စင်္ကာပူသည် ယခုနှစ်၌ အာရှတွင် အိမ်ငှားရမ်းခဈေးနှုန်း
အကြီးမြင့်ဆုံးသော
သတ္တမမြောက်နေရာအဖြစ် ပေါ်ထွက်လို့လာပြီဖြစ်သည်။
သို့သော်လည်း ကမ္ဘာ့အချက်အလက်ပံ့ပိုးပေးရေးအဖွဲ့အစည်း ECA International က နှစ်စဉ်ထုတ်ပြန်လေ့ရှိသော ထိုစာရင်း၏ ၂၀၁၇ စာရင်းတွင် နံပါတ် ၇ နေရာ၌ ဖော်ပြခံရခြင်းသည်၂၀၁၆ ကထုတ်ပြန်ခဲ့သောစာရင်းတွင် နံပါတ် ၄ နေရာ၌ ဖော်ပြခံခဲ့ရခြင်းအောက် ၃
နေရာ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်ကမူ ထိုစာရင်းတွင် အာရှ၏ဈေးနှုန်းအကြီး
ဆုံးနေရာအား ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ဟောင်ကောင်တွင် ပရိဘောဂမပါသော အိပ်ခန်းသုံးခန်းပါ
တိုက်ခန်းတစ်ခန်းအတွက် ပျမ်းမျှငှားရမ်းခသည် ၁ လလျှင် အမေရိကန်ဒေါ်လာ ၁၀,၁၈၉
(စင်္ကာပူဒေါ်လာ ၁၄,၄၇၃) ဖြစ်သည်။
တိုကျိုနှင့် ဆိုးလ်တို့က ဒုတိယနှင့် တတိယနေရာများတွင် အသီးသီးရပ်တည်ခဲ့သည်။ထို့နောက် ယိုကိုဟားမားက
စတုတ္ထနေရာနှင့် ရှန်ဟိုင်းက ပဉ္စမနေရာနှင့် ပေကျင်းက
ဆဋ္ဌမနေရာတွင် ဖော်ပြခံခဲ့ရသည်။
စင်္ကာပူတွင် ပျမ်းမျှငှားရမ်းခသည် ၂၀၁၂ ခုနှစ်ကတည်းက သိသိသာသာ ကျဆင်းလာကြောင်း၊ ပြည်ပမှလာရောက်နေထိုင်သူများအကြား
ရေပန်းစားသောနေရာများရှိ ပရိဘောဂမပါသော အိပ်ခန်းသုံးခန်းပါ တိုက်ခန်းတစ်ခန်းအတွက် ပျမ်းမျှငှားရမ်းခသည်
၁ လလျှင် အမေရိကန်ဒေါ်လာ ၄,၅၃၅ (စင်္ကာပူဒေါ်လာ ၆,၄၄၃) ဖြစ်ကြောင်း ECAInternational ၏ ထိုစစ်တမ်းတွင် ဖော်ပြခဲ့သည်။
"စင်္ကာပူမှာ အိမ်ခြံမြေရောင်းလိုအားတွေတက်လာတာက အိမ်ရှင်တွေကို ငှားခတွေလျှော့ချစေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်" ဟု ECA International ၏ အာရှဒေသဆိုင်ရာဒါရိုက်တာ လီကွမ်းက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင်မူ နယူးယောက်က ဈေးအကြီးဆုံးဖြစ်ပြီး
ဥရောပတွင်လန်ဒန်ကဈေးအကြီးဆုံးနေရာကို ရယူထားဆဲဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com