လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ အထိပါ အိမ်ခြံမြေဈေးကောင်းမွန်လာနိုင်ကြောင်း အကျိုးဆောင်များကပြောသည်။
လက်ရှိ ရန်ကန်ုမြို့တွင် အသစ်ပြေးဆွဲနေသော
YBS ဘက်စ်ကားလိုင်းစနစ်ကြောင့် ယခင်ဘက်စ်ကားများ မရောက်ရှိသည့်နေရာများသို့ပါ ဘက်စ်ကားများရောက်ရှိလာပြီဖြစ်သောကြောင့်
အဆိုပါနေရာများတွင် အိမ်ခြံမြေ ဈေးကွက်
ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။
" ၂၀၁၇ ခုနှစ်မှာတော့ အိမ်ခြံမြေဈေးကွက်ကကောင်းလာမယ့် အလားအလာရှိနေပါတယ်။ ဒါအပြင် သံလျင်ဘက်ခြမ်းမှာတံတားအသစ်တစ်စင်းထပ်ထိုးသွားဖို့ စီမံကိန်းတစ်ခုနဲ့ ICT Park အသစ်တစ်ခုကိုထပ်မံတိုးချဲ့သွားမယ့် စီမံကိန်းတွေရှိနေပါတယ်။ Star City ဘက်ကလည်းကောင်းလာသလို သီလ၀ါစက်မှုဇုန်ကလည်း တအားကိုဖွံ့ဖွံ့ဖြိုးဖြိုးလုပ်နေတဲ့အပြင် လမ်းတွေလည်းချဲ့လာတာကြောင့်
လတ်တလောမှာတော့ သံလျင်ဘက်ခြမ်းအိမ်ခြံမြေဈေးကွက် က အကောင်းဆုံးဖြစ်လာနိုင်တယ် " ဟု
သာကေတမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးမြင့်တင်ကသုံးသပ်သည်။
YBS ဘက်စ်ကားလိုင်းစနစ်သည့် ယခင် လမ်းကြောင်းမရှိသောနေရာများ မြို့စွန်များ အထိပါ
ပြေးဆွဲမှုများပြားလာသောကြောင့် ယခင်သွားလာရခက်ခဲပြီး လူကြိုက်နည်းသည့် မြို့သစ်များမှာ
ဈေးသက်သာသောကြောင့်ဝယ်ယူနေထိုင်မည့်သူများပြားလာနိုင်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များကသုံးသပ်သည်။
" ပြည်သူတွေ မြို့ပြင်ဘက်ထွက်ပြီးနေထိုင်လာမယ်
ဆိုရင် မြို့ပြင်ဘက်ခြမ်းကအိမ်ခြံမြေဈေးနှုန်းတွေ အထိုက်အသင့်ကောင်းလာမယ်။ မြို့တွင်းမှာလည်း နိုင်ငံခြားသားတွေကိုဗဟိုပြုတဲ့
အငှားဈေးကွက်ကကောင်းမွန်လာနိုင်ပါတယ်။
အငှားကောင်းရင် အရောင်းအ၀ယ်လည်း ကောင်းလာနိုင်ပါတယ်" ဟု ပြည်ကြီးတံခွန် အိမ်ခြံမြေ အကျိုးဆောင် ဦးနေဇော်အောင်ကသူ၏ အမြင်ကိုပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com