လားရှိုးလေဆိပ်အ ဆောက်အအုံသစ်ကို ရှမ်းပြည် နယ် (မြောက်ပိုင်း) လားရှိုးလေ ဆိပ်၌ ဇန်န၀ါရီ ၂၆ ရက်က ဖွင့် လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘အခု အသစ်ဖွင့်လှစ်လိုက် တဲ့ လေဆိပ်အဆောက်အအုံကိုပဲ နောက်ပိုင်းမှာ ခရီးသွားတွေ အ သုံးပြုရတော့မှာပါ။ အရင်အသုံး ပြုနေ တဲ့ လေဆိပ် အဟောင်းကို တော့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနရဲ့ ရုံး ခန်းတွေအဖြစ်ပဲ အသုံးပြုသွားမယ်။ ခရီးသည်တွေ အသုံးပြုခွင့် မပေးတော့ဘူး။ လေ ဆိပ်အသစ်မှာဆိုရင် အရင်အ ဟောင်းထက် ခရီးသည်အ၀င်အ ထွက်က တစ်နာရီကို နှစ်ဆ လောက် ပိုမို အသုံးပြုသွားနိုင်ပါ တယ်’’ဟု လေကြောင်းပို့ဆောင် ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးတင်မောင်နီက ပြောသည်။
အဆိုပါ လေဆိပ်အဆောက် အအုံသစ်သည် အလျားပေ ၂၀၀၊ အနံ ပေ ၈၀ ကျယ်ဝန်းပြီး သံကူ ကွန်ကရစ်တစ်ထပ်အမျိုးအစား ဖြစ်ကာ ကြမ်းခင်း ဧရိယာ ၂၅,၇၄၀ စတုရန်းပေ ကျယ်ဝန်း သဖြင့် တစ်နာရီလျှင် ခရီးသည် ဦးရေ ပျမ်းမျှ ၂၀၀ ခန့် ၀င်ထွက်သွားလာနိုင်ကြောင်း သိရသည်။
လားရှိုးလေဆိပ် အဆောက် အအုံသစ်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကျပ်သန်း ၆၀၀ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁,၅၀၀ ဖြင့် စုစုပေါင်း နိုင်ငံတော်ဘတ်ဂျက် ကျပ်ငွေ သန်း ၂,၁၀၀ အကုန်ကျခံ တည် ဆောက်ခြင်းဖြစ်ကြောင်း လေ ကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။
ယခင် လေဆိပ်အဆောက် အအုံဟောင်းသည် ဒုတိယကမ္ဘာ စစ် မတိုင်မီကရှိခဲ့သော လေ ယာဉ်ကွင်းဖြစ်ပြီး အလျား ၁၂၀ ပေနှင့် အကျယ် ၆၄ ပေ ကျယ် ၀န်းသဖြင့် တစ်နာရီလျှင် ခရီးသည်ဦးရေပျမ်းမျှ ၁၀၀ ခန့်သာ ၀င်ထွက် သွားလာနိုင်ခဲ့ကြောင်း ဦးတင်မောင်နီက ပြောသည်။
အဆိုပါ လေဆိပ်အဆောက် အအုံသစ်နှင့် ဆက်စပ်လုပ်ငန်း များ တည်ဆောက်သည့် မြေနေ ရာသည် မူလလေဆိပ်အဆောက် အအုံနေရာမှအပ မြေနိမ့်ချိုင့်ဝှမ်း မြေဆွေးမြေပျော့များ ဖြစ်နေသ ဖြင့် အဆောက်အအုံများ မ ဆောက်မီ မြေကြီးလုပ်ငန်းများကို ကနဦး ဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။
လက်ရှိတွင် လားရှိုးလေ ဆိပ်၌ ပြည်တွင်းလေကြောင်း လိုင်း ခြောက်လိုင်းက ၀န်ဆောင် မှုပေးလျက်ရှိပြီး ယင်းလေကြောင်း လိုင်းများမှာ မြန်မာ့လေကြောင်း၊ ရန်ကုန်အဲဝေး၊ အေးရှားဝင်း၊ JMA၊ မန်းရတနာပုံ အဲလိုင်းနှင့် အဲကမ္ဘောဇတို့ဖြစ်သည်။
Credit: 7DayDaily