သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ ကိုးလအတွင်း အနိမ့်ဆုံးဈေးအောက် ကျဆင်း

သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ ကိုးလအတွင်း အနိမ့်ဆုံးဈေးအောက် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 11:45 am တွင် တင်ခဲ့သည်
1233 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် သီလ၀ါအထူးစီးပွားရေး ဇုန်အများပိုင် ကုမ္ပဏီ(MTSH) ရှယ်ယာဈေး ဆက်တိုက်ကျဆင်းလာပြီး ဇန်န၀ါရီ ၂၆ရက်တွင် အခြေခံဈေးနှုန်းသို့ ပြန်လည် ကျဆင်းလာကြောင်း သတင်းရရှိသည်။

MTSH ရှယ်ယာ ဆယ်စုပေါင်းသည် အမြင့်ဆုံးဈေးကျပ် ခုနစ်သောင်း အထိ ဈေးပေါက်ခဲ့ သော်လည်း ယခုဇန်န၀ါရီ ၂၆ရက် တွင် ရှယ်ယာတစ်စုလျှင် ကျပ် လေးထောင်သို့ ပြန်လည်ကျ ဆင်းလာကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ ၂၀၁၆ မေလ ၂၀ရက်တွင် ၀င်ရောက် ခဲ့ရာ ကိုးလကျော်အတွင်း အနိမ့်ဆုံးဈေးဆယ်စုပေါင်းလေးသောင်းကျပ်ဖြင့် အစုရှယ်ယာသုံးသောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။

MTSHကုမ္ပဏီ၏ ရှယ်ယာ ကို ၂၀၁၃ တွင် စတင်ရောင်းချစဉ်က ကျပ်တစ်သောင်းနှုန်းဖြင့်ရောင်းချခဲ့ပြီး ၂၀၁၆ နိုဝင်ဘာလဆန်းတွင် အဆိုပါရှယ်ယာတစ်စုကို ဆယ်စုအဖြစ်ခွဲခြမ်းခဲ့သည်။ ဇန်န၀ါရီ ၂၀ရက်တွင် ရန် ကုန်စတော့အိတ်ချိန်းသို့ စတင် ၀င်ရောက်ခဲ့သည့် ပထမပုဂ္ဂလိက ဘဏ်၏ ရှယ်ယာ တန်ဖိုးသည် တစ်ပတ်အတွင်း ရှယ်ယာတန်ဖိုး ၁၇ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဇန်န၀ါရီ ၂၆ရက်တွင် ရှယ်ယာတစ်စု လျှင် ကျပ် သုံးသောင်းနှစ်ထောင့်ငါးရာပေါက်ဈေးရှိခဲ့သည်။

ရန်ကုန်စတော့ အိတ်ချိန်း တွင် ရှယ်ယာရောင်းချခဲ့သည့် ကုမ္ပဏီများဖြစ်သော FMI သည် ရှယ်ယာ စတင်ရောင်းချချိန်၌ ၁၉ ရာခိုင်နှုန်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ (MTSH)က ၂၅ရာခိုင်နှုန်း၊ မြန်မာ နိုင်ငံသားများဘဏ်(MCB) က ၁၅ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။

Credit: 7DayDaily
သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ ကိုးလအတွင်း အနိမ့်ဆုံးဈေးအောက် ကျဆင်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service