တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်နှင့် ထွန်ယက်စိုက်ပျိုးနိုင်သော မြေနေရာ ထိန်းသိမ်းကာကွယ်ရန်အတွက် ဂေါက်ကွင်းပေါင်း ၁၁၁ ခုကို ပိတ်သိမ်းခဲ့ကြောင်း ဟောင်ကောင်အခြေစိုက်သတင်း
ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂေါက်ရိုက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တို့ ဆန့်ကျင်သည့်အားကစားဖြစ်သော်လည်း ဒေသတွင်းအာဏာပိုင်
တို့ကမူများစွာနှစ်သက်ကြသည်ဟု ဆိုသည်။
တရုတ်နိုင်ငံတွင် ဂေါက်ကွင်းပေါင်း ၆၈၃ ခုရှိသည့်အနက် ၁၁၁ ကွင်းကို ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာများတွင် ဖော်ပြသည်။
တရုတ်နိုင်ငံတွင် ဂေါက်ရိုက်ခြင်းကို အစိမ်းရောင်ဘိန်း
ဟု တင်စားခေါ်ဝေါ်ကြသည်။
ပိတ်သိမ်းရန်အမိန့်ထုတ်လိုက်သည့် ဂေါက်ကွင်းများမှာ ထွန်ယက်စိုက်ပျိုးနိုင်သောမြေ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများရှိ မြေနေရာများကို တရးမဝင်အသုံးပြုထားခြင်း၊ တားမြစ်နေရာများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံတွင် ဂေါက်ကွင်းတည်ထောင်မှုကို တားမြစ်ခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်သည်။သို့ရာတွင် ဒေသခံများ၏ ချမ်းသာကြွယ်ဝမှု မြင့်မားလာခြင်းကြောင့် ဂေါက်ကွင်းလိုအပ်ချက် မြင့်မားလာမှုကြောင့် ယခင်က တစ်နိုင်ငံလုံးတွင် ဂေါက်ကွင်း ၂၀၀ သာရှိခဲ့ရာမှ ၆၈၃ ကွင်းအထိ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဂေါက်ကွင်းများ စတင်ဖျက်သိမ်းစေခဲ့သည်မှာ လွန်ခဲ့သော ၅ နှစ်ခန့်ကပင် စတင်ခဲ့ပြီး iMyanmarHouse.com တွင် သတင်းတစ်ရပ် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/463226 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
တရုတ်ဥပဒေအရထွန်ယက် စိုက်ပျိုးနိုင်သောမြေ၊ သစ်တောမြေ၊ သောက်သုံးရေ ရင်းမြစ်များနှင့် နီးကပ်သောမြေ၊ ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် ရည်မှန်းထားသည့် မြေနေရာများ တွင် ဂေါက်ကွင်းများ ဆောက်လုပ်ခွင့် တားမြစ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)