ငယ်များကြောင့်လည်း မြို့လယ်ကောင်နေရာများတွင်ပင်
လမ်းသွားသူများမှာ လမ်းမများပေါ်မှ မဖြစ်မနေသွားလာနေရကြောင်း ၄င်းက ပြောသည်။

''လူသွားလမ်းမရှိတာက မြိုလယ်ကောင် မှာကို တော်တော်ဆိုးဝါးပါတယ်။ လမ်းသွားလမ်းလာ သူတွေ အတွက် သန့်ပြန့်ညီညာတဲ့လျှောက်လမ်းတွေ မရှိတာကလည်း ရန်ကုန်မြို့ရဲ့ မြို့ပြလက္ခဏာကိုလည်း ထိခိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလို လမ်းသွားသူတွေအတွက် အရိပ်ရမယ့်အပင်တွေ၊ နားနေနိုင်မယ့် ထိုင်ခုံတွေပါ ထားပေးနိုင်ရင် ကောင်းတာပေါ့''ဟု ၄င်းက ပြောသည်။

မိုးတွင်းကာလများတွင် ကျဉ်းမြောင်းသော ရေဆိုးမြောင်းများအပြင် လမ်းမျက်နှာပြင်တစ်လျှောက်
ကွန်ကရစ်များ လောင်းထားသည့် ပလက်ဖောင်းများကြောင့် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပြီး ရွှံ့ဗွက်များ
ထကာ လမ်းသွားလမ်းလာသူများအတွက် လမ်းလျှောက်ရန် အခက်အခဲနှင့် ရင်ဆိုင်ရကြောင်း
ဦးစိန်အောင်က ပြောသည်။

ရန်ကုန်မြို့ရှိ လမ်းများကို ပိုမိုကောင်းမွန်လာစေရန် ပုံစံ ပြန်လည်ရေးဆွဲသင့်ကြောင်းနှင့်
ရန်ကုန်မြို့လယ်တွင် ယာဉ်များ ကြုံသလိုရပ်နားခြင်းကို တားမြစ်သင့်ပြီး လမ်းသွားလမ်းလာများ
အတွက် လုံလောက်သော နေရာများပေးကာ ဈေးသည်များကိုလည်း လမ်းလျှောက်သွားလာနိုင်မှု
မထိခိုက်စေဘဲ စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်စေရန် စီမံကွပ်ကဲသင့်ကြောင်း ရန်ကုန်မြို့ပြ
အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သော ရန်ကုန်မြို့ပြအမွေအနှစ်
မဟာဗျူဟာတွင် တိုက်တွန်းထားသည်။

လျှောက်လမ်းများ အများဆုံး အသုံးပြုနေသော နေရာများနှင့် အဆင့်မြှင့်တင်ရန် လိုအပ်သော
နေရာများကို ဖော်ထုတ်ရန်အတွက် လက်ရှိလျှောက်လမ်းများနှင့် ၄င်း တို့၏ အရည်အသွေးများကို
သုံးသပ်ရန်နှင့် မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကဲ့သို့သော အဓိကလမ်းမများရှိ
လျှောက်လမ်းများကို ပြန်လည်တိုးချဲ့ပေးရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့က ဖော်ပြထားသည်။

Credit: Myanmar Times
ပြု ပြင်တည်ဆောက်မှုတွေ လိုအပ်နေသေးတဲ့ ရန်ကုန် မြို့က လူသွားလမ်းများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service