သုံးရက်ဆက်တိုက် ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် ဇန်န၀ါရီ ၂၇ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၁၀၀၀ ကျော်အထိ လျော့ကျပြီး သုံးရက်အတွင်း ကျပ် ၁၅၀၀၀ ကျော် လိုက်ပါကျဆင်း လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ကာ ဈေးနှုန်းပြန် လည် မြင့်တက်လာပြီး ဇန်န၀ါရီ ၁၂ ရက်ကစပြီး ၁၂၀၀ ဒေါ်လာအ ထိ ရောက်ရှိခဲ့သည်။ ဇန် န၀ါရီ ၁၇ ရက်တွင် ၁၂၁၇ ဒေါ်လာအထိ မြင့် တက်ခဲ့ပြီးနောက် ဇန်န၀ါရီ ၂၄ ရက်တွင် ၁၂၁၈ ဒေါ်လာအထိ ရောက်ရှိပြီး ဇန်န၀ါရီ ၂၅ ရက်တွင် ၁၁၉၇ ဒေါ်လာ၊ ဇန်န၀ါရီ ၂၆ ရက်တွင် ၁၁၈၉ ဒေါ် လာ၊ ဇန်န၀ါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် ၁၁၈၃ ဒေါ်လာအထိ ကျဆင်း ခဲ့သည်။ သုံးရက်အတွင်း ဈေးနှုန်း ဒေါ်လာ ၃၀ ကျော် ကျဆင်းလာခြင်းဖြစ် ပြီး ပြည်တွင်းရွှေဈေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၅ ရက် က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာ ၀န်းကျင်တွင် ရှိခဲ့သည်။ ထို့ နောက် ဒီဇင်ဘာ ၂၇ ရက်မှစ၍ ဈေးပြန်တက် လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ် လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၁၄၉ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န ၀ါရီ ၄ ရက်တွင် ၁၁၆၆ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၀ ရက်တွင် ၁၁၈၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက်မှ စတင်ကာ ဒေါ်လာ ၁၂၀၀ အထက် ရောက်ရှိလာခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက် ပြန်ဆင်းသွားခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် နိုင်ငံခြားငွေ လဲနှုန်း မြင့် တက်ခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းလာသော် လည်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၂၂ ရက်အထိ ကျပ် ၈၅၀၀၀၀ အထက်တွင် တည်ရှိခဲ့သည်။ ဒီဇင် ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည် ကျဆင်းမှုကြောင့် ရွှေဈေးပြန် ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ငါးလနီးပါး ကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂၇ နောက်ပိုင်းမှ စတင်ကာ ကျပ် ၈၄၃၀၀၀ အထက် ပြန်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၈ ရက်တွင် ကျပ် ၈၅၀၀၀၀ အ ထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ဇန်န၀ါရီ ၁၇ ရက်တွင် ကျပ် ၈၆၉၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ဇန်န၀ါရီ ၁၈ ရက်တွင် ကျပ် ၈၇၅၀၀၀ ကျော်အထိ၊ ဇန်န၀ါရီ ၂၄ ရက် တွင် ကျပ် ၈၇၇၇၀၀ အထိ ရောက်ရှိခဲ့ပြီး သုံးရက်ဆက်တိုက် ဈေးပြန်လည် ကျဆင်းခဲ့ကာ ဇန်န၀ါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၈၆၁၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group